သူ့ရဲ့အကြိုက်ဆုံးဂိုးသွင်းရမှုမှာ ဂျော်ဂျီနာနဲ့ ချစ်တင်းနှောရမှုသာဖြစ်ကြောင်းဆိုလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
မန်ချက်စတာယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုက
ကာလရှည်ကြာချစ်ကြိုက်လာခဲ့တဲ့ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့်
ချစ်တင်းနှောရမှုကသူ့ရဲ့အကြိုက်ဆုံးဂိုးသွင်းရမှုဖြစ်ကြောင်းဆိုလာပါတယ်။
Ballon d’Or ဆုငါးကြိမ်ရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၅ခုနှစ်တုန်းက
ငါးနှစ်ကြာလက်တွဲလာတဲ့ ရုရှားမော်ဒယ်အိုင်ရီနာရှက်ခ်နဲ့
လမ်းခွဲလိုက်ပြီးတဲ့နောက် ၂၀၁၆ခုနှစ်မှာဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့
တွေ့ဆုံချစ်ကြိုက်လာခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့စပိန်မော်ဒယ်တို့ဟာ၂၀၁၇ခုနှစ်မှာပထမကလေးအဖြစ်
အေလာနာမာတီနာကိုရရှိခဲ့ပြီး အောက်တိုဘာလတုန်းက
သူတို့မိသားစုထဲသို့အမြွာပူးလေးရောက်လာတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာခရစ္စတီယာနိုဂျူနီယာ၊အီဗာနှင့်မာတီယိုတို့ကို
အမေမဖော်ဘဲမွေးဖွားထားတာဖြစ်ပါတယ်။၂၀၁၈ခုနှစ်တုန်းက
ခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာ
ရီးရဲလ်မက်ဒရစ်အတွက် Sublime Overhead Kick ဖြင့် လှပတဲ့ဂိုးသွင်းယူခဲ့ပါတယ်။
ယင်းဂိုးသွင်းပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုကို ဂျူဗင်တပ်ပရိသတ်များကပါ
မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။
ITV မှ ပီယာမော်ဂန်နှင့်အင်တာဗျူးတွင် ခရစ္စတီယာနိုရော်နယ်ဒိုက
ဂျူဗင်တပ်နှင့်ပွဲစဉ်မှဂိုးမှာ ရိုရီဂွက်ဇ်နှင့်ဂိုးသွင်းရတဲ့အတွေ့အကြုံကို
မနှိုင်းယှဉ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုက “ငါ့ရဲ့ဂျီယို(ဂျော်ဂျီနာ)နဲ့မနှိုင်းယှဉ်နဲ့၊လုံးဝ၊လုံးဝပဲ။
နှစ်ပေါင်းများစွာဒီဂိုးကိုသွင်းဖို့ ကြိုးစားလာခဲ့တာပါ။
ဂိုးပေါင်း၇၀၀ အထက်သွင်းပြီးပြီ။ဒါပေမဲ့ဒါမျိုးတော့မသွင်းဖူးဘူး။
Bicycle Kick နဲ့ ဂိုးသွင်းနိုင်ပြီလို့ ထင်တယ်။လှလိုက်တဲ့ခုန်ချက်ဗျာ။
ဂျူဗင်တပ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဘူဖွန်ကိုသွင်းနိုင်ခဲ့တာလေ။
တကယ့်ကိုလှတဲ့ဂိုးပါ”လို့ပြောကြားသွားပါတယ်။
zawgyi