သူ့ရဲ့ အိုင်ဒေါနဲ့ တစ်သင်းထဲမှာ အတူရှိနေရလို့ ပျော်ရွှင်နေတဲ့ ပယ်လစ်စထရီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပယ်လစ်စထရီ က မန်ချက်စတာ ယူနိူက်တက်အသင်းမှာ မားကတ် ရက်ဖို့ဒ် ၊ ပေါလ် ပေါ့ဘာ ၊ ဂျူအန် မာတာ ၊ ကာဗာနီတို့နဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခွင့်ရတာဟာ သူ့အတွက် အံ့သြသင့်ဖို့ကောင်းကြောင်း MUTV နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အသက် ( ၁၈ ) နှစ်အရွယ် လူငယ် ကစားသမားဟာ ဥရုဂွေး ကလပ် Penarol ကနေ ပြောင်းရွေ့ကြေး ပေါင် ( ၉ ) သန်းနဲ့ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာပြီး ယူ-၂၁နဲ့ ယူ-၂၃ လူငယ်အသင်းတွေမှာ ကစားနေခဲ့ပြီး အသင်းကြီးမှာ ပါဝင်ကစားခွင့်ရနိုင်ဖို့ နဲ့ အင်္ဂလန် မြေနဲ့ အသားကျဖို့ ပြင်ဆင်နေပါတယ်။

လူငယ်ကစားသမားတစ်ဦးအနေနဲ့ ထူးချွန်တဲ့ ခြေစွမ်းတွေပြသနေတဲ့ ဥရုဂွေး လူငယ်တောင်ပံကစားသမားဟာ ယူနိုက်တက် ယူ-၂၃ အသင်းမှာလည်း ခြေစွမ်းပြ ကစားနိုင်နေပြီး အသင်းကြီးနဲ့အတူ ပုံမှန်လေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်လျက်ရှိကာ အသင်းကြီးမှာ ပွဲထွက်ခွင့်ရဖို့ စောင့်ဆိုင်းလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက MUTV နဲ့ အင်တာဗျူးမှာ သူစံပြအဖြစ် သတ်မှတ်ထားတဲ့ အသင်းရဲ့ကစားသမား ( ၄ ) ဦးရဲ့အမည်ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ပယ်လစ်စထရီ က ” ကျွန်တော် ဒီမှာ အသားကျနေပါပြီ။ ဒီလိုအချိန်အတွင်းမှာ အင်္ဂလန်နဲ့ မတူညီတဲ့ဒေသက ရောက်လာတဲ့ ကျွန်တော့်အတွက် အသင်းနဲ့ အဆင်ပြေလာခဲ့ရတာဟာ ကျွန်တော့်ယူနိုက်တက်အသင်းဖော်တွေနဲ့ ဥရုဂွေးက ကျွန်တော့်မိသားစုတွေရဲ့ ကျေးဇူးကြောင့်ပါပဲ။ သူတို့တွေရဲ့ ပံ့ပိုးပေးမှုတွေကို တန်ဖိုးထားပါတယ်။ အခုအချိန်မှာတော့ ဒီနိုင်ငံက ကိုယ့်အိမ်လို ဖြစ်နေပါပြီ။ ”

“ကျွန်တော်က အသင်းမှာရှိတဲ့ တောင်အမေရိက ကစားသမားတွေနဲ့တော့ ပိုပြီးနီးစပ်မှု ရှိပါတယ်။ ဒါပေမယ့် အားလုံးနဲ့ အဆင်ပြေပါတယ်။ အသင်းဖော်အားလုံးက ကြင်နာမှုအပြည့်ရှိကြပါတယ်။ ကျွန်တော့်အပေါ် အရမ်းကောင်းတဲ့ သူတွေနဲ့ လည်း တွေခဲ့ရပါတယ်။ ” လို့ ပြောခဲ့ပါတယ်။

” ရက်ဖို့ဒ် ၊ ပေါ့ဘာ၊ မာတာတို့နဲ့အတူ လေ့ကျင့်ရတာက အံ့သြစရာကောင်းပါတယ်။

နောက်ပြီး ငယ်ငယ်ကတည်းက သဘောကြခဲ့ရတဲ့ ကာဗာနီနဲ့ပါ အတူလေ့ကျင့်ခန်းဆင်းရတော့ ပျော်တာပေါ့ဗျာ။ ကျွန်တော် TV မှာ စောင့်ကြည့်ခဲ့ရတဲ့သူတွေနဲ့ လက်ရှိမှာ အတူ လေ့ကျင့်ခွင့် ရနေပြီလေ။”

“ကာဗာနီနဲ့ စကားပြောတိုင်း သူက ကျွန်တော့်အပေါ်အရမ်းကောင်းပါတယ်။ ကျွန်တော့်နားမှာပဲ အမြဲရှိနေပြီး လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးလေ့ရှိပါတယ်။ ဒါက ကျွန်တော့်အတွက် အရမ်းအရေးပါတဲ့အချိန်တွေပါပဲ။ သူ့ရဲ့ ကူညီပေးမှုတွေနဲ့ ပတ်သက်လို့လည်း အရမ်းပဲ ပျော်ရွှင်မိပါတယ်။”

” သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲမှာ ပါဝင်သလို ဥရုဂွေး သမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။” ဆိုပြီး MUTV နဲ့ အင်တာဗျူးမှာ ပယ်လစ်စထရီ ကပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႕ရဲ႕ အိုင္ေဒါနဲ႔ တစ္သင္းထဲမွာ အတူရွိေနရလို႕ ေပ်ာ္ရႊင္ေနတဲ့ ပယ္လစ္စထရီ

ပယ္လစ္စထရီ က မန္ခ်က္စတာ ယူႏိူက္တက္အသင္းမွာ မားကတ္ ရက္ဖို႔ဒ္ ၊ ေပါလ္ ေပါ့ဘာ ၊ ဂ်ဴအန္ မာတာ ၊ ကာဗာနီတို႔နဲ႔အတူ ေလ့က်င့္ခန္း အစီအစဥ္မွာ ပါဝင္ခြင့္ရတာဟာ သူ႕အတြက္ အံ့ၾသသင့္ဖို႔ေကာင္းေၾကာင္း MUTV နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

အသက္ ( ၁၈ ) ႏွစ္အ႐ြယ္ လူငယ္ ကစားသမားဟာ ဥ႐ုေဂြး ကလပ္ Penarol ကေန ေျပာင္းေ႐ြ႕ေၾကး ေပါင္ ( ၉ ) သန္းနဲ႔ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာၿပီး ယူ-၂၁နဲ႔ ယူ-၂၃ လူငယ္အသင္းေတြမွာ ကစားေနခဲ့ၿပီး အသင္းႀကီးမွာ ပါဝင္ကစားခြင့္ရႏိုင္ဖို႕ နဲ႔ အဂၤလန္ ေျမနဲ႔ အသားက်ဖို႔ ျပင္ဆင္ေနပါတယ္။ လူငယ္ကစားသမားတစ္ဦးအေနနဲ႕ ထူးခြၽန္တဲ့ ေျခစြမ္းေတြျပသေနတဲ့ ဥ႐ုေဂြး လူငယ္ေတာင္ပံကစားသမားဟာ ယူႏိုက္တက္ ယူ-၂၃ အသင္းမွာလည္း ေျခစြမ္းျပ ကစားႏိုင္ေနၿပီး အသင္းႀကီးနဲ႔အတူ ပုံမွန္ေလ့က်င့္ခန္းအစီအစဥ္ေတြ ျပဳလုပ္လ်က္ရွိကာ အသင္းၾကီးမွာ ပြဲထြက္ခြင့္ရဖို႔ ေစာင့္ဆိုင္းလ်က္ရွိပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက MUTV နဲ႔ အင္တာဗ်ဴးမွာ သူစံျပအျဖစ္ သတ္မွတ္ထားတဲ့ အသင္းရဲ႕ကစားသမား ( ၄ ) ဦးရဲ႕အမည္ကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ပယ္လစ္စထရီ က ” ကြၽန္ေတာ္ ဒီမွာ အသားက်ေနပါၿပီ။ ဒီလိုအခ်ိန္အတြင္းမွာ အဂၤလန္နဲ႕ မတူညီတဲ့ေဒသက ေရာက္လာတဲ့ ကၽြန္ေတာ့္အတြက္ အသင္းနဲ႕ အဆင္ေျပလာခဲ့ရတာဟာ ကြၽန္ေတာ့္ယူႏိုက္တက္အသင္းေဖာ္ေတြနဲ႕ ဥ႐ုေဂြးက ကြၽန္ေတာ့္မိသားစုေတြရဲ႕ ေက်းဇူးေၾကာင့္ပါပဲ။ သူတို႕ေတြရဲ႕ ပံ့ပိုးေပးမႈေတြကို တန္ဖိုးထားပါတယ္။ အခုအခ်ိန္မွာေတာ့ ဒီႏိုင္ငံက ကိုယ့္အိမ္လို ျဖစ္ေနပါၿပီ။ ကၽြန္ေတာ္က အသင္းမွာရွိတဲ့ ေတာင္အေမရိက ကစားသမားေတြနဲ႔ေတာ့ ပိုၿပီးနီးစပ္မႈ ရွိပါတယ္။ ဒါေပမယ့္ အားလုံးနဲ႔ အဆင္ေျပပါတယ္။ အသင္းေဖာ္အားလုံးက ၾကင္နာမႈအျပည့္ရွိၾကပါတယ္။ ကြၽန္ေတာ့္အေပၚ အရမ္းေကာင္းတဲ့ သူေတြနဲ႔ လည္း ေတြခဲ့ရပါတယ္။ ” လို႔ ေျပာခဲ့ပါတယ္။

” ရက္ဖို႔ဒ္ ၊ ေပါ့ဘာ၊ မာတာတို႔နဲ႔အတူ ေလ့က်င့္ရတာက အံ့ၾသစရာေကာင္းပါတယ္။ ေနာက္ၿပီး ငယ္ငယ္ကတည္းက သေဘာၾကခဲ့ရတဲ့ ကာဗာနီနဲ႔ပါ အတူေလ့က်င့္ခန္းဆင္းရေတာ့ ေပ်ာ္တာေပါ့ဗ်ာ။ ကြၽန္ေတာ္ TV မွာ ေစာင့္ၾကည့္ခဲ့ရတဲ့သူေတြနဲ႔ လက္ရွိမွာ အတူ ေလ့က်င့္ခြင့္ ရေနၿပီေလ။ ကာဗာနီနဲ႔ စကားေျပာတိုင္း သူက ကြၽန္ေတာ့္အေပၚအရမ္းေကာင္းပါတယ္။ ကြၽန္ေတာ့္နားမွာပဲ အၿမဲရွိေနၿပီး လိုအပ္တဲ့ အႀကံဉာဏ္ေတြ ေပးေလ့ရွိပါတယ္။ ဒါက ကြၽန္ေတာ့္အတြက္ အရမ္းအေရးပါတဲ့အခ်ိန္ေတြပါပဲ။ သူ႕ရဲ႕ ကူညီေပးမႈေတြနဲ႔ ပတ္သက္လို႔လည္း အရမ္းပဲ ေပ်ာ္႐ႊင္မိပါတယ္။ သူဟာ ကမၻာ့အေကာင္းဆုံး ကစားသမားေတြထဲမွာ ပါဝင္သလို ဥ႐ုေဂြး သမိုင္းရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။” ဆိုၿပီး MUTV နဲ႔ အင္တာဗ်ဴးမွာ ပယ္လစ္စထရီ ကေျပာၾကားခဲ့ပါတယ္။