သောမတ်စ်မူလာ ရှူံးနေရင် သတင်းထောက်တွေ သတိထားပြီး အင်တာဗျူးပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘွန်ဒက်လီဂါ ချန်ပီယံအသင်းကြီးဟာ ရှူံးပွဲတွေ ဆက်တိုက်ကြုံနေရပြီး မနေ့ညကတော့ ဂျာမန် ပိုကယ်ဖလား 32 သင်း အဆင့် ပွဲစဉ်မှာ ဒုတိယတန်း ကလပ်ဟိုလ်စတိန်းကီရယ်လ် ကို အရေးနိမ့်ပြီး ၊ ပြိုင်ပွဲ ကနေ နှုတ်ထွက်လိုက်ရပြီ ဖြစ်ပါတယ်။နည်းပြ ဟန်ဆီ ဖလစ်ဟာ ဒုတိယတန်း ကလပ်နဲ့ ရင်ဆိုင် ကစားခဲ့ပေမယ့်ကစားသမား စာရင်းကို အတောင့်တင်းဆုံး အသုံးပြုခဲ့တာဖြစ်ပြီး၊ နောက်ဆုံးမှာတော့ ရှူံး ခဲ့တာပါ။

ဘိုင်ယန်မြူးနစ် အသင်းဟာဂျာမန်ဒုတိယတန်းမှာ ရှိနေတဲ့ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာပါ။ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီ သွင်းကြပြီး၊ ဒုတိယပိုင်းမှာ တစ်ဖက် နှစ်ဂိုးစီနဲ့ ရလဒ်မကွဲပြားလို့ အချိန်ပိုကစားကာ၊ နောက်ဆုံး ပင်နယ်တီကန်ကြရတာပါ။

ဘိုင်ယန်မြူးနစ် အတွက် ပင်နယ်တီကို လီဝန်ဒေ့ါစကီး ကင်မစ်ချ် ၊ မူလာ ၊ အလာဘာ ၊ ဒေါက်ကလပ် ကော်စတာ တို့က အမှားအယွင်းမရှိ ကန်သွင်းပြနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းက ကစားသမားတွေ ကလည်း ပင်နယ်တီ 5 လုံး စလုံး အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ နောက်ထပ် ပင်နယ်တီ အဆုံးအဖြတ် တစ်ကြိမ်စီ ကန်သွင်းရာမှာတော့ ဘိုင်ယန် ကစားသမား ရိုကာ ရဲ့ ကန်သွင်းချက်ကို ပြိုင်ဘက် ဂိုးသမား က ကာကွယ်သွားနိုင်ခဲ့ပြီး ၊ ဟိုလ်စတိန်းကီရယ်လ် ဘက်က ပင်နယ်တီ ဝင်သွားတာကြောင့် ဘိုင်ယန်တို့ စောစောစီးစီး ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပါတယ်။

သတင်းထောက်ကလည်း မေးခွန်းမေးရာမှာ ရယ်ကြဲကြဲ ပြုံးတုံ့တုံ့ ဖြစ်နေဟန်ပါ။ ရှူံးပွဲနဲ့ပတ်သက်တဲ့ အဝတ်လဲခန်းမှာ ဖြစ်ပျက်နေတဲ့ ခံစားချက်ကို မူလာ ကို မေးတဲ့အခါ မူလာက ဒေါသထွက်ပြီး “ခင်ဗျား ဘယ်လိုထင်လို့လဲ၊ အခု ခင်ဗျား ရယ်နေတာလား”လို့ ပြောဆိုခဲ့ပါတယ်။မေးခွန်းမေးတဲ့သူက သူ့အနေနဲ့ ရယ်နေတာမဟုတ်ကြောင်း ရှင်းလင်းဖို့ ကြိုးစားခဲ့ပေမယ့် မူလာ ကတော့ “ ခင်ဗျားရယ်နေတာပါ၊ ဟုတ်ပါတယ်”လို့ ထပ်မံပြောဆိုခဲ့ပါတယ်။”အခုဒီရှုံးပွဲနဲ့ ပတ်သက်ပြီးပြောစရာဘာမှမရှိပါဘူး။စိတ်ခံစားချက်တွေကဘယ်လိုလုပ်ကောင်းမှာလဲ၊ ခင်ဗျားတွေးကြည့်ပေါ့။အခုစိတ်ထဲမှာ လုံး၀ မကောင်းပါဘူး”လို့ မူလာကဖြေဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ ဒုတိယအဆင့် ကနေ ထွက်ခွာခဲ့ရတာကြောင့် (၂၀၀၀-၀၁) နောက်ပိုင်း ပထမဆုံးအကြိမ် ဒီပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာလည်းဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်တဲ့ ဘိုင်ယန်ကတော့ ဒီနှစ် မှာ စောစောစီးစီး ဖလား တစ်လုံး လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘြန္ဒက္လီဂါ ခ်န္ပီယံအသင္းႀကီးဟာ ရႉံးပြဲေတြ ဆက္တိုက္ႀကဳံေနရၿပီး မေန႔ညကေတာ့ ဂ်ာမန္ ပိုကယ္ဖလား 32 သင္း အဆင့္ ပြဲစဥ္မွာ ဒုတိယတန္း ကလပ္ဟိုလ္စတိန္းကီရယ္လ္ ကို အေရးနိမ့္ၿပီး ၊ ၿပိဳင္ပြဲ ကေန ႏႈတ္ထြက္လိုက္ရၿပီ ျဖစ္ပါတယ္။နည္းျပ ဟန္ဆီ ဖလစ္ဟာ ဒုတိယတန္း ကလပ္နဲ႔ ရင္ဆိုင္ ကစားခဲ့ေပမယ့္ကစားသမား စာရင္းကို အေတာင့္တင္းဆုံး အသုံးျပဳခဲ့တာျဖစ္ၿပီး၊ ေနာက္ဆုံးမွာေတာ့ ရႉံး ခဲ့တာပါ။ ဘိုင္ယန္ျမဴးနစ္ အသင္းဟာဂ်ာမန္ဒုတိယတန္းမွာ ရွိေနတဲ့ အသင္းကို ပင္နယ္တီ အဆုံးအျဖတ္မွာ အေရးနိမ့္ခဲ့တာပါ။ပထမပိုင္းမွာ တစ္ဖက္တစ္ဂိုးစီ သြင္းၾကၿပီး၊ ဒုတိယပိုင္းမွာ တစ္ဖက္ ႏွစ္ဂိုးစီနဲ႔ ရလဒ္မကြဲျပားလို႔ အခ်ိန္ပိုကစားကာ၊ ေနာက္ဆုံး ပင္နယ္တီကန္ၾကရတာပါ။

ဘိုင္ယန္ျမဴးနစ္ အတြက္ ပင္နယ္တီကို လီဝန္ေဒ့ါစကီး ကင္မစ္ခ်္ ၊ မူလာ ၊ အလာဘာ ၊ ေဒါက္ကလပ္ ေကာ္စတာ တို႔က အမွားအယြင္းမရွိ ကန္သြင္းျပႏိုင္ခဲ့ပါတယ္။ ၿပိဳင္ဘက္အသင္းက ကစားသမားေတြ ကလည္း ပင္နယ္တီ 5 လုံး စလုံး အမွားအယြင္း မရွိ ကန္သြင္းႏိုင္ခဲ့ပါတယ္။ ေနာက္ထပ္ ပင္နယ္တီ အဆုံးအျဖတ္ တစ္ႀကိမ္စီ ကန္သြင္းရာမွာေတာ့ ဘိုင္ယန္ ကစားသမား ႐ိုကာ ရဲ႕ ကန္သြင္းခ်က္ကို ၿပိဳင္ဘက္ ဂိုးသမား က ကာကြယ္သြားႏိုင္ခဲ့ၿပီး ၊ ဟိုလ္စတိန္းကီရယ္လ္ ဘက္က ပင္နယ္တီ ဝင္သြားတာေၾကာင့္ ဘိုင္ယန္တို႔ ေစာေစာစီးစီး ၿပိဳင္ပြဲကို ႏႈတ္ဆက္ခဲ့ရပါတယ္။

သတင္းေထာက္ကလည္း ေမးခြန္းေမးရာမွာ ရယ္ႀကဲႀကဲ ၿပဳံးတုံ႔တုံ႔ ျဖစ္ေနဟန္ပါ။ ရႉံးပြဲနဲ႔ပတ္သက္တဲ့ အဝတ္လဲခန္းမွာ ျဖစ္ပ်က္ေနတဲ့ ခံစားခ်က္ကို မူလာ ကို ေမးတဲ့အခါ မူလာက ေဒါသထြက္ၿပီး “ခင္ဗ်ား ဘယ္လိုထင္လို႔လဲ၊ အခု ခင္ဗ်ား ရယ္ေနတာလား”လို႔ ေျပာဆိုခဲ့ပါတယ္။ ေမးခြန္းေမးတဲ့သူက သူ႔အေနနဲ႔ ရယ္ေနတာမဟုတ္ေၾကာင္း ရွင္းလင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ မူလာ ကေတာ့ “ ခင္ဗ်ားရယ္ေနတာပါ၊ ဟုတ္ပါတယ္”လို႔ ထပ္မံေျပာဆိုခဲ့ပါတယ္။”အခုဒီရႈံးပြဲနဲ႔ ပတ္သက္ၿပီးေျပာစရာဘာမွမရွိပါဘူး။စိတ္ခံစားခ်က္ေတြကဘယ္လိုလုပ္ေကာင္းမွာလဲ၊ ခင္ဗ်ားေတြးၾကည့္ေပါ့။အခုစိတ္ထဲမွာ လုံး၀ မေကာင္းပါဘူး”လို႔ မူလာကေျဖဆိုခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ အသင္းဟာ ဒုတိယအဆင့္ ကေန ထြက္ခြာခဲ့ရတာေၾကာင့္ (၂၀၀၀-၀၁) ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဒီၿပိဳင္ပြဲကေန ေစာစီးစြာ ထြက္ခြာခဲ့ရတာလည္းျဖစ္ပါတယ္။ ကမာၻ႔အေကာင္းဆုံး အသင္းတစ္သင္းျဖစ္တဲ့ ဘိုင္ယန္က​ေတာ့ ဒီႏွစ္ မွာ ေစာေစာစီးစီး ဖလား တစ္လုံး လက္လႊတ္လိုက္ရၿပီ ျဖစ္ပါတယ္။