
ရော်နယ်ဒိုဟာယခုနှစ် Ballon d’Or ဆုကို လီယွန်နယ်မက်ဆီကခုနှစ်ကြိမ်
မြောက်အဖြစ်ဆွတ်ခူးသင့်တယ်လို့လုံးဝမထင်ပါဘူး။ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးက
သူသာဆိုရင် ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကြာထိပ်တန်းအဆင့်မှာဆက်တိုက်
ကစားလာခဲ့တဲ့ တိုက်စစ်မှူးကိုဘဲရွေးချယ်မယ်လို့ဆိုလာပါတယ်။
ပြီးခဲ့တဲ့အပတ်တုန်းက 2021 Ballon d’Or ဆုအတွက်ဆန်ကာတင်
ကစားသမား၃၀ဦးစာရင်းကိုထုတ်ပြန်ခဲ့ပါတယ်။လီယွန်နယ်မက်ဆီက
သူ့ရဲ့ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုအဖြစ်ဆွတ်ခူးရန်ထိပ်ဆုံးမှ
ရေပန်းစားနေပါတယ်။ ဒါ့အပြင်မက်ဆီနဲ့အတူအခြားရေပန်းစားနေသူများကတော့
ချဲလ်ဆီးအလယ်တန်းကစားသမားများဖြစ်ကြတဲ့ဂျော်ဂျင်ဟိုနှင့်အန်ဂိုလိုကန်တီတို့
ဖြစ်ပါတယ်။ဒါ့အပြင်နှစ်၅၀ကြာဘွန်ဒက်စ်လီဂါဂိုးသွင်းစံချိန်ကိုရိုက်ချိုးခဲ့တဲ့
ရောဘတ်လီဝန်ဒေါ့စကီးကလည်းရေပန်းစားသူများထဲမှာပါဝင်ပါတယ်။
ဒါပေမယ့်ရော်နယ်ဒိုကတော့ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားကိုဘဲ
သူ့စိတ်ကြိုက် 2021 Ballon d’Or ဆုရှင်အဖြစ်ရွေးချယ်လာပါတယ်။
ရော်နယ်ဒိုက “သံသယလုံးဝမရှိဘဲကျွန်တော့်အတွက်ရွေးချယ်လာမယ့်သူကတော့
ကာရမ်ဘန်ဇီးမားပါ။သူကတကယ့်ကြီးကျယ်တဲ့အဆင့်မှာ၁၀နှစ်ကြာကစားလာခဲ့တဲ့
အကောင်းဆုံးတိုက်စစ်မှူးဖြစ်ပါတယ်။အားလုံးရဲ့အထက်မှာရှိတဲ့သူပါ။
ခင်ဗျားတို့ကောဘယ်လိုထင်လဲ”လို့ဆိုသွားပါတယ်။
ကာရမ်ဘန်ဇီးမားဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့လောင်းရိပ်အောက်မှ
လွတ်မြောက်လာပြီးနောက်ရီးရဲလ်မက်ဒရစ်ရဲ့အရေးပါဆုံးဂိုးသွင်းသူဖြစ်လာခဲ့သူလည်
းဖြစ်ပါတယ်။အသက်၃၃နှစ်ရှိဘန်ဇီးမားဟာယခု၂၀၂၁ခုနှစ်မှာကလပ်နှင့်
နိုင်ငံအတွက်၃၅ဂိုးသွင်းယူထားသူဖြစ်ပြီးပြင်သစ်ကိုယူအီးအက်ဖ်အေ
နေးရှင်းဖလားဆွတ်ခူးနိုင်အောင်ပူပူနွေးနွေးကူညီထားသူလည်းဖြစ်ပါတယ်။
zawgyi
သံသယလုံးဝမရွိဘဲကြၽန္ေတာ့္အတြက္ေ႐ြးခ်ယ္လာမယ့္သူကေတာ့ကာရမ္ဘန္ဇီးမားပါ – ေရာ္နယ္ဒို
ေရာ္နယ္ဒိုဟာယခုႏွစ္ Ballon d’Or ဆုကို လီယြန္နယ္မက္ဆီကခုႏွစ္ႀကိမ္
ေျမာက္အျဖစ္ဆြတ္ခူးသင့္တယ္လို႔လုံးဝမထင္ပါဘူး။ဘရာဇီးဂႏၴဝင္တိုက္စစ္မႉးက
သူသာဆိုရင္ ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုၾကာထိပ္တန္းအဆင့္မွာဆက္တိုက္
ကစားလာခဲ့တဲ့ တိုက္စစ္မႉးကိုဘဲေ႐ြးခ်ယ္မယ္လို႔ဆိုလာပါတယ္။
ၿပီးခဲ့တဲ့အပတ္တုန္းက 2021 Ballon d’Or ဆုအတြက္ဆန္ကာတင္
ကစားသမား၃၀ဦးစာရင္းကိုထုတ္ျပန္ခဲ့ပါတယ္။လီယြန္နယ္မက္ဆီက
သူ႔ရဲ႕ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုအျဖစ္ဆြတ္ခူးရန္ထိပ္ဆုံးမွ
ေရပန္းစားေနပါတယ္။ ဒါ့အျပင္မက္ဆီနဲ႔အတူအျခားေရပန္းစားေနသူမ်ားကေတာ့
ခ်ဲလ္ဆီးအလယ္တန္းကစားသမားမ်ားျဖစ္ၾကတဲ့ေဂ်ာ္ဂ်င္ဟိုႏွင့္အန္ဂိုလိုကန္တီတို႔
ျဖစ္ပါတယ္။ဒါ့အျပင္ႏွစ္၅၀ၾကာဘြန္ဒက္စ္လီဂါဂိုးသြင္းစံခ်ိန္ကို႐ိုက္ခ်ိဳးခဲ့တဲ့
ေရာဘတ္လီဝန္ေဒါ့စကီးကလည္းေရပန္းစားသူမ်ားထဲမွာပါဝင္ပါတယ္။
ဒါေပမယ့္ေရာ္နယ္ဒိုကေတာ့ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးကာရမ္ဘန္ဇီးမားကိုဘဲ
သူ႔စိတ္ႀကိဳက္ 2021 Ballon d’Or ဆုရွင္အျဖစ္ေ႐ြးခ်ယ္လာပါတယ္။
ေရာ္နယ္ဒိုက “သံသယလုံးဝမရွိဘဲကြၽန္ေတာ့္အတြက္ေ႐ြးခ်ယ္လာမယ့္သူကေတာ့
ကာရမ္ဘန္ဇီးမားပါ။သူကတကယ့္ႀကီးက်ယ္တဲ့အဆင့္မွာ၁၀ႏွစ္ၾကာကစားလာခဲ့တဲ့
အေကာင္းဆုံးတိုက္စစ္မႉးျဖစ္ပါတယ္။အားလုံးရဲ႕အထက္မွာရွိတဲ့သူပါ။
ခင္ဗ်ားတို႔ေကာဘယ္လိုထင္လဲ”လို႔ဆိုသြားပါတယ္။
ကာရမ္ဘန္ဇီးမားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေလာင္းရိပ္ေအာက္မွ
လြတ္ေျမာက္လာၿပီးေနာက္ရီးရဲလ္မက္ဒရစ္ရဲ႕အေရးပါဆုံးဂိုးသြင္းသူျဖစ္လာခဲ့သူလည္
းျဖစ္ပါတယ္။အသက္၃၃ႏွစ္ရွိဘန္ဇီးမားဟာယခု၂၀၂၁ခုႏွစ္မွာကလပ္ႏွင့္
ႏိုင္ငံအတြက္၃၅ဂိုးသြင္းယူထားသူျဖစ္ၿပီးျပင္သစ္ကိုယူအီးအက္ဖ္ေအ
ေနးရွင္းဖလားဆြတ္ခူးႏိုင္ေအာင္ပူပူေႏြးေႏြးကူညီထားသူလည္းျဖစ္ပါတယ္။