
ဟယ်ရီကိန်းဟာမနေ့ညတုန်းကဝက်စ်ဟမ်းကိုစပါးစ်ကရှုံးနိမ့်တဲ့ပွဲတွင်
သူ့ရဲ့မီချဲလ်အန်တိုနီယိုအားလူကပ်ညံ့ဖျင်းမှုကြောင့်အနိုင်ဂိုးပေးခဲ့ရမှုအတွက်
အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။
မနေ့ညတုန်းကလန်ဒန်ကွင်းတွင်ကစားခဲ့တဲ့လန်ဒန်ဒါဘီပွဲစဉ်တွင်
အန်တိုနီယိုဟာပွဲချိန်၇၂မိနစ်တွင်ဝက်စ်ဟမ်းအတွက်တစ်လုံးတည်းသော
အနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။
ယင်းအနိုင်ဂိုးမှာစပါးစ်အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့
အမှားကြောင့်ပေးလိုက်ရတာဆိုရင်လည်းမမှားပါဘူး။
အေရွန်ခရက်စ်ဝဲလ်ရဲ့ထောင့်ကန်ဘောကန်ရန်ပြင်နေစဉ်ဟယ်ရီကိန်းဟာ
အန်တိုနီယိုကိုလူကပ်ရန်တာဝန်ယူခဲ့ပါတယ်။ဒါပေမယ့်ဟယ်ရီကိန်းရဲ့
လူကပ်မှုလျှော့တိလျှော့ရဲနိုင်ခဲ့မှုနဲ့အတူအန်တိုနီယိုကအဖိုးတန်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။
ဟယ်ရီကိန်းဟာပြီးခဲ့တဲ့နွေရာသီတုန်းကစပါးစ်မှထွက်ခွာရန်မန်စီးတီးသို့
ပြောင်းရွှေ့ရန်ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။
စပါးစ်တိုက်စစ်မှူးဟောင်း ဂျာမိန်းဒီဖိုးကဟယ်ရီကိန်းမှာဘောလုံးကိုမြင်တွေ့ခြင်းမရှိကြောင်း
ဝေဖန်ခဲ့သလိုဘလက်ဘန်းနည်းပြဟောင်းဂရေမီဆောင်းနက်စ်ကလည်း
ဟယ်ရီကိန်းမှာပွဲအပေါ်တွင်အပြည့်အဝအာရုံစိုက်နေခဲ့ခြင်းမရှိကြောင်းဝေဖန်သွားပါတယ်။
ဝက်စ်ဟမ်းတိုက်စစ်မှူးအန်တိုနီယိုဟာဝက်စ်ဟမ်းအတွက်အဖိုးတန်အနိုင်ဂိုးကို
သွင်းယူပြီးနောက်ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကား Matrix မှဇာတ်ဝင်ခန်းမှ
ဇာတ်ဝင်ခန်းကဲ့သို့အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။
zawgyi
ဟယ္ရီကိန္းရဲ႕အန္တိုနီယိုအား လူကပ္ညံ့ဖ်င္းမႈေၾကာင့္ အႏိုင္ဂိုးေပးခဲ့ရ
ဟယ္ရီကိန္းဟာမေန႔ညတုန္းကဝက္စ္ဟမ္းကိုစပါးစ္ကရႈံးနိမ့္တဲ့ပြဲတြင္
သူ႔ရဲ႕မီခ်ဲလ္အန္တိုနီယိုအားလူကပ္ညံ့ဖ်င္းမႈေၾကာင့္အႏိုင္ဂိုးေပးခဲ့ရမႈအတြက္
အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။
မေန႔ညတုန္းကလန္ဒန္ကြင္းတြင္ကစားခဲ့တဲ့လန္ဒန္ဒါဘီပြဲစဥ္တြင္
အန္တိုနီယိုဟာပြဲခ်ိန္၇၂မိနစ္တြင္ဝက္စ္ဟမ္းအတြက္တစ္လုံးတည္းေသာ
အႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။ ယင္းအႏိုင္ဂိုးမွာစပါးစ္အသင္းေခါင္းေဆာင္
ဟယ္ရီကိန္းရဲ႕အမွားေၾကာင့္ေပးလိုက္ရတာဆိုရင္လည္းမမွားပါဘူး။
ေအ႐ြန္ခရက္စ္ဝဲလ္ရဲ႕ေထာင့္ကန္ေဘာကန္ရန္ျပင္ေနစဥ္ဟယ္ရီကိန္းဟာ
အန္တိုနီယိုကိုလူကပ္ရန္တာဝန္ယူခဲ့ပါတယ္။ဒါေပမယ့္ဟယ္ရီကိန္းရဲ႕
လူကပ္မႈေလွ်ာ့တိေလွ်ာ့ရဲႏိုင္ခဲ့မႈနဲ႔အတူအန္တိုနီယိုကအဖိုးတန္အႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။
ဟယ္ရီကိန္းဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကစပါးစ္မွထြက္ခြာရန္မန္စီးတီးသို႔
ေျပာင္းေ႐ႊ႕ရန္ႀကိဳးပမ္းခဲ့သူလည္းျဖစ္ပါတယ္။စပါးစ္တိုက္စစ္မႉးေဟာင္း
ဂ်ာမိန္းဒီဖိုးကဟယ္ရီကိန္းမွာေဘာလုံးကိုျမင္ေတြ႕ျခင္းမရွိေၾကာင္း
ေဝဖန္ခဲ့သလိုဘလက္ဘန္းနည္းျပေဟာင္းဂေရမီေဆာင္းနက္စ္ကလည္း
ဟယ္ရီကိန္းမွာပြဲအေပၚတြင္အျပည့္အဝအာ႐ုံစိုက္ေနခဲ့ျခင္းမရွိေၾကာင္းေဝဖန္သြားပါတယ္။
ဝက္စ္ဟမ္းတိုက္စစ္မႉးအန္တိုနီယိုဟာဝက္စ္ဟမ္းအတြက္အဖိုးတန္အႏိုင္ဂိုးကို
သြင္းယူၿပီးေနာက္ကမာၻေက်ာ္႐ုပ္ရွင္ဇာတ္ကား Matrix မွဇာတ္ဝင္ခန္းမွ
ဇာတ္ဝင္ခန္းကဲ့သို႔ေအာင္ပြဲခံခဲ့တာေတြ႕ရပါတယ္။