
ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နိုင်ငံတကာပွဲစဉ်ရလာဒ်တွေက
မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ရော်နယ်ဒိုအနေနဲ့ နိုင်ငံ နှင့်
ကလပ်အသင်းအတွက် ကစားပေးခဲ့တဲ့ နောက်ဆုံးပွဲစဉ် ( ၄ ) ခုမှာ
နိုင်ပွဲပျောက်ဆုံးနေသလို နောက်ဆုံး ( ၃ ) ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ယခုအပတ်မှာတော့
ပြန်လည်ဂိုးသွင်းယူနိုင်ဖို့ ကြိုးစားလာမှာဖြစ်ကာ ရင်းနှီးပြီးသား
ကစားသမားတစ်ဦးနဲ့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ယူနိုက်တက် အသင်းဖော်ဟောင်း ဘင်ဖော်စတာက ဝက်ဖို့ဒ်အသင်းရဲ့
ဂိုးသမားနေရာမှာ တာဝန်ယူ ကစားသွားဖို့ ရှိနေပါတယ်။
ဖော်စတာဟာ ( ၂၀၀၅ ) ခုနှစ်ကနေ (၂၀၀၉ ) ခုနှစ်ထိ ယူနိုက်တက်အတွက်
ကစားပေးခဲ့ပြီး ရော်နယ်ဒိုရဲ့ အိုးထရတ်ဖို့ဒ် ကစားသမားဘဝ
ပထမသက်တမ်း နောက်ဆုံးရာသီအတွင်း ယူနိုက်တက်
ကာလင်းဖလားရယူနိုင်ခဲ့ချိန် ဂိုးသမားနေရာမှာ ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။
ဖော်စတာဟာ ယခုနှစ်အစောပိုင်းက ရော်နယ်ဒို ဂျူဗင်တပ်မှာ ရှိနေစဉ်
တိုက်စစ်မှူးနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Jaacks Happy Hour Podcast အစီအစဉ်အတွင်း ဖော်စတာက
“ သူ ( ရော်နယ်ဒို) က အရမ်းကြိုးစားပါတယ်။ ဒါကို တွေ့ရတာ
အရမ်းအားရဖို့ ကောင်းပါတယ်။”လို့ ဆိုခဲ့ပါတယ်။
“ ဒါကြောင့် မက်ဆီ နှင့် ရော်နယ်ဒို ၊ ဘယ်သူပိုကောင်းလဲဆိုတဲ့
မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်ကတော့ ရော်နယ်ဒိုကိုပဲ
အမြဲရွေးချယ်လေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဘယ်လို လုပ်ခဲ့တယ်၊
ဒီအဆင့်ကို ရောက်လာဖို့ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာ
ကျွန်တော်ကိုယ်တိုင်မြင်တွေ့ခဲ့လို့ပါ ။သူက ယနေ့ထိလဲ ဆက်လက် ကြိုးစားနေဆဲပါပဲ။”
ရော်နယ်ဒိုအနေနဲ့ ယခုအပတ် ဝက်ဖို့ဒ်နဲ့ပွဲစဉ်မှာ နိုင်ငံလက်ရွေးစင်အသင်းနဲ့
ကြုံတွေ့ခဲ့ရတဲ့ စိတ်ပျက်ဖွယ်ရာတွေကို ရှင်းထုတ်ဖို့ ဆန္ဒရှိနေပါလိမ့်မယ်။
သူက လက်ရှိမှာ နိုင်ငံ နှင့် ကလပ်အသင်းအတွက် စုစုပေါင်း ( ၇၉၈ ) ဂိုး
သွင်းယူပေးထားပြီး အလျင်မြန်ဆုံး ဂိုး ( ၈၀၀ ) ပြည့်မြောက်ဖို့ ကြိုးစားလာပါလိမ့်မယ်။
ရော်နယ်ဒိုကတော့ ကွင်းထဲမှာ ဘယ်သူပဲရှိနေပါစေ အသင်းအနိုင်ရရှိဖို့
ဆန္ဒပြင်းပြနေမှာ သေချာပါတယ်။ ဝက်ဖို့ဒ်က လက်ရှိ
အမှတ်ပေးဇယား အဆင့် ( ၁၇ ) နေရာမှာ ရပ်တည်နေပေမယ့်
ယူနိုက်တက်အောက် ( ၇ ) မှတ်သာ လျော့နည်းလျက်ရှိပါတယ်။
zawgyi
သြင္းဂိုး ျပန္လည္ရယူမယ့္ပြဲမွာ ေရာ္နယ္ဒို နဲ႔ အသင္းေဖာ္ေဟာင္း ျပန္ဆုံမယ့္ပြဲ
ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ႏိုင္ငံတကာပြဲစဥ္ရလာဒ္ေတြက
ေမွ်ာ္လင့္ထားသလို ျဖစ္မလာခဲ့ပါဘူး။ ေရာ္နယ္ဒိုအေနနဲ႔ ႏိုင္ငံ ႏွင့္
ကလပ္အသင္းအတြက္ ကစားေပးခဲ့တဲ့ ေနာက္ဆုံးပြဲစဥ္ ( ၄ ) ခုမွာ
ႏိုင္ပြဲေပ်ာက္ဆုံးေနသလို ေနာက္ဆုံး ( ၃ ) ပြဲဆက္ ဂိုးသြင္းယူႏိုင္ခဲ့ျခင္း မရွိပါဘူး။
ဒါေၾကာင့္ ေရာ္နယ္ဒိုအေနနဲ႔ ယခုအပတ္မွာေတာ့
ျပန္လည္ဂိုးသြင္းယူႏိုင္ဖို႔ ႀကိဳးစားလာမွာျဖစ္ကာ ရင္းႏွီးၿပီးသား
ကစားသမားတစ္ဦးနဲ႔လည္း ထိပ္တိုက္ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။
ယူႏိုက္တက္ အသင္းေဖာ္ေဟာင္း ဘင္ေဖာ္စတာက ဝက္ဖို႔ဒ္အသင္းရဲ႕
ဂိုးသမားေနရာမွာ တာဝန္ယူ ကစားသြားဖို႔ ရွိေနပါတယ္။
ေဖာ္စတာဟာ ( ၂၀၀၅ ) ခုႏွစ္ကေန (၂၀၀၉ ) ခုႏွစ္ထိ ယူႏိုက္တက္အတြက္
ကစားေပးခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕ အိုးထရတ္ဖို႔ဒ္ ကစားသမားဘဝ
ပထမသက္တမ္း ေနာက္ဆုံးရာသီအတြင္း ယူႏိုက္တက္
ကာလင္းဖလားရယူႏိုင္ခဲ့ခ်ိန္ ဂိုးသမားေနရာမွာ ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။
ေဖာ္စတာဟာ ယခုႏွစ္အေစာပိုင္းက ေရာ္နယ္ဒို ဂ်ဴဗင္တပ္မွာ ရွိေနစဥ္
တိုက္စစ္မႉးနဲ႔ ပတ္သက္လို႔ ထုတ္ေဖာ္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
Jaacks Happy Hour Podcast အစီအစဥ္အတြင္း ေဖာ္စတာက
“ သူ ( ေရာ္နယ္ဒို) က အရမ္းႀကိဳးစားပါတယ္။ ဒါကို ေတြ႕ရတာ
အရမ္းအားရဖို႔ ေကာင္းပါတယ္။”လို႔ ဆိုခဲ့ပါတယ္။
“ ဒါေၾကာင့္ မက္ဆီ ႏွင့္ ေရာ္နယ္ဒို ၊ ဘယ္သူပိုေကာင္းလဲဆိုတဲ့
ေမးခြန္းေတြနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ကေတာ့ ေရာ္နယ္ဒိုကိုပဲ
အၿမဲေ႐ြးခ်ယ္ေလ့ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူဘယ္လို လုပ္ခဲ့တယ္၊
ဒီအဆင့္ကို ေရာက္လာဖို႔ ဘယ္လိုႀကိဳးစားခဲ့တယ္ဆိုတာ
ကြၽန္ေတာ္ကိုယ္တိုင္ျမင္ေတြ႕ခဲ့လို႔ပါ ။သူက ယေန႔ထိလဲ ဆက္လက္ ႀကိဳးစားေနဆဲပါပဲ။”
ေရာ္နယ္ဒိုအေနနဲ႔ ယခုအပတ္ ဝက္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ ႏိုင္ငံလက္ေ႐ြးစင္အသင္းနဲ႔
ႀကဳံေတြ႕ခဲ့ရတဲ့ စိတ္ပ်က္ဖြယ္ရာေတြကို ရွင္းထုတ္ဖို႔ ဆႏၵရွိေနပါလိမ့္မယ္။
သူက လက္ရွိမွာ ႏိုင္ငံ ႏွင့္ ကလပ္အသင္းအတြက္ စုစုေပါင္း ( ၇၉၈ ) ဂိုး
သြင္းယူေပးထားၿပီး အလ်င္ျမန္ဆုံး ဂိုး ( ၈၀၀ ) ျပည့္ေျမာက္ဖို႔ ႀကိဳးစားလာပါလိမ့္မယ္။
ေရာ္နယ္ဒိုကေတာ့ ကြင္းထဲမွာ ဘယ္သူပဲရွိေနပါေစ အသင္းအႏိုင္ရရွိဖို႔
ဆႏၵျပင္းျပေနမွာ ေသခ်ာပါတယ္။ ဝက္ဖို႔ဒ္က လက္ရွိ
အမွတ္ေပးဇယား အဆင့္ ( ၁၇ ) ေနရာမွာ ရပ္တည္ေနေပမယ့္
ယူႏိုက္တက္ေအာက္ ( ၇ ) မွတ္သာ ေလ်ာ့နည္းလ်က္ရွိပါတယ္။