ဟယ်ရီကိန်းနဲ့ဆွန်ဟောင်မင် အတွဲအောင်မြင်မှုအတွက် ပိုချက်တီနိုကိုပါ ထုတ်ဖော်ဂုဏ်ပြုခဲ့တဲ့မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီမှာ အတွဲညီညီခြေစွမ်းပြနေတဲ့ စပါးရဲ့ တိုက်စစ်အတွဲ ဟယ်ရီကိန်းနဲ့ဆွန်ဟောင်မင်တို့ ၂ ယောက်ဟာ ပရီးမီးယားလိဂ် ၆ပွဲ ကစားပြီးချိန်မှာ တွဲဘက်သွင်းဂိုး (၉) ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင်ဆွန်ဟောင်မင်ကလည်း လက်ရှိမှာ ဂိုးသွင်းအများဆုံးသွင်းသူအဖြစ် ရပ်တည်လျက်ရှိသလို စပါးကလည်း သွင်းဂိုးအများဆုံး အသင်းအဖြစ်ရှိနေတာဖြစ်ပါတယ်။

ဒီကစားသမားနှစ်ဦးရဲ့ ပရီးမီးယားလိဂ် စုစုပေါင်း တွဲဘက်သွင်းဂိုးကတော့ (၂၉) ဂိုးအထိရှိလာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ လမ်းပတ်နဲ့ ဒရော့ဘာတို့အတွဲပြီးရင် အများဆုံး ဖြစ်လာခဲ့ပါတယ်။

ဒီလိုတွဲဘက်ညီနေမှုနဲ့ ပတ်သတ်ပြီး မော်ရင်ဟိုကတော့ သူတစ်ယောက်တည်းကြောင့်မဟုတ်ဘဲ နည်းပြဟောင်း ပိုချက်တီနိုကပါ ဂုဏ်ပြုခံရဖို့ ထိုက်တန်ကြောင်း ပြောသွားခဲ့ပါတယ်။

“အားလုံးနားလည်စေချင်တာက သူတို့စတွဲခဲ့တာ ပိုချက်တီနို ကိုင်တွယ်စဉ်ကာလကတည်းကဆိုတာပါပဲ။

အခုချီးကျူးနေကြတာတွေကို ကျွန်တော် တစ်ယောက်တည်း မခံယူလိုပါဘူး။ ပိုချက်တီနိုနဲ့ မျှဝေပါရစေ။

သူတို့နှစ်ယောက်က ပိုချက်တီနို နည်းပြတာဝန်ယူခဲ့တဲ့ အချိန်ကတည်းက အကြာကြီး တွဲကစားခဲ့ကြပြီးသားပါ။ ကစားပုံကတော့ အခုနဲ့တော့ တစ်ပုံစံတည်းတူချင်မှ တူမှာပေါ့။

အခု ကိန်းက အမြဲတမ်း နံပါတ် (၉) ပုံစံကစားနေတာ မဟုတ်ဘူး။ နောက်ထပ် ကျွန်တော်ပို ကျေနပ်တာရှိပါသေးတယ်။ ဒါကတော့ သူတို့က ထိပ်တန်းကစားသမားတွေ ဖြစ်ရုံသာမဟုတ်ဘူး။ သူငယ်ချင်းတွေလည်း ဖြစ်နေကြတာပဲ။

ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် မနာလိုတာမျိုးလည်း မရှိကြဘူး။ အသင်းအတွက်ပဲ ဦးတည်ပြီး ကစားကြတယ်” လို့ မော်ရင်ဟိုက ပြောကြားသွားခဲ့ပါတယ်။

ဒီရာသီ စပါးရဲ့ သွင်းဂိုးတွေမှာ ဒီအတွဲရဲ့ အစွမ်းကို ထင်ပေါ်နေအောင်အရေးပါသလို လက်ရှိပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံး အတွဲအဖြစ် စွမ်းဆောင်ထားနိုင်တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ အရင်တုန်းက ကျောနံပါတ်-၉ ရဲ့ အဓိက ပုံစံဖြစ်တဲ့ တိုက်စစ်မှုးစစ်စစ်အနေနဲ့ အဆုံးသတ်ဂိုးသွင်းရဖို့ပဲ လုပ်ဆောင်ရပေမယ့် မော်ရင်ဟိုရဲ့ လက်အောက်မှာတော့ နောက်ချန်တိုက်စစ်မှုးနဲ့ ကျောနံပါတ် -၁၀ ဆန်တဲ့ ဘောလုံးဆင်းယူဖန်တီးရတာတွေပါ ပြုလပ်နေရပြီး ကစားပုံ ပြောင်းလဲခဲ့ရတာပါ။

ဒါ့အပြင် မော်ရင်ဟိုက ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲအပြီး အဝတ်လဲခန်းမှာ စပါးအသင်းသားတွေက အောင်ပွဲခံတာမျိုး မရှိဘဲ ဖုန်းကိုယ်စီနဲ့ ဖုန်းပွတ်နေကြတဲ့ ဓါတ်ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ ဖော်ပြခဲ့ပြီး နိုင်ပွဲရဲ့နောက်ကွယ်က ခေတ်သစ်အောင်ပွဲခံပုံစံအဖြစ် အရွှန်းဖောက် ရေးသားခဲ့ပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟယ္ရီကိန္းနဲ႔ဆြန္ေဟာင္မင္ အတြဲေအာင္ျမင္မႈအတြက္ ပိုခ်က္တီနိုကိုပါ ထုတ္ေဖာ္ဂုဏ္ျပဳခဲ့တဲ့ေမာ္ရင္ဟို

ဒီရာသီမွာ အတြဲညီညီေျခစြမ္းျပေနတဲ့ စပါးရဲ့ တိုက္စစ္အတြဲ ဟယ္ရီကိန္းနဲ႔ဆြန္ေဟာင္မင္တို႔ ၂ ေယာက္ဟာ ပရီးမီးယားလိဂ္ ၆ပြဲ ကစားၿပီးခ်ိန္မွာ တြဲဘက္သြင္းဂိုး (၉) ဂိုးအထိရွိလာခဲ့ၿပီျဖစ္ပါတယ္။

ဒါ့အျပင္ဆြန္ေဟာင္မင္ကလည္း လက္ရွိမွာ ဂိုးသြင္းအမ်ားဆုံးသြင္းသူအျဖစ္ ရပ္တည္လ်က္ရွိသလို စပါးကလည္း သြင္းဂိုးအမ်ားဆုံး အသင္းအျဖစ္ရွိေနတာျဖစ္ပါတယ္။

ဒီကစားသမားႏွစ္ဦးရဲ့ ပရီးမီးယားလိဂ္ စုစုေပါင္း တြဲဘက္သြင္းဂိုးကေတာ့ (၂၉) ဂိုးအထိရွိလာခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ သမိုင္းမွာ လမ္းပတ္နဲ႔ ဒေရာ့ဘာတို႔အတြဲၿပီးရင္ အမ်ားဆုံး ျဖစ္လာခဲ့ပါတယ္။

ဒီလိုတြဲဘက္ညီေနမွုနဲ႔ ပတ္သတ္ၿပီး ေမာ္ရင္ဟိုကေတာ့ သူတစ္ေယာက္တည္းေၾကာင့္မဟုတ္ဘဲ နည္းျပေဟာင္း ပိုခ်က္တီနိုကပါ ဂုဏ္ျပဳခံရဖို႔ ထိုက္တန္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

“အားလုံးနားလည္ေစခ်င္တာက သူတို႔စတြဲခဲ့တာ ပိုခ်က္တီနို ကိုင္တြယ္စဥ္ကာလကတည္းကဆိုတာပါပဲ။

အခုခ်ီးက်ဴးေနၾကတာေတြကို ကၽြန္ေတာ္ တစ္ေယာက္တည္း မခံယူလိုပါဘူး။ ပိုခ်က္တီနိုနဲ႔ မၽွေဝပါရေစ။

သူတို႔ႏွစ္ေယာက္က ပိုခ်က္တီႏို နည္းျပတာဝန္ယူခဲ့တဲ့ အခ်ိန္ကတည္းက အၾကာႀကီး တြဲကစားခဲ့ၾကၿပီးသားပါ။ ကစားပံုကေတာ့ အခုနဲ႔ေတာ့ တစ္ပုံစံတည္းတူခ်င္မွ တူမွာေပါ့။

အခု ကိန္းက အျမဲတမ္း နံပါတ္ (၉) ပုံစံကစားေနတာ မဟုတ္ဘူး။ ေနာက္ထပ္ ကၽြန္ေတာ္ပို ေက်နပ္တာရွိပါေသးတယ္။ ဒါကေတာ့ သူတို႔က ထိပ္တန္းကစားသမားေတြ ျဖစ္႐ုံသာမဟုတ္ဘူး။ သူငယ္ခ်င္းေတြလည္း ျဖစ္ေနၾကတာပဲ။

ဒီေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ မနာလိုတာမ်ိဳးလည္း မရွိၾကဘူး။ အသင္းအတြက္ပဲ ဦးတည္ၿပီး ကစားၾကတယ္” လို႔ ေမာ္ရင္ဟိုက ေျပာၾကားသြားခဲ႔ပါတယ္။

ဒီရာသီ စပါးရဲ့ သြင္းဂိုးေတြမွာ ဒီအတြဲရဲ့ အစြမ္းကို ထင္ေပၚေနေအာင္အေရးပါသလို လက္ရွိပရီးမီးယားလိဂ္မွာလည္း အေကာင္းဆုံး အတြဲအျဖစ္ စြမ္းေဆာင္ထားနိုင္တာျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာ အရင္တုန္းက ေက်ာနံပါတ္-၉ ရဲ႕ အဓိက ပံုစံျဖစ္တဲ႔ တိုက္စစ္မႈးစစ္စစ္အေနနဲ႔ အဆံုးသတ္ဂိုးသြင္းရဖို႔ပဲ လုပ္ေဆာင္ရေပမယ္႔ ေမာ္ရင္ဟိုရဲ႔ လက္ေအာက္မွာေတာ႔ ေနာက္ခ်န္တိုက္စစ္မႈးနဲ႔ ေက်ာနံပါတ္ -၁၀ ဆန္တဲ႔ ေဘာလံုးဆင္းယူဖန္တီးရတာေတြပါ ျပဳလပ္ေနရျပီး ကစားပံု ေျပာင္းလဲခဲ႔ရတာပါ။

ဒါ႔အျပင္ ေမာ္ရင္ဟိုက ျပီးခဲ႔တဲ႔ ဘန္ေလနဲ႔ပြဲအျပီး အ၀တ္လဲခန္းမွာ စပါးအသင္းသားေတြက ေအာင္ပြဲခံတာမ်ိဳး မရွိဘဲ ဖုန္းကိုယ္စီနဲ႔ ဖုန္းပြတ္ေနၾကတဲ႔ ဓါတ္ပံုကို သူ႔ရဲ႔ အင္စတာဂရမ္မွာ ေဖာ္ျပခဲ႔ျပီး ႏိုင္ပြဲရဲ႔ေနာက္ကြယ္က ေခတ္သစ္ေအာင္ပြဲခံပံုစံအျဖစ္ အရႊန္းေဖာက္ ေရးသားခဲ႔ပါေသးတယ္။