သောက်ရမ်းတွေ လမ်းပျောက်နေတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာဖာရန်တောရက်စ်ကိုဘာစီလိုနာကစားသမားသစ်အဖြစ်မိတ်
ဆက်ပြီးရက်ပိုင်းအကြာမှာဘဲ ကစားသမားသစ်မှတ်ပုံတင်ရန် မဖြစ်နိုင်တဲ့
အခြေအနေကြောင့်မန်စီးတီးထံအငှားချရန်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။
ဘာစီလိုနာဟာဖာရန်တောရက်စ်ကိုပြောင်းရွှေ့ကြေးပေါင်၄၆သန်းဖြင့်
ငါးနှစ်ခွဲစာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပြီးတနင်္လာနေ့တုန်းကဘာစီလိုနာကစား
သမားသစ်အဖြစ်နူးကမ့်မှာမိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။
ဖာရန်တောရက်စ်ရဲ့စာချုပ်အတွင်းမှာစာချုပ်ဖျက်သိမ်းကြေးယူရို၁ဘီလျှံ
အထိထည့်သွင်းထားပါတယ်။ ဖာရန်တောရက်စ်ဟာဘာစီလိုနာကစားသမာ
းသစ်အဖြစ်မိတ်ဆက်ပြီးနာရီအနည်းငယ်အကြာမှာဘဲကိုဗစ်ကူးစက်ခံ
နေရကြောင်းတွေ့ရှိကာ ကွာရန်တင်းဝင်နေရပါတယ်။ တဖက်တွင်ဘာစီ
လိုနာဟာလာလီဂါရဲ့ကစားသမားလုပ်ခကန့်သတ်ခြင်းခံရမှုကြောင့်
ဖာရန်တောရက်စ်ကိုရာသီဝက်တွင်အသုံးပြုရေး ကစားသမားမှတ်ပုံ
တင်မရဖြစ်နေပါတယ်။
ယင်းသို့အခြေအနေကြောင့်ဘာစီလိုနာဟာဖာရန်တောရက်စ်ကို မှတ်ပုံမတင်နိုင်
လျှင် မန်စီးတီးထံအငှားပြန်ချရန်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း Cadena Ser က
ဖော်ပြလာပါတယ်။
ဘာစီလိုနာဟာကစားသမားလုပ်ခကန့်သတ်ခံရမှုကြောင့်နွေရာသီတုန်းကလည်း
ကစားသမားသစ်အဂွဲရိုး၊ဒီပေး၊အဲရစ်ဂါစီယာတို့ကိုမှတ်ပုံတင်မရဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ပီကေး၊ဘက်စကွက်ဇ်တို့ကလုပ်ခလျှော့ယူမှုကြောင့်မှတ်ပုံတင်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာဟာဇန်နဝါရီအပြောင်းအရွှေ့မှာကော်တင်ဟိုအပါအဝင်ကစားသမား
အချို့တို့ကိုအငှားချခြင်း၊ရောင်းချခြင်းပြုလုပ်နိုင်မှသာလျှင်တောရက်စ်ကို
ကစားသမားမှတ်ပုံတင်နိုင်ပါမယ်။
Zawgyi
တင်မရဖြစ်နေပါတယ်။
ဖော်ပြလာပါတယ်။