သူ့ကို ပွဲကစားချိန် များများရစေချင်လို့ အငှားထွက် ကစားခိုင်းထားတာပါ။ ဒီအတိုင်းဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း တစ်ခုခုတော့ လုပ်ရပါတော့မယ် – ဆိုးလ်ရှား

ပယ်လစ္စထရီကို စာချုပ်ဖျက်သိမ်းပြီး အသင်းထံ ပြန်လည်ခေါ်ယူဖို့လုပ်နေပါတယ်။

ပယ်လစ္စထရီကို ပွဲထွက်ချိန် များများရပြီး အတွေ့အကြုံ ရင့်ကျက်လာစေဖို့အတွက် နည်းပြဆိုးလ်ရှားက အငှားထွက်ကစားစေဖို့ စေလွှတ်ခဲ့တာဖြစ်ပေမယ့် အဆိုပါ လူငယ် ကစားသမားဟာ အလာဗက်စ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပါတယ်။

ပယ်လစ္စထရီကို အငှားချစဉ်က မန်ယူအသင်း နဲ့ အလာဗက်စ်အသင်း တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်အရ မိနစ်ပေါင်း (၁၀၀၀၀) ခန့် ကစားခွင့် ပေးရမယ်ဆိုတဲ့အချက်ပါဝင်နေပြီး

ဒီဇင်ဘာလမတိုင်ခင်ထိ ထို သတ်မှတ်ထားတဲ့ အချိန်ပမာဏလောက် ကစားခွင့်မရခဲ့ပါ အသင်းထံ ပြန်လည်ခေါ်ယူခွင့်ရှိတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားတာဖြစ်ပါတယ်။

ပယ်လစ္စထရီဟာ လက်ရှိအချိန်အထိတော့ အလာဗက်စ်အသင်းအတွက် စုစုပေါင်း (၁၉၅) မိနစ်သာ ကစားခွင့်ရထားသေးတာဖြစ်ပါတယ်။

” ဒီချာတိတ်အကြောင်း ကောင်းကောင်းသိတယ်။ သူက တိုးတက်လာမယ့် ကစားသမားပါ။

သူ့ကို ပွဲကစားချိန် များများရစေချင်လို့ အငှားထွက် ကစားခိုင်းထားတာပါ။ ဒီအတိုင်းဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း တစ်ခုခုတော့ လုပ်ရပါတော့မယ်” လို့ နည်းပြဆိုးလ်ရှားက ၎င်းရဲ့ ကစားသမားနဲ့ ပတ်သက်ပြီး ပြောဆိုထားပါတယ်။

မန်ယူအသင်းဟာ လောလောဆယ်မှာတော့ ပယ်လစ္စထရီကို အသင်းထံ အရင်ဆုံးပြန်ခေါပြီးမှ ၎င်းအတွက် သင့်တော်မယ့် အသင်းသစ် တစ်သင်းကို ထပ်မံရှာဖွေပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

Zawgyi

ကြၽန္ေတာ္တို႔ဘက္ကလည္း တစ္ခုခုေတာ့ လုပ္ရပါေတာ့မယ္ – ဆိုးလ္ရွား
သူ႔ကို ပြဲကစားခ်ိန္ မ်ားမ်ားရေစခ်င္လို႔ အငွားထြက္ ကစားခိုင္းထားတာပါ။
ဒီအတိုင္းဆိုရင္ေတာ့ ပယ္လစၥထရီကို စာခ်ဳပ္ဖ်က္သိမ္းၿပီး အသင္းထံ ျပန္လည္ေခၚယူဖို႔လုပ္ေနပါတယ္။

ပယ္လစၥထရီကို ပြဲထြက္ခ်ိန္ မ်ားမ်ားရၿပီး အေတြ႕အႀကဳံ ရင့္က်က္လာေစဖို႔အတြက္ နည္းျပဆိုးလ္ရွားက အငွားထြက္ကစားေစဖို႔ ေစလႊတ္ခဲ့တာျဖစ္ေပမယ့္ အဆိုပါ လူငယ္ ကစားသမားဟာ အလာဗက္စ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနပါတယ္။

ပယ္လစၥထရီကို အငွားခ်စဥ္က မန္ယူအသင္း နဲ႔ အလာဗက္စ္အသင္း တို႔ၾကား ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါ အခ်က္အလက္အရ မိနစ္ေပါင္း (၁၀၀၀၀) ခန႔္ ကစားခြင့္ ေပးရမယ္ဆိုတဲ့အခ်က္ပါဝင္ေနၿပီး

ဒီဇင္ဘာလမတိုင္ခင္ထိ ထို သတ္မွတ္ထားတဲ့ အခ်ိန္ပမာဏေလာက္ ကစားခြင့္မရခဲ့ပါ အသင္းထံ ျပန္လည္ေခၚယူခြင့္ရွိတယ္ဆိုတဲ့ အခ်က္ကို ထည့္သြင္းထားတာျဖစ္ပါတယ္။

ပယ္လစၥထရီဟာ လက္ရွိအခ်ိန္အထိေတာ့ အလာဗက္စ္အသင္းအတြက္ စုစုေပါင္း (၁၉၅) မိနစ္သာ ကစားခြင့္ရထားေသးတာျဖစ္ပါတယ္။

” ဒီခ်ာတိတ္အေၾကာင္း ေကာင္းေကာင္းသိတယ္။ သူက တိုးတက္လာမယ့္ ကစားသမားပါ။

သူ႔ကို ပြဲကစားခ်ိန္ မ်ားမ်ားရေစခ်င္လို႔ အငွားထြက္ ကစားခိုင္းထားတာပါ။ ဒီအတိုင္းဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ဘက္ကလည္း တစ္ခုခုေတာ့ လုပ္ရပါေတာ့မယ္” လို႔ နည္းျပဆိုးလ္ရွားက ၎ရဲ႕ ကစားသမားနဲ႔ ပတ္သက္ၿပီး ေျပာဆိုထားပါတယ္။

မန္ယူအသင္းဟာ ေလာေလာဆယ္မွာေတာ့ ပယ္လစၥထရီကို အသင္းထံ အရင္ဆုံးျပန္ေခါၿပီးမွ ၎အတြက္ သင့္ေတာ္မယ့္ အသင္းသစ္ တစ္သင္းကို ထပ္မံရွာေဖြေပးသြားမွာျဖစ္တယ္လို႔သိရပါတယ္။