သူ့ကိုအနားပေးဖို့ ဆိုးလ်ရှားကိုတောင်းဆိုမှာမဟုတ်တဲ့ မက်ဂွိုင်းယား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူနောက်ခံလူမက်ဂွိုင်းယားဟာ ခြေစွမ်းပိုင်းအရ ဝေဖန်မေးခွန်းထုတ်စရာဖြစ်နေပေမယ့် ပွဲတွေကနေ သူ့ကို ခေတ္တအနားပေးဖို့ နည်းပြဆိုးလ်ရှားကို တောင်းဆိုသွားဖို့ ရည်ရွယ်ထားခြင်းမရှိကြောင်း သိရပါတယ်။ အဲဒီကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူဟာ ကွင်းတွင်းကွင်းပြင် သူ့အတွက် ခက်ခဲကြမ်းတမ်းတဲ့ ၃ လတာကာလကို ဖြတ်သန်းခဲ့ရတာပါ။

ပြီးခဲ့တဲ့သြဂုတ် ဂရိကိုအပန်းဖြေခရီးထွက်စဉ် ကြုံတွေ့ခဲ့ရတဲ့ ဂရိရဲတွေနဲ့ ပြသနာကြောင့် သူဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရသလို သူ့ရဲ့ကွင်းထဲကခြေစွမ်းဟာလည်း ရာသီစတည်းက ဝေဖန်မှုတွေနဲ့ အပြင်းအထန်ရင်ဆိုင်ခဲ့ရတာပါ။ ဒိန်းမတ်နဲ့ပွဲက အနီကတ်ဟာ ဒီရာသီ သူ့ရဲ့ရုန်းကန်နေရမှုကို ပိုမိုထင်ရှားသွားစေခဲ့ပါတယ်။

ဒါကြောင့်မို့လည်း မန်ယူနောက်ခံလူဟောင်းရီယိုဖာဒီနန်က အခုလိုအချိန်မှာ မက်ဂွိုင်းယားကို ပွဲတွေကနေ ခဏအနားပေးလိုက်မယ်ဆိုရင် အကျိုးရှိလိမ့်မယ်လို့ အကြံပြုစကားပြောလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမန်ယူအသင်းခေါင်းဆောင်က ပွဲတွေက် ခဏနားဖို့ကို စဉ်းစားထားခြင်းမရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဒီအတွက် ခက်ခဲတဲ့အချိန်တွေမှာ မက်ဂွိုင်းယားကို အမြဲထောက်ခံခဲ့တဲ့ နည်းပြဆိုးလ်ရှားဟာ ဒီဗဟိုနောက်ခံလူကို ခဏအနားပေး၊မပေး ဆုံးဖြတ်ရတော့မှာပါ။ မန်ယူဟာ လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာ အရေးပါတဲ့ပွဲကြီးပွဲကောင်းတွေကို ကစားရတော့မှာဖြစ်ကာ ကစားသမားတွေအနေနဲ့ အအကောင်းဆုံးပုံစံရှိဖို့ လိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သူ႔ကိုအနားေပးဖုိ႔ ဆုိးလ္ရွားကိုေတာင္းဆုိမွာမဟုတ္တဲ့ မက္ဂြိဳင္းယား

မန္ယူေနာက္ခံလူမက္ဂြိဳင္းယားဟာ ေျခစြမ္းပိုင္းအရ ေ၀ဖန္ေမးခြန္းထုတ္စရာျဖစ္ေနေပမယ့္ ပြဲေတြကေန သူ႔ကို ေခတၱအနားေပးဖုိ႔ နည္းျပဆုိးလ္ရွားကို ေတာင္းဆုိသြားဖုိ႔ ရည္ရြယ္ထားျခင္းမရိွိေၾကာင္း သိရပါတယ္။ အဲဒီကမာၻ႔ေစ်းအႀကီးဆုံးေနာက္ခံလူဟာ ကြင္းတြင္းကြင္းျပင္ သူ႔အတြက္ ခက္ခဲၾကမ္းတမ္းတဲ့ ၃ လတာကာလကို ျဖတ္သန္းခဲ့ရတာပါ။

ၿပီးခဲ့တဲ့ၾသဂုတ္ ဂရိကိုအပန္းေျဖခရီးထြက္စဥ္ ႀကဳံေတြ႔ခဲ့ရတဲ့ ဂရိရဲေတြနဲ႔ ျပသနာေၾကာင့္ သူဟာ စိတ္ပိုင္းဆုိင္ရာ ထိခုိက္ခံစားခဲ့ရသလုိ သူ႔ရဲ႕ကြင္းထဲကေျခစြမ္းဟာလည္း ရာသီစတည္းက ေ၀ဖန္မႈေတြနဲ႔ အျပင္းအထန္ရင္ဆုိင္ခဲ့ရတာပါ။ ဒိန္းမတ္နဲ႔ပြဲက အနီကတ္ဟာ ဒီရာသီ သူ႔ရဲ႕ရုန္းကန္ေနရမႈကို ပိုမိုထင္ရွားသြားေစခဲ့ပါတယ္။

ဒါေၾကာင့္မို႔လည္း မန္ယူေနာက္ခံလူေဟာင္းရီယိုဖာဒီနန္က အခုလိုအခ်ိန္မွာ မက္ဂြိဳင္းယားကို ပြဲေတြကေန ခဏအနားေပးလိုက္မယ္ဆိုရင္ အက်ိဳးရွိလိမ့္မယ္လုိ႔ အႀကံျပဳစကားေျပာလာခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီမန္ယူအသင္းေခါင္းေဆာင္က ပြဲေတြက္ ခဏနားဖုိ႔ကို စဥ္းစားထားျခင္းမရွိေၾကာင္း Daily Mail သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

ဒီအတြက္ ခက္ခဲတဲ့အခ်ိန္ေတြမွာ မက္ဂြိဳင္းယားကို အၿမဲေထာက္ခံခဲ့တဲ့ နည္းျပဆုိးလ္ရွားဟာ ဒီဗဟိုေနာက္ခံလူကို ခဏအနားေပး၊မေပး ဆုံးျဖတ္ရေတာ့မွာပါ။ မန္ယူဟာ လာမယ့္ရက္သတၱပတ္ေတြအတြင္းမွာ အေရးပါတဲ့ပြဲႀကီးပြဲေကာင္းေတြကို ကစားရေတာ့မွာျဖစ္ကာ ကစားသမားေတြအေနနဲ႔ အအေကာင္းဆုံးပုံစံရွိဖုိ႔ လုိပါတယ္။