ဟက်ထရစ်ဖြစ်နိုင်မယ့်အခြေအနေမှာ မာရှယ်ကို ပင်နယ်တီပေးကန်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီအချိန်မှာ ကွင်းတွင်းကွင်းပြင် ဟီရိုးတစ်ယောက်ဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ်ဟာ လစ်ဇစ်ကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း သူဟာ ပြီးပြည့်စုံတဲ့အသင်းဖော်ဆိုတာကို ပြသခဲ့ပါတယ်။ အဲဒီအင်္ဂလန်ကြယ်ပွင့်ဟာ ကျောင်းနေကလေးတွေအတွက် အခမဲ့အစားအသောက်အစီအစဉ်ကိုတိုက်ပွဲဝင်နေတာကြောင့် အင်္ဂလန်မှာ အလွှာပေါင်းစုံရဲ့ချီးကျူးမှုကို ရရှိနေတာပါ။

သူဟာ လစ်ဇစ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ၆၄ မိနစ်ရောက်မှ ဂရင်းဝုဒ်အစား လူစားဝင်လာတာဖြစ်ပေမယ့် ၂ ဂိုးဆက်တိုက်သွင်းယူပြီး တစ်ဂိုးတည်းနဲ့သာ ဦးဆောင်နေတဲ့မန်ယူကို ၃-၀ ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် ၈၅ မိနစ်လောက်မှာ မာရှယ်ကြောင့် မန်ယူအသင်း ပင်နယ်တီရခဲ့ပါတယ်။

အဲဒီတော့ ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးကိုယူပြီး ပင်နယ်တီကန်မယ့်နေရာမှာ တည်လိုက်ပါတယ်။ ပွဲပြီးကာနီးဆိုတော့ အဲဒီပင်နယ်တီကိုကန်လိုက်ရင် သူဟက်ထရစ်ရမှာဖြစ်ပြီး ကန်မယ်လို့လည်း ထင်ခဲ့ရပေမယ့် မာရှယ်ကိုသာ ပေးကန်ခဲ့ပါတယ်။

ဒီရာသီမှာ ဂိုးလုံးဝမရသေးတဲ့ မာရှယ်အတွက် သူစဉ်းစားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရက်ရှ်ဖို့ဒ်ဟာ နောက်ဆုံးတော့ မန်ယူအတွက် သူ့ရဲ့ပထမဆုံးဟက်ထရစ်ကို နာကျင်အချိန်ပိုမှာ ရရှိသွားခဲ့ပြီ အဲဒါဟာ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်စိတ်မရှိမှုအတွက် ဘုရားပေးတဲ့ဆုပဲဖြစ်မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟက္ထရစ္ျဖစ္ႏိုင္မယ့္အေျခအေနမွာ မာရွယ္ကို ပင္နယ္တီေပးကန္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္

ဒီအခ်ိန္မွာ ကြင္းတြင္းကြင္းျပင္ ဟီရိုးတစ္ေယာက္ျဖစ္ေနတဲ့ ရက္ရွ္ဖုိ႔ဒ္ဟာ လစ္ဇစ္ကိုအႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း သူဟာ ၿပီးျပည့္စုံတဲ့အသင္းေဖာ္ဆုိတာကို ျပသခဲ့ပါတယ္။ အဲဒီအဂၤလန္ၾကယ္ပြင့္ဟာ ေက်ာင္းေနကေလးေတြအတြက္ အခမဲ့အစားအေသာက္အစီအစဥ္ကိုတုိက္ပြဲ၀င္ေနတာေၾကာင့္ အဂၤလန္မွာ အလႊာေပါင္းစုံရဲ႕ခ်ီးက်ဴးမႈကို ရရွိေနတာပါ။

သူဟာ လစ္ဇစ္နဲ႔ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၆၄ မိနစ္ေရာက္မွ ဂရင္း၀ုဒ္အစား လူစား၀င္လာတာျဖစ္ေပမယ့္ ၂ ဂိုးဆက္တိုက္သြင္းယူၿပီး တစ္ဂိုးတည္းနဲ႔သာ ဦးေဆာင္ေနတဲ့မန္ယူကို ၃-၀ ျဖစ္ေစခဲ့ပါတယ္။ အဲဒီေနာက္ ၈၅ မိနစ္ေလာက္မွာ မာရွယ္ေၾကာင့္ မန္ယူအသင္း ပင္နယ္တီရခဲ့ပါတယ္။

အဲဒီေတာ့ ရက္ရွ္ဖုိ႔ဒ္ဟာ ေဘာလုံးကိုယူၿပီး ပင္နယ္တီကန္မယ့္ေနရာမွာ တည္လုိက္ပါတယ္။ ပြဲၿပီးကာနီးဆိုေတာ့ အဲဒီပင္နယ္တီကိုကန္လုိုက္ရင္ သူဟက္ထရစ္ရမွာျဖစ္ၿပီး ကန္မယ္လုိ႔လည္း ထင္ခဲ့ရေပမယ့္ မာရွယ္ကိုသာ ေပးကန္ခဲ့ပါတယ္။

ဒီရာသီမွာ ဂိုးလုံး၀မရေသးတဲ့ မာရွယ္အတြက္ သူစဥ္းစားေပးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ရက္ရွ္ဖို႔ဒ္ဟာ ေနာက္ဆုံးေတာ့ မန္ယူအတြက္ သူ႔ရဲ႕ပထမဆုံးဟက္ထရစ္ကို နာက်င္အခ်ိန္ပိုမွာ ရရွိသြားခဲ့ၿပီ အဲဒါဟာ သူ႔ရဲ႕တစ္ကုိယ္ေကာင္းဆန္စိတ္မရွိမႈအတြက္ ဘုရားေပးတဲ့ဆုပဲျဖစ္မွာပါ။