သူ့ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ ကားလ်ဒါလိုးကို ပင်နန်ဒက်စ် ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ စနေနေ့က နယူးကာဆယ်ကို ၄ဂိုး၊ ၁ဂိုးနဲ့ ဂိုးပြတ်နိုင်တဲ့ပွဲမှာ သူ့ပင်နယ်တီကန်ချက်ကို ကာကွယ်သွားတဲ့ ပြိုင်ဘက် ဂိုးသမား ကားလ်ဒါလိုးကို ချီးကျူးသွားပါတယ်။

ကားလ်ဒါလိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးကာကွယ်မှုအများဆုံးဂိုးသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ပွဲမတိုင်ခင်အထိ စုစုပေါင်း ဂိုးကာကွယ်မှု အကြိမ် ၂၀ရှိပါတယ်။ စပါးနဲ့ တစ်ဂိုးစီ သရေကျတဲ့တစ်ပွဲတည်းမှာတင် ကာကွယ်မှု ၁၁ကြိမ်ရှိခဲ့ပါတယ်။ အခုလည်း ပရီးမီးယားလိဂ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကို ကာကွယ်နိုင်တဲ့ ပထမဆုံးဂိုးသမားလည်းဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီလက မန်ချက်စတာယူနိုက်တက်ကို ပြောင်းလာပြီးနောက်ပိုင်း ဘရူနိုဖာနန်ဒက်စ်ဟာ ပင်နယ်တီကနေ ၁၀ ဂိုးရခဲ့ပြီး “ပင်နန်ဒက်စ်” လို့တောင် အမည်တွင်ခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီကနေ ရာနှုန်းပြည့်ဂိုးသွင်းနိုင်တဲ့ သူ့မှတ်တမ်းက ကားလ်ဒါလိုးနဲ့အတွေ့မှာတော့ ရပ်တန့်သွားပါတယ်။

ဒါကြောင့်လည်း ဖာနန်ဒက်စ်က “သူ့ကို ဂုဏ်ပြုလိုပါတယ်၊ သူဟာ ပရီးမီးယားလိဂ်မှာ ကျွန်တော်ကန်သွင်းတဲ့ ပင်နယ်တီကို ပထမဆုံးအကြိမ်ကာကွယ်နိုင်တဲ့ဂိုးသမားဖြစ်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ပင်နယ်တီကနေ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ၈၆ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။ အဲဒီပွဲမှာ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကလည်း တစ်ဂိုးသွင်းခဲ့ပြီး ဒီလိုဂိုးသွင်းနိုင်တဲ့အပေါ် မန်ချက်စတာယူနိုက်တက် အဝတ်လဲခန်းထဲ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရတဲ့အကြောင်းလည်း ဖာနန်ဒက်စ်က ပြောပြပါသေးတယ်။

“သူဒီလိုကန်နိုင်မယ်လို့ ကျွန်တော်တို့ မထင်ထားတဲ့အတွက် အရမ်းကို ပျော်စရာဖြစ်ခဲ့ပါတယ်။ အဝတ်လဲခန်းထဲမှာ သူ့ရဲ့သွင်းဂိုးအကြောင်းကို အခုအထိ ပြောနေကြတုန်းပါပဲ”လို့ ဖာနန်ဒက်စ်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႔ပင္နယ္တီကို ကာကြယ္ႏိုင္ခဲ့တဲ့ ကားလ္ဒါလိုးကို ပင္နန္ဒက္စ္ ခ်ီးက်ဴး

မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္ဟာ စေနေန႔က နယူးကာဆယ္ကို ၄ဂိုး၊ ၁ဂိုးနဲ႔ ဂိုးျပတ္ႏိုင္တဲ့ပြဲမွာ သူ႔ပင္နယ္တီကန္ခ်က္ကို ကာကြယ္သြားတဲ့ ၿပိဳင္ဘက္ ဂိုးသမား ကားလ္ဒါလိုးကို ခ်ီးက်ဴးသြားပါတယ္။

ကားလ္ဒါလိုဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ဂိုးကာကြယ္မႈအမ်ားဆံုးဂိုးသမားျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္နဲ႔ပြဲမတိုင္ခင္အထိ စုစုေပါင္း ဂိုးကာကြယ္မႈ အႀကိမ္ ၂၀ရွိပါတယ္။ စပါးနဲ႔ တစ္ဂိုးစီ သေရက်တဲ့တစ္ပြဲတည္းမွာတင္ ကာကြယ္မႈ ၁၁ႀကိမ္ရွိခဲ့ပါတယ္။ အခုလည္း ပရီးမီးယားလိဂ္မွာ ဘရူႏိုဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီကို ကာကြယ္ႏိုင္တဲ့ ပထမဆံုးဂိုးသမားလည္းျဖစ္ခဲ့ပါတယ္။

ဇန္န၀ါရီလက မန္ခ်က္စတာယူႏုိက္တက္ကို ေျပာင္းလာၿပီးေနာက္ပိုင္း ဘရူႏိုဖာနန္ဒက္စ္ဟာ ပင္နယ္တီကေန ၁၀ ဂိုးရခဲ့ၿပီး “ပင္နန္ဒက္စ္” လို႔ေတာင္ အမည္တြင္ခဲ့ပါတယ္။ ဒါေပမယ့္ ပင္နယ္တီကေန ရာႏႈန္းျပည့္ဂိုးသြင္းႏိုင္တဲ့ သူ႔မွတ္တမ္းက ကားလ္ဒါလိုးနဲ႔အေတြ႔မွာေတာ့ ရပ္တန္႔သြားပါတယ္။

ဒါေၾကာင့္လည္း ဖာနန္ဒက္စ္က “သူ႔ကို ဂုဏ္ျပဳလိုပါတယ္၊ သူဟာ ပရီးမီးယားလိဂ္မွာ ကၽြန္ေတာ္ကန္သြင္းတဲ့ ပင္နယ္တီကို ပထမဆံုးအႀကိမ္ကာကြယ္ႏိုုင္တဲ့ဂိုးသမားျဖစ္ခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ပင္နယ္တီကေန ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ ၈၆ မိနစ္မွာ မန္ခ်က္စတာယူႏုိက္တက္အတြက္ အေ၇းပါတဲ့ ဦးေဆာင္ဂိုးကို ျပန္သြင္းေပးခဲ့ပါတယ္။ အဲဒီပြဲမွာ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာကလည္း တစ္ဂိုးသြင္းခဲ့ၿပီး ဒီလိုဂိုးသြင္းႏိုင္တဲ့အေပၚ မန္ခ်က္စတာယူႏုိက္တက္ အ၀တ္လဲခန္းထဲ မယံုၾကည္ႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ရတဲ့အေၾကာင္းလည္း ဖာနန္ဒက္စ္က ေျပာျပပါေသးတယ္။

“သူဒီလိုကန္ႏိုင္မယ္လို႔ ကၽြန္ေတာ္တို႔ မထင္ထားတဲ့အတြက္ အရမ္းကို ေပ်ာ္စရာျဖစ္ခဲ့ပါတယ္။ အ၀တ္လဲခန္းထဲမွာ သူ႔ရဲ႕သြင္းဂိုးအေၾကာင္းကို အခုအထိ ေျပာေနၾကတုန္းပါပဲ”လို႔ ဖာနန္ဒက္စ္က ေျပာပါတယ္။