သြစတြီးယားကို အနိုင်ယူပြီး အီတလီသမိုင်းမှာ အရှည်ကြာဆုံး (၃၁) ပွဲဆက် ရှုံးပွဲမရှိ စံချိန်တင်ခဲ့တဲ့ နည်းပြ မန်စီနီ

အီတလီအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ (၂၀၂၀) ယူရို (၁၆) သင်းအဆင့် ပွဲစဉ်မှာ သြစတြီးယားအသင်းကို (၂-၁) နဲ့ အနိုင်ရပြီးတဲ့နောက် အသင်းသမိုင်းမှာ ရှုံးပွဲမရှိ စံချိန်သစ်ကို တင်ခဲ့ပြီး ကွာတား ဖိုင်နယ်ကိုပါ တက်လှမ်းခဲ့ပါတယ်။

အီတလီအသင်း နဲ့ သြစကြီးယားအသင်းတို့ဟာ သာမန် ပွဲကစားချိန် မိနစ် (၉၀) အတွင်းမှာတော့ အပြန်အလှန် ဂိုးမသွင်းနိုင်ကြတာကြောင့် အချိန်ပို မိနစ် (၃၀) ကစားခဲ့ရပြီး အချိန်ပိုမှာ အနိုင်အရှုံး ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

အီတလီအသင်းဟာ လူစားလဲ ဝင်ရောက်လာတဲ့ ချီဆာရဲ့ (၉၅) မိနစ်က သွင်းဂိုး နဲ့ ပက်စီနာရဲ့ (၁၀၅) မိနစ်က သွင်းဂိုး (၂) ဂိုးကို ရရှိပြီးနောက် ကာလာဂျ်ဇစ်ရဲ့ ချေပဂိုးကို ပြန်ခွင့်ပြုခဲ့ရပေမယ့် (၂-၁) နဲ့ အနိုင်ပိုင်းခဲ့ပါတယ်။

အီတလီ နည်းပြ ရော်ဘတ်တို မန်စီနီဟာ သူ့ရဲ့ လက်အောက်မှာ အီတလီအသင်းကို (၃၁) ပွဲဆက် ရှုံးပွဲ မရှိတဲ့ စံချိန်ကို ရယူနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်ကတည်းက အဓိက နိုင်ငံ့ ပွဲစဉ်တွေမှာ ရှုံးပွဲ မရှိလာခဲ့တော့ပါဘူး။

အီတလီအသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်၊ စက်တင်ဘာလမှာ ပေါ်တူဂီအသင်းကို (၁-ဝ) ရလဒ်နဲ့ နေရှင်လိဂ် ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အဓိက နိုင်ငံ ပြိုင်ပွဲတွေမှာ နောက်ထပ် ရှုံးပွဲ တစ်ပွဲမှ မကြုံခဲ့တော့တာ ဖြစ်ပါတယ်။

အီတလီအသင်းဟာ သြစတြီးယားအသင်းကို အနိုင်ရပြီးနောက် (၃၁) ပွဲဆက် ရှုံးပွဲ မရှိခဲ့တာကြောင့် လွန်ခဲ့တဲ့ (၁၉၃၅) ခုနှစ် နဲ့ (၁၉၃၉) ခုနှစ်ကြားက အရှည်ကြာဆုံး (၃၀) ပွဲဆက် ရှုံးပွဲ မရှိ စချိန်ကို ကျော်လွန်သွားပါတယ်။

မန်စီးတီး နည်းပြဟောင်း မန်စီနီဟာ အီတလီအသင်းနဲ့ အတူ သမိုင်းသစ်ကို ရေးထိုးခဲ့ပြီး သူ့ရဲ့ လက်ထက်မှာ အီတလီအသင်းကို နိုင်ငံ့ လက်ရွေးစင် ပွဲစဉ် (၃၁) ဆက်တိုက် ရှုံးပွဲမရှိအောင် ဦးဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အီတလီအသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ ကမ္ဘာ့ဖလား ခြေစမ်းပွဲ မအောင်ခဲ့တဲ့နောက် နည်းပြ မန်စီနီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီး လက်ရှိမှာကတော့ ရလဒ်ကောင်းနဲ့ အတူ နောက်တစ်ဆင့် ကွာတားကို တက်ခဲ့ပါပြီ။

Zawgyi

ၾသစႀတီးယားကို အႏိုင္ယူၿပီး အီတလီသမိုင္းမွာ အရွည္ၾကာဆုံး (၃၁) ပြဲဆက္ ရႈံးပဲြမရွိ စံခ်ိန္တင္ခဲ့တဲ့ နည္းျပ မန္စီနီ

အီတလီအသင္းဟာ မေန႔ညက ကစားခဲ့တဲ့ (၂၀၂၀) ယူရုိ (၁၆) သင္းအဆင့္ ပဲြစဥ္မွာ ၾသစႀတီးယားအသင္းကုိ (၂-၁) နဲ႔ အႏုိင္ရၿပီးတဲ့ေနာက္ အသင္းသမုိင္းမွာ ရႈံးပဲြမရွိ စံခ်ိန္သစ္ကုိ တင္ခဲ့ၿပီး ကြာတား ဖုိင္နယ္ကုိပါ တက္လွမ္းခဲ့ပါတယ္။

အီတလီအသင္း နဲ႔ ၾသစႀကီးယားအသင္းတုိ႔ဟာ သာမန္ ပဲြကစားခ်ိန္ မိနစ္ (၉၀) အတြင္းမွာေတာ့ အျပန္အလွန္ ဂုိးမသြင္းနုိင္ၾကတာေၾကာင့္ အခ်ိန္ပုိ မိနစ္ (၃၀) ကစားခဲ့ရၿပီး အခိ်န္ပုိမွာ အႏုိင္အရႈံး ရလဒ္ ထြက္ေပၚခဲ့ပါတယ္။

အီတလီအသင္းဟာ လူစားလဲ ဝင္ေရာက္လာတဲ့ ခ်ီဆာရဲ႕ (၉၅) မိနစ္က သြင္းဂုိး နဲ႔ ပက္စီနာရဲ႕ (၁၀၅) မိနစ္က သြင္းဂုိး (၂) ဂုိးကုိ ရရွိၿပီးေနာက္ ကာလာဂ်္ဇစ္ရဲ႕ ေခ်ပဂုိးကုိ ျပန္ခြင့္ျပဳခဲ့ရေပမယ့္ (၂-၁) နဲ႔ အႏုိင္ပိုင္းခဲ့ပါတယ္။

အီတလီ နည္းျပ ေရာ္ဘတ္တုိ မန္စီနီဟာ သူ႔ရဲ႕ လက္ေအာက္မွာ အီတလီအသင္းကုိ (၃၁) ပဲြဆက္ ရႈံးပဲြ မရွိတဲ့ စံခ်ိန္ကုိ ရယူႏုိင္ခဲ့ၿပီး လြန္ခဲ့တဲ့ (၂၀၁၈) ခုႏွစ္ကတည္းက အဓိက ႏုိင္ငံ့ ပဲြစဥ္ေတြမွာ ရႈံးပဲြ မရွိလာခဲ့ေတာ့ပါဘူး။

အီတလီအသင္းဟာ လြန္ခဲ့တဲ့ (၂၀၁၈) ခုႏွစ္၊ စက္တင္ဘာလမွာ ေပၚတူဂီအသင္းကုိ (၁-၀) ရလဒ္နဲ႔ ေနရွင္လိဂ္ ၿပိဳင္ပဲြမွာ ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ အဓိက ႏုိင္ငံ ၿပိဳင္ပဲြေတြမွာ ေနာက္ထပ္ ရႈံးပဲြ တစ္ပဲြမွ မႀကံဳခဲ့ေတာ့တာ ျဖစ္ပါတယ္။

အီတလီအသင္းဟာ ၾသစႀတီးယားအသင္းကုိ အႏုိင္ရၿပီးေနာက္ (၃၁) ပဲြဆက္ ရႈံးပဲြ မရွိခဲ့တာေၾကာင့္ လြန္ခဲ့တဲ့ (၁၉၃၅) ခုႏွစ္ နဲ႔ (၁၉၃၉) ခုႏွစ္ၾကားက အရွည္ၾကာဆုံး (၃၀) ပဲြဆက္ ရႈံးပဲြ မရွိ စခ်ိန္ကုိ ေက်ာ္လြန္သြားပါတယ္။

မန္စီးတီး နည္းျပေဟာင္း မန္စီနီဟာ အီတလီအသင္းနဲ႔ အတူ သမုိင္းသစ္ကုိ ေရးထုိးခဲ့ၿပီး သူ႔ရဲ႕ လက္ထက္မွာ အီတလီအသင္းကုိ ႏုိင္ငံ့ လက္ေရြးစင္ ပဲြစဥ္ (၃၁) ဆက္တုိက္ ရႈံးပဲြမရွိေအာင္ ဦးေဆာင္ႏုိင္ခဲ့တာပဲ ျဖစ္ပါတယ္။

အီတလီအသင္းဟာ လြန္ခဲ့တဲ့ (၂၀၁၈) ခုႏွစ္မွာ ကမၻာ့ဖလား ေျခစမ္းပဲြ မေအာင္ခဲ့တဲ့ေနာက္ နည္းျပ မန္စီနီကုိ အသင္းရဲ႕ နည္းျပသစ္ အျဖစ္ ခန္႔အပ္ခဲ့ၿပီး လက္ရွိမွာကေတာ့ ရလဒ္ေကာင္းနဲ႔ အတူ ေနာက္တစ္ဆင့္ ကြာတားကုိ တက္ခဲ့ပါၿပီ။