ဟန်ဒါဆန်ရဲ့ ဒူးချက်မိခဲ့ပေမယ့် ဒဏ်ရာပြင်းထန်ခြင်းမရှိဘူးလို့ ဘိုင်လီပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝက်ဖို့ဒ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဥ်မှာ ဒဏ်ရာရခဲ့ပေမယ့် ပြင်းထန်ခြင်းမရှိဘူးလို့ ဘိုင်လီက ပရိသတ်တွေ ကို အာမခံစကားဆိုခဲ့ပါတယ်။ အက်ဖ်အေဖလား တတိယအဆင့်အဖြစ်ကစားခဲ့တဲ့ အဲဒီပွဲမှာ မန်ယူဟာပွဲချိန် ၅ မိနစ်ကတည်းက တွန်မီနေးရဲ့ခေါင်းတိုက်ချက်နဲ့ရရှိခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ကစားဖော်ဂိုးသမားဖြစ်တဲ့ ဟန်ဒါဆန်ဟာ ဘောလုံးကိုထွက်ပုတ်ရင်းကနေ ဘိုင်လီကိုဒူးနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် သူဟာကွင်းထဲမှာ ဆေးကုသမှုခံယူခဲ့ပေမယ့် ဆက်ကစားနိုင်စွမ်းမရှိတော့လို့ ပထမပိုင်းပြီးကာနီးမှာ မက်ဂွိုင်းယားနဲ့ လူစားလဲခံခဲ့ရပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ဖြစ်တဲ့ ဘိုင်လီဟာ မကြာသေးခင်က မန်ယူ ရဲ့ပွဲတွေမှာ ခြေစွမ်းပြန်ပေါ်လာပြီး အရေးပါတဲ့ ဖျက်ထုတ်မှုတွေ၊ ဟန့်တားမှုတွေပြုလုပ်ခဲ့လို့ ပရိသတ်တွေက သူ့ကိုသဘောကျနေကြတာပါ။ ဒါပေမယ့်သူဟာဒဏ်ရာမကြခဏ ရတတ်တဲ့ရာဇဝင်ရှိလို့ အခုတစ်ခေါက် ဟန်ဒါဆန်နဲ့ ထိခိုက်မှုကြောင့် ပြန်ပြီးခြေစွမ်းပြန်ကျသွားမလားဆိုတာ ပရိသတ်တွေကစိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူကတွစ်တာကနေတစ်ဆင့် အာမခံခဲ့ရာမှာ” အက်ဖ်အေဖလားမှာ နောက်တစ်ဆင့်တက် သွားတဲ့အတွက် အသင်းရဲ့လုပ်ဆောင်မှုက သိပ်ကောင်းပါတယ်။ ကျွန်တော်လည်းဘာမှ မဖြစ်ပါဘူး။ ပုံမှန်ထိခိုက်မိရုံပါဘဲ”လို့ ပြောသွားပါတယ်။

နည်းပြဆိုးလ်ရှားကတော့ ဘိုင်လီရဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ဆေးစစ်မှု တွေလုပ်ရဦးမယ်လို့သာဆိုခဲ့ပါတယ်။ ဟန်ဒါဆန်ရဲ့ဒူးခေါင်းဟာ ဘိုင်လီရဲ့လည်ပင်းနားကိုထိခိုက်မိသွားတာ ဖြစ်လို့ သတိလစ်ခဲ့ခြင်းမရှိပါဘူး။ ဆိုးလ်ရှားက” ဘိုင်လီသတိမလစ်ပါဘူး။ လည်းပင်းနားကို ထိခိုက်သွား လို့သာ နာကျင်သွားတာပါ။ ဒါပေမယ့်သူဆက်မကစားနိုင်ခဲ့ပါဘူး။ သူ့ကိုဆေးစစ်မှုတွေလုပ်ရမှာပါ”လို့ပြော သွားပါတယ်။

မန်ယူဟာအင်္ဂါနေ့မှာ ဘန်လေနဲ့ ကစားရမှာဖြစ်ပြီး သရေကျတာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်နိုင်မှာဖြစ်ပါတယ်။ ဘိုင်လီဟာ ခြေစွမ်းပြလာမှုကြောင့် မန်ယူကသူ့ကိုစာချုပ်သက်တမ်းတိုးမယ် လို့လည်း သတင်းထွက်နေပါတယ်။ သူဟာမန်ယူမှာ တစ်ပတ်လစာပေါင် ၈၀၀၀၀ ရရှိနေပြီး ၂၀၂၂ ဇွန်လ အထိ စာချုပ်သက်တမ်းရှိထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဝက္ဖို႔ဒ္ကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ ဒဏ္ရာရခဲ့ေပမယ့္ ျပင္းထန္ျခင္းမရွိဘူးလို႔ ဘိုင်လီက ပရိသတ္ေတြ ကို အာမခံစကားဆိုခဲ့ပါတယ္။ အက္ဖ္ေအဖလား တတိယအဆင့္အျဖစ္ကစားခဲ့တဲ့ အဲဒီပြဲမွာ မန္ယူဟာပြဲခ်ိန္ ၅ မိနစ္ကတည္းက တြန္မီေနးရဲ႕ေခါင္းတိုက္ခ်က္နဲ႔ရရွိခဲ့တဲ့ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ ကစားေဖာ္ဂိုးသမားျဖစ္တဲ့ ဟန္ဒါဆန္ဟာ ေဘာလုံးကိုထြက္ပုတ္ရင္းကေန ဘိုင္လီကိုဒူးနဲ႔တိုက္မိခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ သူဟာကြင္းထဲမွာ ေဆးကုသမႈခံယူခဲ့ေပမယ့္ ဆက္ကစားႏိုင္စြမ္းမရွိေတာ့လို႔ ပထမပိုင္းၿပီးကာနီးမွာ မက္ဂြိဳင္းယားနဲ႔ လူစားလဲခံခဲ့ရပါတယ္။ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ျဖစ္တဲ့ ဘိုင္လီဟာ မၾကာေသးခင္က မန္ယူ ရဲ႕ပြဲေတြမွာ ေျခစြမ္းျပန္ေပၚလာၿပီး အေရးပါတဲ့ ဖ်က္ထုတ္မႈေတြ၊ ဟန႔္တားမႈေတြျပဳလုပ္ခဲ့လို႔ ပရိသတ္ေတြက သူ႔ကိုသေဘာက်ေနၾကတာပါ။ ဒါေပမယ့္သူဟာဒဏ္ရာမၾကခဏ ရတတ္တဲ့ရာဇဝင္ရွိလို႔ အခုတစ္ေခါက္ ဟန္ ဒါဆန္နဲ႔ ထိခိုက္မႈေၾကာင့္ ျပန္ၿပီးေျခစြမ္းျပန္က်သြားမလားဆိုတာ ပရိသတ္ေတြကစိုးရိမ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သူကတြစ္တာကေနတစ္ဆင့္ အာမခံခဲ့ရာမွာ” အက္ဖ္ေအဖလားမွာ ေနာက္တစ္ဆင့္တက္ သြားတဲ့အတြက္ အသင္းရဲ႕လုပ္ေဆာင္မႈက သိပ္ေကာင္းပါတယ္။ ကြၽန္ေတာ္လည္းဘာမွ မျဖစ္ပါဘူး။ ပုံမွန္ထိ ခိုက္မိ႐ုံပါဘဲ”လို႔ ေျပာသြားပါတယ္။

နည္းျပဆိုးလ္ရွားကေတာ့ ဘိုင္လီရဲ႕ဒဏ္ရာနဲ႔ ပတ္သက္ၿပီး ေဆးစစ္မႈ ေတြလုပ္ရဦးမယ္လို႔သာဆိုခဲ့ပါတယ္။ ဟန္ဒါဆန္ရဲ႕ဒူးေခါင္းဟာ ဘိုင္လီရဲ႕လည္ပင္းနားကိုထိခိုက္မိသြားတာ ျဖစ္လို႔ သတိလစ္ခဲ့ျခင္းမရွိပါဘူး။ ဆိုးလ္ရွားက” ဘိုင္လီသတိမလစ္ပါဘူး။ လည္းပင္းနားကို ထိခိုက္သြား လို႔သာ နာက်င္သြားတာပါ။ ဒါေပမယ့္သူဆက္မကစားႏိုင္ခဲ့ပါဘူး။ သူ႔ကိုေဆးစစ္မႈေတြလုပ္ရမွာပါ”လို႔ေျပာ သြားပါတယ္။ မန္ယူဟာအဂၤါေန႔မွာ ဘန္ေလနဲ႔ ကစားရမွာျဖစ္ၿပီး သေရက်တာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးက ေန ဦးေဆာင္ႏိုင္မွာျဖစ္ပါတယ္။ ဘိုင္လီဟာ ေျခစြမ္းျပလာမႈေၾကာင့္ မန္ယူကသူ႔ကိုစာခ်ဳပ္သက္တမ္းတိုးမယ္ လို႔လည္း သတင္းထြက္ေနပါတယ္။ သူဟာမန္ယူမွာ တစ္ပတ္လစာေပါင္ ၈၀၀၀၀ ရရွိေနၿပီး ၂၀၂၂ ဇြန္လ အထိ စာခ်ဳပ္သက္တမ္းရွိထားပါတယ္။