သူ့ရဲ့အမှားအတွက် တာဝန်ယူတောင်းပန်လိုက်တဲ့ ပေါ့ဂ်ဘာ

အာဆင်နယ်နဲ့တနင်္ဂနွေညပရီးမီးယားလိဂ်ပွဲက အဆုံးအဖြတ်ဖြစ်စေမယ့် ပင်နယ်တီပေးလိုက်ရမှုက သူ့ရဲ့မိုက်မဲတဲ့အမှားအတွက် မန်ယူကွင်းလယ်လူပေါ့ဂ်ဘာဟာ တာဝန်ယူတောင်းပန်လိုက်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့အဲဒီပွဲမှာ အာဆင်နယ်ရသွားခဲ့တဲ့တစ်လုံးတည်းသောအနိုင်ဂိုးက ပေါ့ဂ်ဘာရဲ့ဖျက်ထုတ်မှုကနေ ရသွားခဲ့တဲ့ပင်နယ်တီကနေ ဖြစ်ပါတယ်။

သူဟာ ဒုတိယပိုင်းမှာ မန်ယူပင်နယ်တီဧရိယာစည်းအတွင်း အာဆင်နယ်နောက်ခံလူဘယ်လာရင်ကို သေသပ်မှုမရှိတဲ့ဖျက်ထုတ်မှုပြုလုပ်ခဲ့ကာ အဲဒီကရတဲ့ ပင်နယ်တီကို အာဆင်နယ်တိုက်စစ်မှုး အူဘာမီယန်က ကန်သွင်းသွားခဲ့တာပါ။

ဒီအတွက် ပေါ့ဂ်ဘာဟာ ဆိုးလ်ရှားလက်ထက်မှာ ပင်နယ်တီ ၃ ခါတောင် ခွင့်ပြုခဲ့ရပါတယ်။ ဘယ်မန်ယူကစားသမားကမှ သူ့လောက် ပင်နယ်တီပေးရခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း ပွဲအပြီးမှာပေါ့ဂ်ဘာက”ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်တစ်ခုဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်ကိုယ်တိုင် ဒီလိုအမှားမျိုးကို မလုပ်သင့်ပါဘူး။ ဘောလုံးကို ထိတယ်လို့ ကျွန်တော်ထင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒါက မထိခဲ့ဘဲ ပင်နယ်တီဖြစ်သွားပါတယ်။ ဒီမိုက်မဲတဲ့အမှားကို ကျွန်တော်လုပ်ခဲ့တာပါ။ အဲဒါကနေ ကျွန်တော်သင်ယူသွားမှာပါ။ ကျွန်တော်က ဧရိယာထဲမှာ ခံစစ်ပိုင်းအကောင်းဆုံးစွမ်းဆောင်နိုင်သူ မဟုတ်ပါဘူး။ အသင်းရော ကျွန်တော်ကိုင်တိုင်ပါ ပိုကောင်းအောင်လုပ်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Zawgyi

သူ႔ရဲ႕အမွားအတြက္ တာ၀န္ယူေတာင္းပန္လုိက္တဲ့ ေပါ့ဂ္ဘာ

အာဆင္နယ္နဲ႔တနဂၤေႏြညပရီးမီးယားလိဂ္ပြဲက အဆုံးအျဖတ္ျဖစ္ေစမယ့္ ပင္နယ္တီေပးလိုက္ရမႈက သူ႔ရဲ႕မိုက္မဲတဲ့အမွားအတြက္ မန္ယူကြင္းလယ္လူေပါ့ဂ္ဘာဟာ တာ၀န္ယူေတာင္းပန္လုိက္ပါတယ္။

အိုးလ္ထရက္ဖုိ႔ဒ္မွာကစားခဲ့တဲ့အဲဒီပြဲမွာ အာဆင္နယ္ရသြားခဲ့တဲ့တစ္လုံးတည္းေသာအႏိုင္ဂိုးက ေပါ့ဂ္ဘာရဲ႕ဖ်က္ထုတ္မႈကေန ရသြားခဲ့တဲ့ပင္နယ္တီကေန ျဖစ္ပါတယ္။

သူဟာ ဒုတိယပိုင္းမွာ မန္ယူပင္နယ္တီဧရိယာစည္းအတြင္း အာဆင္နယ္ေနာက္ခံလူဘယ္လာရင္ကို ေသသပ္မႈမရွိတဲ့ဖ်က္ထုတ္မႈျပဳလုပ္ခဲ့ကာ အဲဒီကရတဲ့ ပင္နယ္တီကို အာဆင္နယ္တုိက္စစ္မႈး အူဘာမီယန္က ကန္သြင္းသြားခဲ့တာပါ။

ဒီအတြက္ ေပါ့ဂ္ဘာဟာ ဆုိးလ္ရွားလက္ထက္မွာ ပင္နယ္တီ ၃ ခါေတာင္ ခြင့္ျပဳခဲ့ရပါတယ္။ ဘယ္မန္ယူကစားသမားကမွ သူ႔ေလာက္ ပင္နယ္တီေပးရျခင္း မရွိခဲ့ပါဘူး။

ဒါေၾကာင့္လည္း ပြဲအၿပီးမွာေပါ့ဂ္ဘာက”ညံ႔ဖ်င္းတဲ့စြမ္းေဆာင္ရည္တစ္ခုဆုိတာ ကၽြန္ေတာ္သိပါတယ္။ ကၽြန္ေတာ္ကိုယ္တုိင္ ဒီလိုအမွားမ်ိဳးကို မလုပ္သင့္ပါဘူး။ ေဘာလုံးကို ထိတယ္လုိ႔ ကၽြန္ေတာ္ထင္ခဲ့တာပါ။ ဒါေပမဲ့ အဲဒါက မထိခဲ့ဘဲ ပင္နယ္တီျဖစ္သြားပါတယ္။ ဒီမိုက္မဲတဲ့အမွားကို ကၽြန္ေတာ္လုပ္ခဲ့တာပါ။ အဲဒါကေန ကၽြန္ေတာ္သင္ယူသြားမွာပါ။ ကၽြန္ေတာ္က ဧရိယာထဲမွာ ခံစစ္ပိုင္းအေကာင္းဆုံးစြမ္းေဆာင္ႏိုင္သူ မဟုတ္ပါဘူး။ အသင္းေရာ ကၽြန္ေတာ္ကိုင္တိုင္ပါ ပိုေကာင္းေအာင္လုပ္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။