သူ့ကို ရီးရဲလ်ကမ်းလှမ်းစဉ်တုန်းက မက်ဆီရဲ့ခက်ထန်တဲ့တုံ့ပြန်မှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၁၃ တုန်းက မက်ဆီသာ ကျော်ကြားလှတဲ့ရီးရဲလ်ရဲ့အဖြူရောင်ဂျာစီကိုသာ ဝတ်ဆင်လိုက်မယ်ဆိုရင် ဘောလုံးသမိုင်းကြောင်းဟာ အရမ်းကိုကွဲပြားခြားနားသွားမှာပါ။ အီတလီဂျာနယ်လစ်ဒီမာဇီယို ရေးသားထုတ်ေ၀ စာအုပ်သစ်အရဆိုရင် မက်ဆီရဲ့ရီးရဲလ်အပြောင်းအရွှေ့ဟာ ဖြစ်သွားနိုင်တဲ့အနေအထားမှာ ရှိခဲ့တာပါ။

အဲဒီအာဂျင်တီးနားကြယ်ပွင့်ဟာ ရီးရဲလ်ဥက္ကဌပီရက်ဇ်ရဲ့အိပ်မက်ခေါ်ယူမှုတွေထဲက တစ်ယောက်ဖြစ်ပြီး သူဟာ မက်ဆီကို ယူရိုသန်း ၂၅၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာပါ။ အဲဒါဟာ ဘောလုံးဈေးကွက်နဲ့ပတ်သက်ပြီး မသိရသေးတဲ့ဇာတ်လမ်းတွေထဲက တစ်ပုဒ်ပါပဲ။

၂၀၁၃ နွေရာသီအပြောင်းအရွှေ့တုန်းကဖြစ်ပြီး အဲဒီအချိန်တုန်းက ရီးရဲလ်ဟာ မက်ဆီရဲ့အခြေအနေကိုသိရဖို့ ဘာစီလိုနာဆီ ကိုယ်စားလှယ်တွေစေလွှတ်ခဲ့ပါတယ်။ မက်ဆီကို တစ်ပတ်ယူရို ၄ သိန်းခွဲပေးဖို့ ရည်မှန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကစားသမားက ”ကျုပ် ရီးရဲလ်ကိုသွားမှာ မဟုတ်ဘူး။ ခင်ဗျားတို့က အချိန်တွေဖြုန်းနေတာပဲ”လို့ ပြန်ပြောလွတ်ခဲ့ပါတယ်။ ဒီမာဇီယိုရဲ့စာအုပ်ထဲမှာ ရေးထားမှုအရဆိုရင် မက်ဆီဟာ သူ့အတွက် ကမ်းလှမ်းမယ့် မက်လောက်ဖွယ်ငွေကြေးပမာဏကိုတောင် မကြားချင်ခဲ့ဘူးလို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

သူ႔ကို ရီးရဲလ္ကမ္းလွမ္းစဥ္တုန္းက မက္ဆီရဲ႕ခက္ထန္တဲ့တုံ႔ျပန္မႈ

၂၀၁၃ တုန္းက မက္ဆီသာ ေက်ာ္ၾကားလွတဲ့ရီးရဲလ္ရဲ႕အျဖဴေရာင္ဂ်ာစီကုိသာ ၀တ္ဆင္လုိက္မယ္ဆုိရင္ ေဘာလုံးသမိုင္းေၾကာင္းဟာ အရမ္းကိုကြဲျပားျခားနားသြားမွာပါ။ အီတလီဂ်ာနယ္လစ္ဒီမာဇီယို ေရးသားထုတ္ေ၀ စာအုပ္သစ္အရဆုိရင္ မက္ဆီရဲ႕ရီးရဲလ္အေျပာင္းအေရႊ႕ဟာ ျဖစ္သြားႏိုင္တဲ့အေနအထားမွာ ရွိခဲ့တာပါ။

အဲဒီအာဂ်င္တီးနားၾကယ္ပြင့္ဟာ ရီးရဲလ္ဥကၠဌပီရက္ဇ္ရဲ႕အိပ္မက္ေခၚယူမႈေတြထဲက တစ္ေယာက္ျဖစ္ၿပီး သူဟာ မက္ဆီကို ယူရိုသန္း ၂၅၀ နဲ႔ ေခၚယူဖုိ႔ ျပင္ဆင္ခဲ့တာပါ။ အဲဒါဟာ ေဘာလုံးေစ်းကြက္နဲ႔ပတ္သက္ၿပီး မသိရေသးတဲ့ဇာတ္လမ္းေတြထဲက တစ္ပုဒ္ပါပဲ။

၂၀၁၃ ေႏြရာသီအေျပာင္းအေရႊ႕တုန္းကျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက ရီးရဲလ္ဟာ မက္ဆီရဲ႕အေျခအေနကုိသိရဖုိ႔ ဘာစီလိုနာဆီ ကိုယ္စားလွယ္ေတြေစလႊတ္ခဲ့ပါတယ္။ မက္ဆီကို တစ္ပတ္ယူရို ၄ သိန္းခြဲေပးဖုိ႔ ရည္မွန္းခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ကစားသမားက ”က်ဳပ္ ရီးရဲလ္ကုိသြားမွာ မဟုတ္ဘူး။ ခင္ဗ်ားတို႔က အခ်ိန္ေတြျဖဳန္းေနတာပဲ”လို႔ ျပန္ေျပာလြတ္ခဲ့ပါတယ္။ ဒီမာဇီယိုရဲ႕စာအုပ္ထဲမွာ ေရးထားမႈအရဆုိရင္ မက္ဆီဟာ သူ႔အတြက္ ကမ္းလွမ္းမယ့္ မက္ေလာက္ဖြယ္ေငြေၾကးပမာဏကိုေတာင္ မၾကားခ်င္ခဲ့ဘူးလို႔ သိရပါတယ္။