ဟယ်ရီကိန်း၊ လီဝန်ဒေါစကီးတို့နဲ့ယှဉ်ကာ လူကာကူကို အင်တာဂန္ထဝင်တွေ ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်တာမီလန်တိုက်စစ်မှူး လူကာကူအနေနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းထက် ပိုကောင်းတယ်လို့ အင်တာမီလန်ဂန္ထဝင်ကစားသမားကြီး နီကိုလာဗန်တိုလာက သုံးသပ်ခဲ့သလို အင်တာဂန္ထဝင်တိုက်စစ်မှူး ဗီယာရီကလည်း ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဆိုရင် အင်တာမှာ လူကာကူရဲ့ဂိုးသွင်းနှုန်းကို လိုက်မီနိုင်ဖို့ ရုန်းကန်ရနိုင်တယ်လို့ ဟောကိန်းထုတ်သွားပါတယ်။

အင်တာဟာ ၂၀၁၉ နွေရာသီက ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ နောက်ပိုင်း ရုန်းကန်ခဲ့ရတဲ့ လူကာကူလည်း စီးရီးအေမှာ ဂိုးသွင်းစွမ်းရည် ပြန်လည်ရရှိနေပါတယ်။

လူကာကူဟာ သူ့ရဲ့အင်တာကစားသမားဘ၀ ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံ ၃၄ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အင်တာနဲ့အတူ စီးရီးအေမှာ ဒုတိယရခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲလည်း တက်ရောက်နိုင်ခဲ့ကာ ယခုရာသီမှာလည်း ၁၃ ဂိုးသွင်းယူကာ ဆက်လက်ခြေစွမ်းပြနေပါတယ်။

သူဟာ အင်တာအတွက် စုစုပေါင်း ၆၆ပွဲမှာ ၄၇ဂိုးအထိ သွင်းယူထားနိုင်ရာ အင်တာတိုက်စစ်မှူးဟောင်း ဗန်တိုလာက လူကာကူကို ကမ္ဘာ့အကောင်းဆုံးကျောနံပါတ် ၉ကစားသမားအဖြစ် ကင်ပွန်းတပ်လိုက်သလို အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းထက်လည်း ပိုကောင်းသူအဖြစ် ချီးကျူးခဲ့ပါတယ်။

”လူကာကူက ဟယ်ရီကိန်းထက်ပိုကောင်းတယ်လို့ ထင်ပါတယ်”လု့ိ ဗန်တိုလာက ပြောပါတယ်။ တစ်ချိန်တုန်းက အင်တာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးအဖြစ် ဂိုးတွေအများအပြားသွင်းယူခဲ့သလို ရော်နယ်ဒို(ဒိုကြီး)နဲ့လည်း အတွဲအဖက်ညီခဲ့တဲ့ ဗီယာရီက ”တကယ်လို့ လူကာကူသာ ဘိုင်ယန်မှာကစားရင်လည်း လီဝန်ဒေါစကီးသွင်းသလောက်တော့ အေးဆေးသွင်းနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အင်တာမှာသာ လီဝန်ဒေါစကီးလာကစားရင် လူကာကူလောက် ဂိုးသွင်းနိုင်မှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

နောက်ထပ်အင်တာမီလန်တိုက်စစ်မှူဟောင်းဖြစ်တဲ့ ကက်ဆာနိုကလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ အင်တာတိုက်စစ်မှူးတွေအကြောင်း ဆွေးနွေးမှုမှာ ပါဝင်လာပါတယ်။

အီတလီလက်ရွေးစင်ဟောင်း ကက်ဆာနိုက လော်တာရိုမာတီနက်ဇ်အနေနဲ့ လူကာကူထက် ၅ဆလောက်ပိုကောင်းကြောင်း၊ သူက အာဂျင်တီးနားတစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ကားလို့စ်တေဗက်ဇ်နဲ့ အဂူရိုတို့ ပေါင်းစပ်ထားတာဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက စွမ်းဆောင်ရည်မျိုး ပြန်လည်ရရှိဖို့ ဒီရာသီမှာ ရုန်းကန်နေရပေမယ့် အလားအလာကောင်းတွေရှိသူအဖြစ် သတ်မှတ်ခံထားရပြီး အင်တာအတွက် ၁၀၁ ပွဲမှာ ၃၆ ဂိုးသွင်းယူထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ဟယ္ရီကိန္း၊ လီ၀န္ေဒါစကီးတုိ႔နဲ႔ယွဥ္ကာ လူကာကူကို အင္တာဂႏၳ၀င္ေတြ ခ်ီးက်ဴး

အင္တာမီလန္တုိက္စစ္မွဴး လူကာကူအေနနဲ႔ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းထက္ ပိုေကာင္းတယ္လုိ႔ အင္တာမီလန္ဂႏၳ၀င္ကစားသမားႀကီး နီကိုလာဗန္တုိလာက သုံးသပ္ခဲ့သလို အင္တာဂႏၳ၀င္တုိက္စစ္မွဴး ဗီယာရီကလည္း ဘုိင္ယန္ျမဴးနစ္တုိက္စစ္မွဴး လီ၀န္ေဒါစကီးဆုိရင္ အင္တာမွာ လူကာကူရဲ႕ဂိုးသြင္းႏႈန္းကို လုိက္မီႏိုင္ဖို႔ ႐ုန္းကန္ရႏိုင္တယ္လုိ႔ ေဟာကိန္းထုတ္သြားပါတယ္။

အင္တာဟာ ၂၀၁၉ ေႏြရာသီက ဘယ္လ္ဂ်ီယံလက္ေရြးစင္ လူကာကူကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၅သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ယူႏိုက္တက္မွာ ေနာက္ပိုင္း ႐ုန္းကန္ခဲ့ရတဲ့ လူကာကူလည္း စီးရီးေအမွာ ဂိုးသြင္းစြမ္းရည္ ျပန္လည္ရရွိေနပါတယ္။

လူကာကူဟာ သူ႕ရဲ႕အင္တာကစားသမားဘ၀ ပထမဆုံးရာသီမွာ ၿပိဳင္ပြဲစုံ ၃၄ဂိုးအထိ သြင္းယူႏုိင္ခဲ့ၿပီး အင္တာနဲ႔အတူ စီးရီးေအမွာ ဒုတိယရခဲ့သလုိ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲလည္း တက္ေရာက္ႏိုင္ခဲ့ကာ ယခုရာသီမွာလည္း ၁၃ ဂိုးသြင္းယူကာ ဆက္လက္ေျခစြမ္းျပေနပါတယ္။ သူဟာ အင္တာအတြက္ စုစုေပါင္း ၆၆ပြဲမွာ ၄၇ဂိုးအထိ သြင္းယူထားႏုိင္ရာ အင္တာတုိက္စစ္မွဴးေဟာင္း ဗန္တုိလာက လူကာကူကို ကမၻာ့အေကာင္းဆုံးေက်ာနံပါတ္ ၉ကစားသမားအျဖစ္ ကင္ပြန္းတပ္လုိက္သလုိ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းထက္လည္း ပိုေကာင္းသူအျဖစ္ ခ်ီးက်ဴးခဲ့ပါတယ္။
”လူကာကူက ဟယ္ရီကိန္းထက္ပိုေကာင္းတယ္လုိ႔ ထင္ပါတယ္”လု႔ိ ဗန္တုိလာက ေျပာပါတယ္။

တစ္ခ်ိန္တုန္းက အင္တာအသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴးအျဖစ္ ဂုိးေတြအမ်ားအျပားသြင္းယူခဲ့သလို ေရာ္နယ္ဒို(ဒိုႀကီး)နဲ႔လည္း အတြဲအဖက္ညီခဲ့တဲ့ ဗီယာရီက ”တကယ္လုိ႔ လူကာကူသာ ဘုိင္ယန္မွာကစားရင္လည္း လီ၀န္ေဒါစကီးသြင္းသေလာက္ေတာ့ ေအးေဆးသြင္းႏို္င္ပါလိမ့္မယ္။ ဒါေပမဲ့ အင္တာမွာသာ လီ၀န္ေဒါစကီးလာကစားရင္ လူကာကူေလာက္ ဂိုးသြင္းႏုိင္မွာမဟုတ္ပါဘူး”လုိ႔ ေျပာပါတယ္။ ေနာက္ထပ္အင္တာမီလန္တုိက္စစ္မွဴေဟာင္းျဖစ္တဲ့ ကက္ဆာႏိုကလည္း စိတ္လႈပ္ရွားစရာေကာင္းတဲ့ အင္တာတုိက္စစ္မွဴးေတြအေၾကာင္း ေဆြးေႏြးမႈမွာ ပါ၀င္လာပါတယ္။

အီတလီလက္ေရြးစင္ေဟာင္း ကက္ဆာႏိုက ေလာ္တာ႐ိုမာတီနက္ဇ္အေနနဲ႔ လူကာကူထက္ ၅ဆေလာက္ပိုေကာင္းေၾကာင္း၊ သူက အာဂ်င္တီးနားတစ္ႏိုင္ငံတည္းသားေတြျဖစ္တဲ့ ကားလုိ႔စ္ေတဗက္ဇ္နဲ႔ အဂူ႐ိုတုိ႔ ေပါင္းစပ္ထားတာျဖစ္ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ရွိ မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ရာသီက စြမ္းေဆာင္ရည္မ်ိဳး ျပန္လည္ရရွိဖို႔ ဒီရာသီမွာ ႐ုန္းကန္ေနရေပမယ့္ အလားအလာေကာင္းေတြရွိသူအျဖစ္ သတ္မွတ္ခံထားရၿပီး အင္တာအတြက္ ၁၀၁ ပဲြမွာ ၃၆ ဂိုးသြင္းယူထားပါတယ္။