သူ့ကို ပရိသတ်တွေက လှောင်ပြောင်တဲ့အသံတွေကိုတောင် အရမ်းလွမ်းနေရပြီလို့ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ကွင်းထဲမှာရှိနေရတဲ့ ခံစားချက်ကို ဖွင့်ဟတဲ့ စီရော်နယ်ဒို

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တစ်သက်နဲ့ တစ်ကိုယ် တစ်ယောက်နဲ့ တစ်ယောက်ခပ်ခွာခွာနေထိုင်ရမယ့် ကာလမျိုး၊ ဆူညံပွတ်လောရိုက်နေတဲ့ လမ်းမထက်တွေ ခြောက်ကပ်သွားတာမျိုးတွေဖြစ်လာမယ်လို့ ဘယ်သူမှထင်ခဲ့ကြမှာ မဟုတ်ပါဘူး။ ဘောလုံးလောကလည်း အဲဒီလိုပါပဲ စည်းမျဉ်းစည်းကမ်း အသစ်တွေနဲ့ ကန်နေကြရပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ပရိသတ်မပါဘဲပွဲတွေ ကစားရတာဟာ ပျင်းဖို့ကောင်းတယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပမှာ ဘောလုံးပွဲစဉ်တွေကို ပွဲကြည့်ပရိသတ်မပါဘဲ ကျင်းပနေခဲ့ရတာဖြစ်ပါတယ်။ ကိုဗစ်ရောဂါခံစားရပြီးနောက် ပရိသတ်မပါတဲ့အခြေအနေနဲ့ ရင်းနှီးအောင် လုပ်ဆောင်နေခဲ့ရတာပါ။

2020 Globe Awards ကနေ ပေးအပ်ခဲ့တဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးဘောလုံးသမားဆုကို လက်ခံရရှိခဲ့တဲ့ ရော်နယ်ဒိုက ဆုရယူပြီးနောက်မှာ ကွင်းထဲကအကြောင်းကိစ္စနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်တွေကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ရော်နယ်ဒိုက “အရှင်းဆုံးပြောရရင်တော့ ကျွန်တော်အတွက် ပရိသတ်တွေ တစ်ယောက်မှ မရှိတဲ့ ကွင်းအတွင်းမှာ ဘောလုံးကစားရတာက ပျင်းရိစရာကောင်းတယ်လို့ ထင်မြင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးက စည်းမျဉ်းစည်းကမ်းတွေအားလုံးကို လေးစားလျက်ရှိသလို၊ ကျန်းမာရေးကသာ အားလုံးအတွက် အရေးအကြီးဆုံးအရာဆိုတာကိုလည်း သိထားပါတယ်”

“ဒါပေမယ့် ကျွန်တော်ကတော့ ပရိသတ်တွေ မပါဝင်ဘဲကစားရတာကို လုံးဝမနှစ်သက်ပါဘူး။ ဘောလုံးကို ကျွန်တော်ချစ်မြတ်နိုးပါတယ်။ ဘောလုံးက ကျွန်တော့်ဘဝပါ။ ကျွန်တော်ရဲ့မိသားစု တွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေအားလုံးအတွက် ဘောလုံးကစားနေတာပါ။ ကျွန်တော့်ကို ပရိသတ်တွေက လှောင်ပြောင်တာကိုလည်း ကျွန်တော်သဘောကျပါတယ်။”

“လာမယ့် ၂၀၂၁ခုနှစ်မှာတော့ စည်းမျဉ်းတွေ ပြောင်းလဲလာပြီး ကွင်းအတွင်း ပရိသတ်အပြည့်ကို ပြန်လည်မြင်တွေ့ရဖို့ကို ကျွန်တော့်အနေနဲ့ မျှော်လင့်မိပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ဆုရရှိတာနဲ့ ပတ်သက်လို့ “ကလေးတွေက ကျွန်တော့်ကိုကြည့်ပြီး အတုယူကြသလို ကျွန်တော့် ဆံပင်ပုံစံတွေလည်း လိုက်အတုခိုးကြပါတယ်။

သူတို့က ကျွန်တော့်စကေးလိုလည်း လေ့ကျင့်ကြပါတယ်။ ကလေးတွေ အတွက် အခုလို အတုယူစရာကစားသမားတစ်ဦးဖြစ်ရတာ အရမ်းကျေနပ်ပါတယ်။

အဲဒီအတွက်လည်း အရမ်းကို ပျော်ပါတယ်”လို့ ရော်နယ်ဒိုကပြောဆိုပါသေးတယ်။

လက်ရှိမှာတော့ ရော်နယ်ဒိုဟာ ခရစ်စမတ် အားလပ်ရက်ကြောင့် အနားယူနေပြီး လာမယ့် ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့မှသာ စီးရီးအေပွဲစဉ်တွေကို ပြန်လည်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ စီးရီးအေမှာ သူတစ်ခါမှ မရယူဖူးသေးတဲ့ စီးရီးအေဂိုးသွင်းအများဆုံးဆုကို ပိုင်ဆိုင်နိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႔ကို ပရိသတ္ေတြက ေလွာင္ေျပာင္တဲ့အသံေတြကိုေတာင္ အရမ္းလြမ္းေနရၿပီလို႔ တိတ္ဆိတ္ေျခာက္ကပ္ေနတဲ့ ကြင္းထဲမွာရွိေနရတဲ့ ခံစားခ်က္ကို ဖြင့္ဟတဲ့ စီေရာ္နယ္ဒို

တစ္သက္နဲ႔ တစ္ကိုယ္ တစ္ေယာက္နဲ႔ တစ္ေယာက္ခပ္ခြာခြာေနထိုင္ရမယ့္ ကာလမ်ိဳး၊ ဆူညံပြတ္ေလာ႐ိုက္ေနတဲ့ လမ္းမထက္ေတြ ေျခာက္ကပ္သြားတာမ်ိဳးေတြျဖစ္လာမယ္လို႔ ဘယ္သူမွထင္ခဲ့ၾကမွာ မဟုတ္ပါဘူး။ ေဘာလုံးေလာကလည္း အဲဒီလိုပါပဲ စည္းမ်ဥ္းစည္းကမ္း အသစ္ေတြနဲ႔ ကန္ေနၾကရပါတယ္။ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေရာ္နယ္ဒိုကေတာ့ ပရိသတ္မပါဘဲပြဲေတြ ကစားရတာဟာ ပ်င္းဖို႔ေကာင္းတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဥေရာပမွာ ေဘာလုံးပြဲစဥ္ေတြကို ပြဲၾကည့္ပရိသတ္မပါဘဲ က်င္းပေနခဲ့ရတာျဖစ္ပါတယ္။ ကိုဗစ္ေရာဂါခံစားရၿပီးေနာက္ ပရိသတ္မပါတဲ့အေျခအေနနဲ႔ ရင္းႏွီးေအာင္ လုပ္ေဆာင္ေနခဲ့ရတာပါ။ 2020 Globe Awards ကေန ေပးအပ္ခဲ့တဲ့ ဆယ္စုႏွစ္ရဲ႕အေကာင္းဆုံးေဘာလုံးသမားဆုကို လက္ခံရရွိခဲ့တဲ့ ေရာ္နယ္ဒိုက ဆုရယူၿပီးေနာက္မွာ ကြင္းထဲကအေၾကာင္းကိစၥနဲ႔ပတ္သက္ၿပီး သူရဲ႕ခံစားခ်က္ေတြကို ဖြင့္ဟေျပာဆိုလာခဲ့ပါတယ္။

ေရာ္နယ္ဒိုက “အရွင္းဆုံးေျပာရရင္ေတာ့ ကြၽန္ေတာ္အတြက္ ပရိသတ္ေတြ တစ္ေယာက္မွ မရွိတဲ့ ကြင္းအတြင္းမွာ ေဘာလုံးကစားရတာက ပ်င္းရိစရာေကာင္းတယ္လို႔ ထင္ျမင္မိပါတယ္။ဒါေပမယ့္ ကြၽန္ေတာ္တို႔အားလုံးက စည္းမ်ဥ္းစည္းကမ္းေတြအားလုံးကို ေလးစားလ်က္ရွိသလို၊ က်န္းမာေရးကသာ အားလုံးအတြက္ အေရးအႀကီးဆုံးအရာဆိုတာကိုလည္း သိထားပါတယ္”

“ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ပရိသတ္ေတြ မပါဝင္ဘဲကစားရတာကို လုံးဝမႏွစ္သက္ပါဘူး။ ေဘာလုံးကို ကြၽန္ေတာ္ခ်စ္ျမတ္ႏိုးပါတယ္။ ေဘာလုံးက ကြၽန္ေတာ့္ဘဝပါ။ ကြၽန္ေတာ္ရဲ႕မိသားစု ေတြ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ ပရိသတ္ေတြအားလုံးအတြက္ ေဘာလုံးကစားေနတာပါ။ ကြၽန္ေတာ့္ကို ပရိသတ္ေတြက ေလွာင္ေျပာင္တာကိုလည္း ကြၽန္ေတာ္သေဘာက်ပါတယ္။”

“လာမယ့္ ၂၀၂၁ခုႏွစ္မွာေတာ့ စည္းမ်ဥ္းေတြ ေျပာင္းလဲလာၿပီး ကြင္းအတြင္း ပရိသတ္အျပည့္ကို ျပန္လည္ျမင္ေတြ႕ရဖို႔ကို ကြၽန္ေတာ့္အေနနဲ႔ ေမွ်ာ္လင့္မိပါတယ္” လို႔ ေျပာဆိုလာခဲ့ပါတယ္။ဒါ့အျပင္ ဆုရရွိတာနဲ႔ ပတ္သက္လို႔ “ကေလးေတြက ကြၽန္ေတာ့္ကိုၾကည့္ၿပီး အတုယူၾကသလို ကြၽန္ေတာ့္ ဆံပင္ပုံစံေတြလည္း လိုက္အတုခိုးၾကပါတယ္။ သူတို႔က ကြၽန္ေတာ့္စေကးလိုလည္း ေလ့က်င့္ၾကပါတယ္။ ကေလးေတြ အတြက္ အခုလို အတုယူစရာကစားသမားတစ္ဦးျဖစ္ရတာ အရမ္းေက်နပ္ပါတယ္။ အဲဒီအတြက္လည္း အရမ္းကို ေပ်ာ္ပါတယ္”လို႔ ေရာ္နယ္ဒိုကေျပာဆိုပါေသးတယ္။

လက္ရွိမွာေတာ့ ေရာ္နယ္ဒိုဟာ ခရစ္စမတ္ အားလပ္ရက္ေၾကာင့္ အနားယူေနၿပီး လာမယ့္ ၂၀၂၁ခုႏွစ္ ဇန္နဝါရီလ(၄)ရက္ေန႔မွသာ စီးရီးေအပြဲစဥ္ေတြကို ျပန္လည္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ စီးရီးေအမွာ သူတစ္ခါမွ မရယူဖူးေသးတဲ့ စီးရီးေအဂိုးသြင္းအမ်ားဆုံးဆုကို ပိုင္ဆိုင္ႏိုင္ဖို႔ အေျခအေနေကာင္းေနပါတယ္။