
ဂါရတ်ဆောက်ဂိတ်ကဆန်မာရီနိုနှင့်ပွဲတွင် ဟယ်ရီကိန်းကိုလူစားလဲခြင်း
မပြုလုပ်ပါကဝိန်းရွန်းနီမိသားစုကသူ့ကိုဖုန်းဆက်သွယ်မှုပြုလုပ်လာလိမ့်မယ်လို့
ဟာသနှောပြောကြားလာပါတယ်။ အင်္ဂလန်အသင်းဟာမနေ့ညတုန်းက
ဆန်မာရီနိုကို၁၀-ဝဂိုးဖြင့်အနိုင်ရရှိကာကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ
အောင်မြင်ခဲ့ပါတယ်။အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ
ယင်းပွဲတွင်လေးဂိုးသွင်းယူခဲ့ပြီးအင်္ဂလန်အတွက်စုစုပေါင်း၄၈ဂိုးရှိသွားပြီဖြစ်ကာ
ဂယ်ရီလိုင်နီကာနှင့်အတူ အင်္ဂလန်သမိုင်းတွင်တတိယဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပါတယ်။
အသက်၂၈နှစ်ရှိစပါးစ်အသင်းခေါင်းဆောင်ဟာဒုတိယနေရာမှာ
ဆာဘော်လ်ဘီချာလ်တန်ရဲ့၄၉ဂိုးစံချိန်ကိုလိုက်မီဖို့၁ဂိုးသာလိုတော့သလို
အင်္ဂလန်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူထားတဲ့ဝိန်းရွန်းနီရဲ့
၅၃ဂိုးစံချိန်ကိုလည်းလိုက်မီရန်နီးကပ်လာပါတယ်။ကိန်းဟာဆန်မာရီနိုနှင့်
ပွဲတွင်ပွဲချိန်၆၃မိနစ်အထိသာကစားခဲ့ရပြီးလူစားလဲခြင်းခံခဲ့ရပါတယ်။
ဆောက်ဂိတ်ကဟယ်ရီကိန်းကိုလူစားမလဲလှယ်ပါကဝိန်းရွန်းနီနှင့်အပေါင်းအပါတို့က
သူ့ကိုဖုန်းဆက်ကာရန်မူလာနိုင်တာကြောင့်လူစားလဲလှယ်ခဲ့ခြင်းဖြစ်ကြောင်းဆိုလာပါတယ်။
ဆောက်ဂိတ်က “သူ့ကိုနောက်နာရီဝက်ဆက်ကစားခိုင်းရင်ကျွန်တော်တို့ကို
ဝိန်းရွန်းနီရဲ့မိသားစုကဖုန်းဆက်လာပါလိမ့်မယ်။သူ့ကအရမ်းဂိုးသွင်းကောင်းတဲ့သူ
တစ်ဦးပါ။ဒီညမှာသူ့ကိုအခွင့်အရေးပေးချင်တယ်။သူကလည်း
အခွင့်အရေးကိုအသုံးချခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ ဆန်မာရီနိုနှင့်ပွဲစဉ်တွင်၄ဂိုးသွင်းယူနိုင်ပြီးနောက်ယခုနှစ်တွင်အင်္ဂလန်အတွက်
သွင်းဂိုး၁၆ဂိုးအထိရှိလာကာအင်္ဂလန်သမိုင်းတွင်တစ်နှစ်အတွင်းနိုင်ငံတကာဂိုး
အများဆုံးသွင်းယူနိုင်တဲ့ကစားသမားအဖြစ်လည်းမှတ်တမ်းရေးထိုးနိုင်ခဲ့သလို
၁၉၉၃ခုနှစ်နောက်ပိုင်းတစ်ပွဲတည်းလေးဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။
zawgyi
သူ႔ကိုေနာက္နာရီဝက္ဆက္ကစားခိုင္းရင္ကြၽန္ေတာ္တို႔ကို ဝိန္း႐ြန္းနီရဲ႕မိသားစုကဖုန္းဆက္လာပါလိမ့္မယ္။ – ေဆာက္ဂိတ္
ဂါရတ္ေဆာက္ဂိတ္ကဆန္မာရီႏိုႏွင့္ပြဲတြင္ ဟယ္ရီကိန္းကိုလူစားလဲျခင္း
မျပဳလုပ္ပါကဝိန္း႐ြန္းနီမိသားစုကသူ႔ကိုဖုန္းဆက္သြယ္မႈျပဳလုပ္လာလိမ့္မယ္လို႔
ဟာသေႏွာေျပာၾကားလာပါတယ္။ အဂၤလန္အသင္းဟာမေန႔ညတုန္းက
ဆန္မာရီႏိုကို၁၀-ဝဂိုးျဖင့္အႏိုင္ရရွိကာကာတာကမာၻ႔ဖလားေျခစစ္ပြဲ
ေအာင္ျမင္ခဲ့ပါတယ္။အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာ
ယင္းပြဲတြင္ေလးဂိုးသြင္းယူခဲ့ၿပီးအဂၤလန္အတြက္စုစုေပါင္း၄၈ဂိုးရွိသြားၿပီျဖစ္ကာ
ဂယ္ရီလိုင္နီကာႏွင့္အတူ အဂၤလန္သမိုင္းတြင္တတိယဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာခဲ့ပါတယ္။
အသက္၂၈ႏွစ္ရွိစပါးစ္အသင္းေခါင္းေဆာင္ဟာဒုတိယေနရာမွာ
ဆာေဘာ္လ္ဘီခ်ာလ္တန္ရဲ႕၄၉ဂိုးစံခ်ိန္ကိုလိုက္မီဖို႔၁ဂိုးသာလိုေတာ့သလို
အဂၤလန္သမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့ဝိန္း႐ြန္းနီရဲ႕
၅၃ဂိုးစံခ်ိန္ကိုလည္းလိုက္မီရန္နီးကပ္လာပါတယ္။ကိန္းဟာဆန္မာရီႏိုႏွင့္
ပြဲတြင္ပြဲခ်ိန္၆၃မိနစ္အထိသာကစားခဲ့ရၿပီးလူစားလဲျခင္းခံခဲ့ရပါတယ္။
ေဆာက္ဂိတ္ကဟယ္ရီကိန္းကိုလူစားမလဲလွယ္ပါကဝိန္း႐ြန္းနီႏွင့္အေပါင္းအပါတို႔က
သူ႔ကိုဖုန္းဆက္ကာရန္မူလာႏိုင္တာေၾကာင့္လူစားလဲလွယ္ခဲ့ျခင္းျဖစ္ေၾကာင္းဆိုလာပါတယ္။
ေဆာက္ဂိတ္က “သူ႔ကိုေနာက္နာရီဝက္ဆက္ကစားခိုင္းရင္ကြၽန္ေတာ္တို႔ကို
ဝိန္း႐ြန္းနီရဲ႕မိသားစုကဖုန္းဆက္လာပါလိမ့္မယ္။သူ႔ကအရမ္းဂိုးသြင္းေကာင္းတဲ့သူ
တစ္ဦးပါ။ဒီညမွာသူ႔ကိုအခြင့္အေရးေပးခ်င္တယ္။သူကလည္း
အခြင့္အေရးကိုအသုံးခ်ခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။ဟယ္ရီကိန္းဟာ
ဆန္မာရီႏိုႏွင့္ပြဲစဥ္တြင္၄ဂိုးသြင္းယူႏိုင္ၿပီးေနာက္ယခုႏွစ္တြင္အဂၤလန္အတြက္
သြင္းဂိုး၁၆ဂိုးအထိရွိလာကာအဂၤလန္သမိုင္းတြင္တစ္ႏွစ္အတြင္းႏိုင္ငံတကာဂိုး
အမ်ားဆုံးသြင္းယူႏိုင္တဲ့ကစားသမားအျဖစ္လည္းမွတ္တမ္းေရးထိုးႏိုင္ခဲ့သလို
၁၉၉၃ခုႏွစ္ေနာက္ပိုင္းတစ္ပြဲတည္းေလးဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာပါတယ္။