
ဆောက်သမ်တန်အသင်းဟာရာသီအစရလဒ်ဆိုးရွားသော်လည်းချဲလ်ဆီးကဲ့သို့
နည်းပြအပြောင်းအလဲလုပ်မှုကိုအလျှင်စလိုလုပ်ဆောင်သွားမှာမဟုတ်ဘဲနည်းပြ
ဟာဆန်ဟူဆယ်လ်အပေါ်တွင်အပြည့်အဝယုံကြည်နေဆဲဖြစ်ကြောင်းသိရပါတယ်။
ဆောက်သမ်တန်အသင်းဟာယခုရာသီမှာပရီးမီးယားလိဂ်ပွဲစဉ်၇ပြီးသည်အထိ
တစ်ပွဲမျှနိုင်ပွဲမရရှိသေးပါဘူး။ဒါပေမယ့်ဆောက်သမ်တန်အမှုဆောင်ချုပ်
မာတင်ဆမ်မန်ကဩစတြီးယားလူမျိုးနည်းပြမှာအသင်းရဲ့အခြေအနေကိုအပြောင်
းအလဲဖြစ်အောင်လုပ်နိုင်မယ်လို့ယုံကြည်နေတုန်းဖြစ်ပါတယ်။
ဆောက်သမ်တန်တာဝန်ရှိသူများဟာဟာဆန်ဟူဆယ်လ်ရဲ့ဆောက်သမ်တန်ဟာ
ရလဒ်ပိုင်းမကောင်းမွန်သော်လည်းအသင်းရဲ့ခြေစွမ်းပိုင်းမှာကောင်းမွန်နေမှုနဲ့အတူ
နည်းပြအပေါ်တွင်ယုံကြည်မှုရှိနေတာလည်းဖြစ်ပါတယ်။
မာတင်ဆမ်မန်က “ကျွန်တော်တို့မှာစီမံကိန်းရှိထားပြီးသားပါ။ချဲလ်ဆီးအသင်းလိုမျို
းနှစ်တိုင်းနည်းပြအပြောင်းအလဲလုပ်၊ကစားသမားအပြောင်းအလဲလုပ်ရင်ဘာမှ
အောင်မြင်မှုရမှာမဟုတ်ပါဘူး။အောင်မြင်နိုင်တဲ့လမ်းကြောင်းမျိုးလည်းမဟုတ်ပါဘူး။
နိုင်ပွဲမရလို့ပျော်နေတဲ့သူမရှိပါဘူး”လို့ပြောကြားသွားပါတယ်။
ဆောက်သမ်တန်ဟာလာမယ့်စနေနေ့တွင်လိဒ်ယူနိုက်တက်ကိုဧည့်ခံကစားရမှာဖြစ်ပြီး
အောက်တိုဘာလ၂၃ရက်တွင်လည်းဘန်လေကိုဧည့်ခံကစားရမှာဖြစ်ရာနိုင်ပွဲပြန်လည်
တွေ့ရှိလာဖို့ရှိနေပါတယ်။
Zawgyi
ေဆာက္သမ္တန္အသင္းဟာရာသီအစရလဒ္ဆိုး႐ြားေသာ္လည္းခ်ဲလ္ဆီးကဲ့သို႔
နည္းျပအေျပာင္းအလဲလုပ္မႈကိုအလွ်င္စလိုလုပ္ေဆာင္သြားမွာမဟုတ္ဘဲနည္းျပ
ဟာဆန္ဟူဆယ္လ္အေပၚတြင္အျပည့္အဝယုံၾကည္ေနဆဲျဖစ္ေၾကာင္းသိရပါတယ္။
ေဆာက္သမ္တန္အသင္းဟာယခုရာသီမွာပရီးမီးယားလိဂ္ပြဲစဥ္၇ၿပီးသည္အထိ
တစ္ပြဲမွ်ႏိုင္ပြဲမရရွိေသးပါဘူး။ဒါေပမယ့္ေဆာက္သမ္တန္အမႈေဆာင္ခ်ဳပ္
မာတင္ဆမ္မန္ကဩစႀတီးယားလူမ်ိဳးနည္းျပမွာအသင္းရဲ႕အေျခအေနကိုအေျပာင္
းအလဲျဖစ္ေအာင္လုပ္ႏိုင္မယ္လို႔ယုံၾကည္ေနတုန္းျဖစ္ပါတယ္။
ေဆာက္သမ္တန္တာဝန္ရွိသူမ်ားဟာဟာဆန္ဟူဆယ္လ္ရဲ႕ေဆာက္သမ္တန္ဟာ
ရလဒ္ပိုင္းမေကာင္းမြန္ေသာ္လည္းအသင္းရဲ႕ေျခစြမ္းပိုင္းမွာေကာင္းမြန္ေနမႈနဲ႔အတူ
နည္းျပအေပၚတြင္ယုံၾကည္မႈရွိေနတာလည္းျဖစ္ပါတယ္။
မာတင္ဆမ္မန္က “ကြၽန္ေတာ္တို႔မွာစီမံကိန္းရွိထားၿပီးသားပါ။ခ်ဲလ္ဆီးအသင္းလိုမ်ိဳ
းႏွစ္တိုင္းနည္းျပအေျပာင္းအလဲလုပ္၊ကစားသမားအေျပာင္းအလဲလုပ္ရင္ဘာမွ
ေအာင္ျမင္မႈရမွာမဟုတ္ပါဘူး။ေအာင္ျမင္ႏိုင္တဲ့လမ္းေၾကာင္းမ်ိဳးလည္းမဟုတ္ပါဘူး။
ႏိုင္ပြဲမရလို႔ေပ်ာ္ေနတဲ့သူမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ေဆာက္သမ္တန္ဟာလာမယ့္စေနေန႔တြင္လိဒ္ယူႏိုက္တက္ကိုဧည့္ခံကစားရမွာျဖစ္ၿပီး
ေအာက္တိုဘာလ၂၃ရက္တြင္လည္းဘန္ေလကိုဧည့္ခံကစားရမွာျဖစ္ရာႏိုင္ပြဲျပန္လည္
ေတြ႕ရွိလာဖို႔ရွိေနပါတယ္။