
ဒိန်းဟင်ဒါဆင်ဟာယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ပင်
ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနိုင်မယ့်အသင်းတစ်သင်းသို့အငှားဖြင့်
ပြောင်းရွှေ့လိုကြောင်း ယူနိုက်တက်တာဝန်ရှိသူများကိုအသိပေးလာပြီဖြစ်ပါတယ်။
ဒါပေမဲ့တဖက်တွင်ယာယီနည်းပြရေးဖ်ရန်းနစ်ခ်ကလည်းအသင်းတွင်
ဂိုးသမားသုံးဦးရှိရန်လိုအပ်နေမှုနဲ့အတူ အင်္ဂလန်ဂိုးသမားကို
အိုးထရက်ဖို့ဒ်တွင်ပင်ဆက်ကစားစေလိုကြောင်းအကြောင်းပြန်ထားပါတယ်။
ဟင်ဒါဆင်ဟာဗီလာကို၁-ဝဂိုးဖြင့်အနိုင်ရရှိတဲ့အက်ဖ်အေဖလားပွဲတွင်
လူစာရင်းတွင်ချန်လှပ်ခံထားရမှုနဲ့အတူ အနာဂတ်နှင့်ပတ်သက်ပြီး
သတင်းများပိုမိုကျယ်ပြန့်စွာထွက်ပေါ်လာနေပါတယ်။
ရန်းနစ်ခ်ကနာမကျန်းမှုကြောင့်ဟင်ဒါဆင်ကိုချန်လှပ်ထားခဲ့တာလို့ဆိုထားပါတယ်။
ဒါပေမဲ့ဟင်ဒါဆင်ဟာလွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်ကတည်းက
အငှားဖြင့်ထွက်ခွာလိုကြောင်းကလပ်ကိုအသိပေးထားပါတယ်။
zawgyi
ဟင်ဒါဆင်ရဲ့ ဆန္ဒကို မလိုက်နိုင်တဲ့ ရန်းနစ်ခ်