သူ့သားလေးကို ဂွန်ကာလိုလို့ အမည်ပေးခဲ့တဲ့ ဘရူနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စက်တင်ဘာလ ၆ရက်နေ့က ခရိုအေးရှားက ပေါ်တူဂီကို ၄ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ မွေးဖွားခဲ့တဲ့ သူ့သားလေးကို ဂွန်ကာလိုလို့ ဘရူနိုဖာနန်ဒက်စ် အမည်ပေးခဲ့ပါတယ်။ စပိန်လို ဂွန်ဇာလက်ဇ်လို့ ခေါ်တဲ့ ဒီနာမည်ကို ပေးဖို့ ကလေးမမွေးခင် တစ်ပတ်လောက်အလိုကတည်းက ပေးခဲ့တာပါ။

ဒီအကြောင်းကို အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပြီး ဖရန့်ဖတ်အသင်းမှာ ကစားနေတဲ့ ပေါ်တူဂီကစားသမား ဂွန်ကာလိုပါစီယန်စီယာက “နာမည်ကျော်ကစားသမားတစ်ယောက်နာမည်ပါလား”လို့ ဘရူနိုကို စနောက်ခဲ့ပါသေးတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ သူ့ချစ်သူ အန်နာတို့ဟာ အသက် ၁၆နှစ်အရွယ်၊ ကျောင်းသားဘဝကတည်းက ချစ်ကြိုက်ခဲ့ကြတာပါ။ ဘရူနိုနဲ့ အန်နာတို့မှာ အသက် ၃နှစ်အရွယ်ရှိ မက်တီလ်ဒီ လို့ ခေါ်တဲ့ သမီးလေးတစ်ဦးလည်းရှိပါသေးတယ်။ ဂွန်ကာလို ဆိုတာ စပိန်ဘာသာစကားမှာ ဂွန်ဇာလက်ဇ်လို့ဆိုတာနဲ့ အတူတူဖြစ်ပြီး လက်တင်ဘာသာစကား “Gundisalvus” ကနေ ဆင်းသက်လာတဲ့စကားလုံးဖြစ်ပါတယ်။

သူနဲ့သူ့ချစ်သူတို့နှစ်ဦးဟာ ဘာကြောင့် ဒီနာမည်ကို ရွေးရသလဲကိုတော့ ထုတ်မပြောခဲ့ပါဘူး။ ဘရူနိုနဲ့ အန်နာတို့ရဲ့ ဒုတိယရင်သွေးလေးဟာ စက်တင်ဘာလ ၆ရက်နေ့က မွေးဖွားခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့က နေးရှင်းလိဂ်ပွဲအဖြစ် ခရိုအေးရှားနဲ့ ပေါ်တူဂီတို့ ပွဲမှာဘရူနို ဝင်ရောက် ကစားခဲ့ပါတယ်။ ပေါ်တူဂီက ၄ဂိုး၊၁ ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရင်သွေးလေးဖွားမြင်နိုင်ခဲ့လို့ ပျော်ခဲ့ရပါတယ်။ ဒါတောင် အဲဒီနေ့ကျမှ ယူအီးအက်ဖ်အေရဲ့ ရှောင်တခင် တားမြစ်ဆေးစစ်တဲ့အစီအစဉ်နဲ့တိုးနေလို့ ဘရူနိုဟာ မီးဖွားရာဆေးရုံကို အပြေးအလွှားသွားခဲ့ရပါသေးတယ်။

ဘရူနိုဟာ ကလေးချစ်တတ်သူတစ်ဦးဖြစ်ပြီး မက်တီလ်ဒီ မွေးဖွားခဲ့ချိန်တုန်းကဆိုရင်လည်း အလွန် ပျော်ရွှင်ခဲ့ပါတယ်။ ဘရူနိုရဲ့လက်ရှိမိသားစုဘဝဟာ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပြည့်စုံနေတယ်လို့ ဆိုနိုင်တာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်က အင်တာဗျူး တစ်ခုမှာတော့ သူကတော့ သူတို့ ရဲ့မိသားစုအတွင်းမှာ ရင်သွေးငယ်၃ဦးရှိနေဖို့ကို အစဉ်လိုလားတယ်လို့ ပြောကြားထားပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

သူ႔သားေလးကို ဂြန္ကာလိုလို႔ အမည္ေပးခဲ့တဲ့ ဘ႐ူႏို

စက္တင္ဘာလ ၆ရက္ေန႔က ခ႐ိုေအးရွားက ေပၚတူဂီကို ၄ဂိုး၊ ၁ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲအၿပီးမွာ ေမြးဖြားခဲ့တဲ့ သူ႔သားေလးကို ဂြန္ကာလိုလို႔ ဘ႐ူႏိုဖာနန္ဒက္စ္ အမည္ေပးခဲ့ပါတယ္။ စပိန္လို ဂြန္ဇာလက္ဇ္လို႔ ေခၚတဲ့ ဒီနာမည္ကို ေပးဖို႔ ကေလးမေမြးခင္ တစ္ပတ္ေလာက္အလိုကတည္းက ေပးခဲ့တာပါ။

ဒီအေၾကာင္းကို အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့ၿပီး ဖရန႔္ဖတ္အသင္းမွာ ကစားေနတဲ့ ေပၚတူဂီကစားသမား ဂြန္ကာလိုပါစီယန္စီယာက “နာမည္ေက်ာ္ကစားသမားတစ္ေယာက္နာမည္ပါလား”လို႔ ဘ႐ူႏိုကို စေနာက္ခဲ့ပါေသးတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ သူ႔ခ်စ္သူ အန္နာတို႔ဟာ အသက္ ၁၆ႏွစ္အ႐ြယ္၊ ေက်ာင္းသားဘဝကတည္းက ခ်စ္ႀကိဳက္ခဲ့ၾကတာပါ။ ဘ႐ူႏိုနဲ႔ အန္နာတို႔မွာ အသက္ ၃ႏွစ္အ႐ြယ္ရွိ မက္တီလ္ဒီ လို႔ ေခၚတဲ့ သမီးေလးတစ္ဦးလည္းရွိပါေသးတယ္။ ဂြန္ကာလို ဆိုတာ စပိန္ဘာသာစကားမွာ ဂြန္ဇာလက္ဇ္လို႔ဆိုတာနဲ႔ အတူတူျဖစ္ၿပီး လက္တင္ဘာသာစကား “Gundisalvus” ကေန ဆင္းသက္လာတဲ့စကားလုံးျဖစ္ပါတယ္။

သူနဲ႔သူ႔ခ်စ္သူတို႔ႏွစ္ဦးဟာ ဘာေၾကာင့္ ဒီနာမည္ကို ေ႐ြးရသလဲကိုေတာ့ ထုတ္မေျပာခဲ့ပါဘူး။ ဘ႐ူႏိုနဲ႔ အန္နာတို႔ရဲ႕ ဒုတိယရင္ေသြးေလးဟာ စက္တင္ဘာလ ၆ရက္ေန႔က ေမြးဖြားခဲ့ၿပီး တိုက္တိုက္ဆိုင္ဆိုင္ပဲ အဲဒီေန႔က ေနးရွင္းလိဂ္ပြဲအျဖစ္ ခ႐ိုေအးရွားနဲ႔ ေပၚတူဂီတို႔ ပြဲမွာဘ႐ူႏို ဝင္ေရာက္ ကစားခဲ့ပါတယ္။ ေပၚတူဂီက ၄ဂိုး၊၁ ဂိုးနဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ သူ႔ရင္ေသြးေလးဖြားျမင္ႏိုင္ခဲ့လို႔ ေပ်ာ္ခဲ့ရပါတယ္။ ဒါေတာင္ အဲဒီေန႔က်မွ ယူအီးအက္ဖ္ေအရဲ႕ ေရွာင္တခင္ တားျမစ္ေဆးစစ္တဲ့အစီအစဥ္နဲ႔တိုးေနလို႔ ဘ႐ူႏိုဟာ မီးဖြားရာေဆး႐ုံကို အေျပးအလႊားသြားခဲ့ရပါေသးတယ္။

ဘ႐ူႏိုဟာ ကေလးခ်စ္တတ္သူတစ္ဦးျဖစ္ၿပီး မက္တီလ္ဒီ ေမြးဖြားခဲ့ခ်ိန္တုန္းကဆိုရင္လည္း အလြန္ ေပ်ာ္ရႊင္ခဲ့ပါတယ္။ ဘ႐ူႏိုရဲ႕လက္ရွိမိသားစုဘဝဟာ သားတစ္ေယာက္၊ သမီးတစ္ေယာက္နဲ႔ ျပည့္စုံေနတယ္လို႔ ဆိုႏိုင္တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္က အင္တာဗ်ဴး တစ္ခုမွာေတာ့ သူကေတာ့ သူတို႔ ရဲ႕မိသားစုအတြင္းမွာ ရင္ေသြးငယ္၃ဦးရွိေနဖို႔ကို အစဥ္လိုလားတယ္လို႔ ေျပာၾကားထားပါေသးတယ္။