သူ့ဘဝဟာပင်ပန်းဆင်းရဲခဲ့ပြီး စီရော်နယ်ဒိုနဲ့တွေ့ပြီးမှသာ ဘဝအပြောင်းအလဲဖြစ်သွားခဲ့တာလို့ ဆိုလိုက်တဲ့ ဂျော်ဂျီနာ

မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အတူနေချစ်သူဖြစ်တဲ့

ဂျော်ဂျီနာရိုဒရီဂွက်ဇ်က သူ့ဘဝဟာပင်ပန်းဆင်းရဲခဲ့ပြီး

စီရော်နယ်ဒိုနဲ့တွေ့ပြီးမှသာ ဘဝအပြောင်းအလဲဖြစ်သွားခဲ့တာလို့ ဆိုလိုက်ပါတယ်။

မကြာခင်ထုတ်လွှင့် Netflix မယ့် သူရဲ့ docu-series ထဲမှာ

ဂျော်ဂျီနာက အခုလိုပြောလိုက်တာဖြစ်ပြီး

မက်ဒရစ်မြို့ကိုရောက်ရှိလာချိန်မှာတစ်လကိုပေါင် ၂၅၀ သာပေးရတဲ့

အခန်းမှာသာနေခဲ့ရတာလို့လည်းဖွင့်ဟပါတယ်။

အသက် ၂၇ နှစ်ရှိတဲ့အာဂျင်တီးနားသူ ဂျော်ဂျီနာ ကသူ့မှာပိုက်ဆံမရှိတဲ့အတွက်

နေတဲ့အခန်းမှာ အပူပေးစနစ်ရော၊ အဲကွန်း ရောမတတ်နိုင်ခဲ့လို့

ရေခဲတမျှအေးလှတဲ့ဆောင်းရာသီနဲ့ နွေရာသီတို့မှာ

ခက်ခဲမှုတွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဂျော်ဂျီနာဟာ သူမရဲ့ဆယ်ကျော်သက်ဘဝနှောင်းပိုင်းမှာ

မက်ဒရစ်မြို့ကိုတစ်ယောက်ထဲထွက်လာခဲ့သူဖြစ်ပြီး အရောင်းဆိုင်တစ်ခုမှာ

လက်ထောက်အရောင်းစာရေးအဖြစ် လုပ်ဆောင်ခဲ့ရသူဖြစ်ပါတယ်။

ဂျော်ဂျီနာက” မက်ဒရစ်ကိုကျွန်မရောက်ခဲ့မှုက သိပ်ကိုဆိုးရွားပါတယ်။

နေဖို့အတွက်ဈေးပေါတဲ့တိုက်ခန်းတွေအများကြီးကိုလိုက်ကြည့်ခဲ့ရတာပါ။

တစ်လကိုပေါင် ၂၅၀ ဝန်းကျင်တန်လောက်ပေါ့။

နောက်ဆုံးတော့လည်း စတိုခန်းတစ်ခုကိုအပြောင်းအလဲလုပ်ထားတဲ့

တိုက်ခန်းတစ်ခုကိုရလိုက်တာပေါ့။ အဲကွန်းနဲ့အပူပေးစနစ်တွေကို

ပိုက်ဆံမတတ်နိုင်လို့ မတတ်ဆင်နိုင်တဲ့အတွက်

ဆောင်းတွင်းနဲ့နွေမှာဆိုအရမ်းကို ဒုက္ခရောက်တာပေါ့။

စီရော်နယ်ဒိုနဲ့တွေ့ပြီးမှသာ ကျွန်မဘဝပြောင်းလဲသွားခဲ့ရတာပါ” လို့ပြောသွားပါတယ်။

ဂျော်ဂျီနာဟာ မက်ဒရစ်မြို့မှာရှိတဲ့ Gucci စတိုးဆိုင်မှာတစ်နာရီကို

၁၀ ပေါင်ရတဲ့အရောင်းစာရေးမအဖြစ်ဝင်ရောက်လုပ်ကိုင်နေတုန်းမှာ

စီရော်နယ်ဒိုနဲ့တွေ့ပြီးချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ docu-series ထဲမှာတော့အပြည့်အစုံပါဝင်မှာဖြစ်ပြီး

စီရော်နယ်ဒိုရဲ့ ကားအကောင်းစားရှေ့ကနေဖြတ်လျှောက်သွားမိတာတွေ၊

သူနှစ်သက်တဲ့ ဘဲလေးအက ကိုလေ့ကျင့်ခဲ့ပုံတွေအပါအဝင်

သူတို့နှစ်ယောက်အကြောင်းတွေကို အစုံအလင်ဖော်ပြထားပါတယ်။

သူ့ရဲ့ Followers သန်း ၃၀ ရှိတဲ့အင်စတာဂရမ်မှာလည်း

ပင်ပန်းဆင်းရဲခဲ့တဲ့ ဆယ်ကျော်သက်ဘဝကနေ

အခုလိုရွှေဘုံပေါ်စံနေရတဲ့အကြောင်းကို မိတ်ဆက်ခဲ့ပြီး

docu-series ထဲမှာပါတာတွေကအစဘဲရှိသေးတယ်လို့ ဆိုခဲ့ပါတယ်။

ဒီ docu-series မှာအပိုင်း ၆ ခုပါဝင်မှာဖြစ်ပြီး သူမရဲ့ ၂၈ နှစ်ပြည့်မွေးနေ့ဖြစ်တဲ့

ဇန်နဝါရီ ၂၇ မှာစတင်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

zawgyi

သူ႔ဘဝဟာပင္ပန္းဆင္းရဲခဲ့ၿပီး စီေရာ္နယ္ဒိုနဲ႔ေတြ႕ၿပီးမွသာ ဘဝအေျပာင္းအလဲျဖစ္သြားခဲ့တာလို႔ ဆိုလိုက္တဲ့ ေဂ်ာ္ဂ်ီနာ

မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုရဲ႕ အတူေနခ်စ္သူျဖစ္တဲ့

ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္က သူ႔ဘဝဟာပင္ပန္းဆင္းရဲခဲ့ၿပီး

စီေရာ္နယ္ဒိုနဲ႔ေတြ႕ၿပီးမွသာ ဘဝအေျပာင္းအလဲျဖစ္သြားခဲ့တာလို႔ ဆိုလိုက္ပါတယ္။

မၾကာခင္ထုတ္လႊင့္ Netflix မယ့္ သူရဲ႕ docu-series ထဲမွာ

ေဂ်ာ္ဂ်ီနာက အခုလိုေျပာလိုက္တာျဖစ္ၿပီး

မက္ဒရစ္ၿမိဳ႕ကိုေရာက္ရွိလာခ်ိန္မွာတစ္လကိုေပါင္ ၂၅၀ သာေပးရတဲ့

အခန္းမွာသာေနခဲ့ရတာလို႔လည္းဖြင့္ဟပါတယ္။

အသက္ ၂၇ ႏွစ္ရွိတဲ့အာဂ်င္တီးနားသူ ေဂ်ာ္ဂ်ီနာ ကသူ႔မွာပိုက္ဆံမရွိတဲ့အတြက္

ေနတဲ့အခန္းမွာ အပူေပးစနစ္ေရာ၊ အဲကြန္း ေရာမတတ္ႏိုင္ခဲ့လို႔

ေရခဲတမွ်ေအးလွတဲ့ေဆာင္းရာသီနဲ႔ ေႏြရာသီတို႔မွာ

ခက္ခဲမႈေတြရွိခဲ့တယ္လို႔လည္း ဆိုပါတယ္။

ေဂ်ာ္ဂ်ီနာဟာ သူမရဲ႕ဆယ္ေက်ာ္သက္ဘဝေႏွာင္းပိုင္းမွာ

မက္ဒရစ္ၿမိဳ႕ကိုတစ္ေယာက္ထဲထြက္လာခဲ့သူျဖစ္ၿပီး အေရာင္းဆိုင္တစ္ခုမွာ

လက္ေထာက္အေရာင္းစာေရးအျဖစ္ လုပ္ေဆာင္ခဲ့ရသူျဖစ္ပါတယ္။

ေဂ်ာ္ဂ်ီနာက” မက္ဒရစ္ကိုကြၽန္မေရာက္ခဲ့မႈက သိပ္ကိုဆိုး႐ြားပါတယ္။

ေနဖို႔အတြက္ေဈးေပါတဲ့တိုက္ခန္းေတြအမ်ားႀကီးကိုလိုက္ၾကည့္ခဲ့ရတာပါ။

တစ္လကိုေပါင္ ၂၅၀ ဝန္းက်င္တန္ေလာက္ေပါ့။

ေနာက္ဆုံးေတာ့လည္း စတိုခန္းတစ္ခုကိုအေျပာင္းအလဲလုပ္ထားတဲ့

တိုက္ခန္းတစ္ခုကိုရလိုက္တာေပါ့။ အဲကြန္းနဲ႔အပူေပးစနစ္ေတြကို

ပိုက္ဆံမတတ္ႏိုင္လို႔ မတတ္ဆင္ႏိုင္တဲ့အတြက္

ေဆာင္းတြင္းနဲ႔ေႏြမွာဆိုအရမ္းကို ဒုကၡေရာက္တာေပါ့။

စီေရာ္နယ္ဒိုနဲ႔ေတြ႕ၿပီးမွသာ ကြၽန္မဘဝေျပာင္းလဲသြားခဲ့ရတာပါ” လို႔ေျပာသြားပါတယ္။

ေဂ်ာ္ဂ်ီနာဟာ မက္ဒရစ္ၿမိဳ႕မွာရွိတဲ့ Gucci စတိုးဆိုင္မွာတစ္နာရီကို

၁၀ ေပါင္ရတဲ့အေရာင္းစာေရးမအျဖစ္ဝင္ေရာက္လုပ္ကိုင္ေနတုန္းမွာ

စီေရာ္နယ္ဒိုနဲ႔ေတြ႕ၿပီးခ်စ္ႀကိဳက္ခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕ docu-series ထဲမွာေတာ့အျပည့္အစုံပါဝင္မွာျဖစ္ၿပီး

စီေရာ္နယ္ဒိုရဲ႕ ကားအေကာင္းစားေရွ႕ကေနျဖတ္ေလွ်ာက္သြားမိတာေတြ၊

သူႏွစ္သက္တဲ့ ဘဲေလးအက ကိုေလ့က်င့္ခဲ့ပုံေတြအပါအဝင္

သူတို႔ႏွစ္ေယာက္အေၾကာင္းေတြကို အစုံအလင္ေဖာ္ျပထားပါတယ္။

သူ႔ရဲ႕ Followers သန္း ၃၀ ရွိတဲ့အင္စတာဂရမ္မွာလည္း

ပင္ပန္းဆင္းရဲခဲ့တဲ့ ဆယ္ေက်ာ္သက္ဘဝကေန

အခုလိုေ႐ႊဘုံေပၚစံေနရတဲ့အေၾကာင္းကို မိတ္ဆက္ခဲ့ၿပီး

docu-series ထဲမွာပါတာေတြကအစဘဲရွိေသးတယ္လို႔ ဆိုခဲ့ပါတယ္။

ဒီ docu-series မွာအပိုင္း ၆ ခုပါဝင္မွာျဖစ္ၿပီး သူမရဲ႕ ၂၈ ႏွစ္ျပည့္ေမြးေန႔ျဖစ္တဲ့

ဇန္နဝါရီ ၂၇ မွာစတင္ထုတ္လႊင့္သြားမွာျဖစ္ပါတယ္။