
တခါတုန်းကဖီးလစ်ပီကော်တင်ဟိုဟာ အသင်းဟောင်း
ဘိုင်ယန်မြူးနစ်မှာကစားမှာတုန်းကဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးတဲ့နောက်
ပေါ့ပ်အဆိုတော်တစ်ဦးရဲ့ချစ်တင်းနှောဖို့ဖိတ်ကြားခြင်းခံခဲ့ရဖူးပါတယ်။
ကော်တင်ဟိုဟာဘာစီလိုနာတွင်နှစ်အနည်းငယ်ရုန်းကန်ခဲ့ရပြီးနောက်
ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဗီလာသို့
အငှားဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
သူဟာဗီလာမှာလီဗာပူးကစားဖော်ဟောင်းစတီဗင်ဂျရတ်နှင့်
ပြန်လည်လက်တွဲရပါမယ်။
သူဟာ၂၀၁၉ခုနှစ်တုန်းကဘိုင်ယန်မြူးနစ်သို့
အငှားဖြင့်သွားရောက်ကစားခဲ့ဖူးပါတယ်။
ဘိုင်ယန်မှာကစားတုန်းကသူဟာဝါဒါဘရီမင်ကို၆-၁ဖြင့်အနိုင်ရရှိတဲ့ပွဲမှာ
ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။
ယင်းနောက်သူဟာအဆိုတော်ကက်ဂျာခရာဆာဗစ်ထံမှ
စိတ်ဝင်စားဖို့ကောင်းတဲ့ကမ်းလှမ်းမှုရရှိခဲ့ပါတယ်။
ချက်အဆိုတော်ဟာယင်းပွဲကို Allinaz Arena သို့ ကိုယ်တိုင်
သွားရောက်ကြည့်ခဲ့တာဖြစ်ပြီးပွဲအပြီးတွင်ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့
ဖီးလစ်ပီကော်တင်ဟိုကိုသူမနှင့်ချစ်တင်းနှောဖို့ဖိတ်ကြားခဲ့တာလည်းဖြစ်ပါတယ်။
ကက်ဂျာခရာဆာဗစ်က “ဖီးလစ်ပီကော်တင်ဟိုသုံးဂိုးသွင်းနိုင်ခဲ့တယ်။
သူဘယ်မှာဂိုးသွင်းနိုင်လဲဆိုတာကျွန်မကိုပြသဖို့ဖိတ်ခေါ်ပါတယ်”လို့ပြောကြားသွားပါယ်။
ဖီးလစ်ပီကော်တင်ဟိုဟာ၂၀၁၂ခုနှစ်ကတည်းကဇနီးသည်အိန်းနှင့်
လက်ထပ်ခဲ့တာဖြစ်ပြီးကလေးနှစ်ဦးပိုင်ဆိုင်ထားပါတယ်။
သူဟာဘိုင်ယန်မြူးနစ်မှာအငှားဖြင့်ကစားတဲ့ရာသီမှာချန်ပီယံလိဂ်ဖလား၊
ဘွန်ဒက်စ်လီဂါဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။
zawgyi
ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကော်တင်ဟို ပေါ့ပ်အဆိုတော်တစ်ဦးရဲ့ဂိုးသွင်းဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရ
ပြန်လည်လက်တွဲရပါမယ်။