သူ့ရဲ့ နိုင်ငံ့ လက်ရွေးစင် သွင်းဂိုး စံချိန်ကို လိုက်မှီသွားတဲ့ ရော်နယ်ဒိုကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ အလီဒါယီ

ဂျုဗင်တပ် တိုက်စစ်မူှး ရော်နယ်ဒိုဟာ မနေ့ညက ပြင်သစ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို အုပ်စု နောက်ဆုံး ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး သွင်းယူခဲ့ပြီးတဲ့နောက် လက်ရွေးစင် သွင်းဂိုး အများဆုံး ပူးတွဲ ကစားသမား ဖြစ်လာနိုင်ခဲ့ပါတယ်။

ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ သွင်းဂိုး (၁၀၉) ဂိုးနဲ့ လက်ရွေးစင် သွင်းဂိုး အများဆုံး အမျိုးသား ဘောလုံး ကစားသမား အဖြစ် စံချိန်ရေးထိုးခဲ့တဲ့ အလီဒါယီရဲ့ နိုင်ငံ့ သွင်းဂိုး စံချိန်ကို အမှီလိုက်နိုင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

တိုက်စစ်မှူး ရော်နယ်ဒိုကတော့ နိုင်ငံ့ လက်ရွေးစင် ပွဲစဉ် (၁၇၆) ပွဲ ကစားထားရာမှာ နိုင်ငံ့ လက်ရွေးစင် သွင်းဂိုး (၁၀၉) ဂိုး သွင်းယူထားလို့ နိုင်ငံ့ လက်ရွေးစင် သွင်းဂိုး အများဆုံး ဖြစ်လာဖို့ နောက်ထပ် (၁) ဂိုးပဲ လိုတော့တာပါ။

ပေါ်တူဂီအသင်းဟာ ရော်နယ်ဒိုရဲ့ ပင်နယ်တီ သွင်းဂိုး (၂) ဂိုးကြောင့် ပြင်သစ်အသင်းနဲ့ တစ်ဖက်ဂိုး နှစ်ဂိုးစီနဲ့ (၂-၂) သရေကျခဲ့ပြီး အုပ်စု (အက်ဖ်) ကနေ ယူရို (၁၆) သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

လက်ရှိ ယူရို အုပ်စု အက်ဖ်မှာတော့ အသင်း (၄) သင်းထဲကနေ (၃) သင်းက နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ပြီး အုပ်စုဗိုလ် အဖြစ် ပြင်သစ်က ရမှတ် (၅) မှတ်နဲ့ တက်လှမ်းပြီး ကျန်တဲ့ နှစ်သင်းက ဂျာမနီ နဲ့ ပေါ်တူဂီ ဖြစ်ပါတယ်။

အီရန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း အလီဒါယီကတော့ သူ့ရဲ့ လက်ရွေးစင် သွင်းဂိုး အများဆုံး စံချိန်ကို လိုက်မှီသွားခဲ့တဲ့ ဂျုဗင်တပ် နဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကို အင်စတာဂရမ်မှာ ဂုဏ်ပြုပေးသွားခဲ့ပါတယ်။

အင်စတာဂရမ်မှာ အလီဒါယီက “ရော်နယ်ဒိုကို ဂုဏ်ပြုပါတယ်။ သူက နိုင်ငံ့ လက်ရွေးစင် သွင်းဂိုး အများဆုံး အမျိုးသား ဘောလုံး ကစားသမား စံချိန်ကို ရိုက်ချိုးဖို့ သွင်းဂိုး (၁) ဂိုးပဲ လိုပါတော့တယ်။ ဒီလို ကြီးမြတ်လှတဲ့ အောင်မြင်မှုက ရော်နယ်ဒိုနဲ့ သက်ဆိုင်သွားတော့မှာ ဖြစ်တာကြောင့် ကျွန်တော် အင်မတန် ဂုဏ်ယူမိပါတယ်”

“ရော်နယ်ဒိုကတော့ ဘောလုံး လောကမှာ ကြီးမားတဲ့ ချန်ပီယံ ဖြစ်ပြီး ကမ္ဘာ တစ်ဝှမ်းမှာ လူတွေရဲ့ ဘဝတွေကို အားရှိစေသလို သက်ရောက်မှုတွေလည်း ရှိစေနိုင်တဲ့ လူသား တစ်ဦး ဖြစ်ပါတယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

 

Zawgyi

သူ႔ရဲ႕ ႏိုင္ငံ သြင္းဂိုး စံခ်ိန္ကို လိုက္မွီသြားတဲ့ ေရာ္နယ္ဒိုကို ခ်ီးက်ဴးဂုဏ္ျပဳလိုက္တဲ့ အလီဒါယီ

ဂ်ဳဗင္တပ္ တိုက္စစ္မူွး ေရာ္နယ္ဒိုဟာ မေန႔ညက ျပင္သစ္အသင္းနဲ႔ ကစားခဲ့တဲ့ ယူ႐ို အုပ္စု ေနာက္ဆုံး ပြဲစဥ္မွာ သြင္းဂိုး (၂) ဂိုး သြင္းယူခဲ့ၿပီးတဲ့ေနာက္ လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး ပူးတြဲ ကစားသမား ျဖစ္လာႏိုင္ခဲ့ပါတယ္။

ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ သြင္းဂိုး (၁၀၉) ဂိုးနဲ႔ လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး အမ်ိဳးသား ေဘာလုံး ကစားသမား အျဖစ္ စံခ်ိန္ေရးထိုးခဲ့တဲ့ အလီဒါယီရဲ႕ ႏိုင္ငံ့ သြင္းဂိုး စံခ်ိန္ကို အမွီလိုက္ႏိုင္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

တိုက္စစ္မႉး ေရာ္နယ္ဒိုကေတာ့ ႏိုင္ငံ့ လက္ေ႐ြးစင္ ပြဲစဥ္ (၁၇၆) ပြဲ ကစားထားရာမွာ ႏိုင္ငံ့ လက္ေ႐ြးစင္ သြင္းဂိုး (၁၀၉) ဂိုး သြင္းယူထားလို႔ ႏိုင္ငံ့ လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး ျဖစ္လာဖို႔ ေနာက္ထပ္ (၁) ဂိုးပဲ လိုေတာ့တာပါ။

ေပၚတူဂီအသင္းဟာ ေရာ္နယ္ဒိုရဲ႕ ပင္နယ္တီ သြင္းဂိုး (၂) ဂိုးေၾကာင့္ ျပင္သစ္အသင္းနဲ႔ တစ္ဖက္ဂိုး ႏွစ္ဂိုးစီနဲ႔ (၂-၂) သေရက်ခဲ့ၿပီး အုပ္စု (အက္ဖ္) ကေန ယူ႐ို (၁၆) သင္း ရႈံးထြက္အဆင့္ကို တက္လွမ္းသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

အီရန္ လက္ေ႐ြးစင္ တိုက္စစ္မႉးေဟာင္း အလီဒါယီကေတာ့ သူ႔ရဲ႕ လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး စံခ်ိန္ကို လိုက္မွီသြားခဲ့တဲ့ ဂ်ဳဗင္တပ္ နဲ႔ ေပၚတူဂီ တိုက္စစ္မႉး ေရာ္နယ္ဒိုကို အင္စတာဂရမ္မွာ ဂုဏ္ျပဳေပးသြားခဲ့ပါတယ္။

အင္စတာဂရမ္မွာ အလီဒါယီက “ေရာ္နယ္ဒိုကို ဂုဏ္ျပဳပါတယ္။ သူက ႏိုင္ငံ့ လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး အမ်ိဳးသား ေဘာလုံး ကစားသမား စံခ်ိန္ကို ႐ိုက္ခ်ိဳးဖို႔ သြင္းဂိုး (၁) ဂိုးပဲ လိုပါေတာ့တယ္။ ဒီလို ႀကီးျမတ္လွတဲ့ ေအာင္ျမင္မႈက ေရာ္နယ္ဒိုနဲ႔ သက္ဆိုင္သြားေတာ့မွာ ျဖစ္တာေၾကာင့္ ကြၽန္ေတာ္ အင္မတန္ ဂုဏ္ယူမိပါတယ္”

“ေရာ္နယ္ဒိုကေတာ့ ေဘာလုံး ေလာကမွာ ႀကီးမားတဲ့ ခ်န္ပီယံ ျဖစ္ၿပီး ကမာၻ တစ္ဝွမ္းမွာ လူေတြရဲ႕ ဘဝေတြကို အားရွိေစသလို သက္ေရာက္မႈေတြလည္း ရွိေစႏိုင္တဲ့ လူသား တစ္ဦး ျဖစ္ပါတယ္”လို႔ ေရးသားခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ ယူ႐ို အုပ္စု အက္ဖ္မွာေတာ့ အသင္း (၄) သင္းထဲကေန (၃) သင္းက ေနာက္တစ္ဆင့္ကို တက္လွမ္းခဲ့ၿပီး အုပ္စုဗိုလ္ အျဖစ္ ျပင္သစ္က ရမွတ္ (၅) မွတ္နဲ႔ တက္လွမ္းၿပီး က်န္တဲ့ ႏွစ္သင္းက ဂ်ာမနီ နဲ႔ ေပၚတူဂီ ျဖစ္ပါတယ္။