ဟာဇက်ရဲ့ လှပတဲ့ ကန်ချက်အပါအဝင် ဟူစကာကို ဂိုးပြတ် အနိုင်ယူကာ ဇယားထိပ် ပြန်တက်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်အသင်းဟာ တန်းတက် ဟူစကာကို ဘာနေဗြူးမှာ ၄-၁ဂိုးနဲ့ အနိုင်ယူပြီး ဂိုးပြတ် နိုင်ပွဲတစ်ခု ရှာဖွေသွားနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ၁နှစ်ကျော် ဂိုးပေါက်ပျောက်နေတဲ့ အီဒင် ဟာဇက်လည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ယခုနှစ်ရာသီ ရီးရဲလ်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ ဟာဇက်ဟာ ပထမပိုင်းအတွင်း လှပတဲ့ အဝေးကန်ချက်နဲ့ ဂိုးသွင်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟာဇက်နဲ့အတူ ဘန်ဇီမာ၊ ဗယ်ဗာဒီတို့လည်း သွင်းဂိုးတွေ အသီးသီး ရယူသွားနိုင်ခဲ့ပါတယ်။


အဆိုပါ ပွဲစဉ်အတွင်း နောက်ခံလူ ရာမို့်စ် လာလီဂါ ပွဲ၅၀၀ပြည့် ပါဝင်ခွင့်ရခဲ့ပြီး သူ့ရဲ့ ခေါင်းတိုက်ချက်ကို ဟူစကာ ဂိုးသမား ဖာနန်ဒက်ဇ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲဦးထွက်သွင်းဂိုးကတော့ မိနစ် ၄၀မှာ ဟာဇက်က နွာကာလီကို ကျော်ဖြတ်ကာ ဂိုးဧရိယာအပြင်ဘက်ကနေ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။
၅မိနစ်အကြာမှာ ဒုတိယဂိုးရခဲ့ပြီး ဗယ်ဗာဒီရဲ့ ကန်တင်ပေးမှုကို ဘန်ဇီမာက ရင်ဘတ်နဲ့ တစ်ချက်ထိန်းကာ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၅၃မိနစ်မှာ ဟာဇက်နဲ့ ဘန်ဇီမာတို့ရဲ့ တွဲဖက်မှုကနေ ချပေးတာကို ဗယ်ဗာဒီက ပိတ်သွင်းယူကာ ရီးရဲလ်အတွက် တတိယဂိုး ရယူပေးခဲ့ပါတယ်။

ဟူစကာအတွက် နှစ်သိမ့်ဂိုးကိုတော့ ဖာရီရိုက ကော်တိုရစ်ကို ကျော်ပြီး သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးမှာတော့ ရိုဒရီဂိုရဲ့ ခေါင်းတိုက်ချပေးမှုကနေ ဘန်ဇီမာက စတုတ္ထဂိုး သွင်းပေးခဲ့ပါတယ်။
အဆိုပါ နိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဆိုစီဒက်ကို ပွဲတူအနေအထားနဲ့ ၂ဖြတ်ကာ ပထမနေရာမှာ ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဟူစကာကတော့ ယခုအချိန်ထိ နိုင်ပွဲ မရှိသေးပဲ ၈ပွဲကစားပြီးချိန် အဆင့်၁၈နေရာမှာ ရှိနေခဲ့ပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရီးရဲလ္မက္ဒရစ္အသင္းဟာ တန္းတက္ ဟူစကာကို ဘာေနျဗဴးမွာ ၄-၁ဂိုးနဲ႔ အႏိုင္ယူၿပီး ဂိုးျပတ္ ႏိုင္ပြဲတစ္ခု ရွာေဖြသြားႏိုင္ခဲ့ပါတယ္။ အဆိုပါ ပြဲစဥ္မွာ ၁ႏွစ္ေက်ာ္ ဂိုးေပါက္ေပ်ာက္ေနတဲ့ အီဒင္ ဟာဇက္လည္း ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ယခုႏွစ္ရာသီ ရီးရဲလ္အတြက္ ပထမဆုံး ပြဲထြက္ခြင့္ရခဲ့တဲ့ ဟာဇက္ဟာ ပထမပိုင္းအတြင္း လွပတဲ့ အေဝးကန္ခ်က္နဲ႔ ဂိုးသြင္းသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဟာဇက္နဲ႔အတူ ဘန္ဇီမာ၊ ဗယ္ဗာဒီတို႔လည္း သြင္းဂိုးေတြ အသီးသီး ရယူသြားႏိုင္ခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္အတြင္း ေနာက္ခံလူ ရာမို႔္စ္ လာလီဂါ ပြဲ၅၀၀ျပည့္ ပါဝင္ခြင့္ရခဲ့ၿပီး သူ႔ရဲ႕ ေခါင္းတိုက္ခ်က္ကို ဟူစကာ ဂိုးသမား ဖာနန္ဒက္ဇ္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။ ပြဲဦးထြက္သြင္းဂိုးကေတာ့ မိနစ္ ၄၀မွာ ဟာဇက္က ႏြာကာလီကို ေက်ာ္ျဖတ္ကာ ဂိုးဧရိယာအျပင္ဘက္ကေန လွလွပပ ကန္သြင္းသြားခဲ့တာ ျဖစ္ပါတယ္။
၅မိနစ္အၾကာမွာ ဒုတိယဂိုးရခဲ့ၿပီး ဗယ္ဗာဒီရဲ႕ ကန္တင္ေပးမႈကို ဘန္ဇီမာက ရင္ဘတ္နဲ႔ တစ္ခ်က္ထိန္းကာ ကန္သြင္းသြားခဲ့တာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ၅၃မိနစ္မွာ ဟာဇက္နဲ႔ ဘန္ဇီမာတို႔ရဲ႕ တြဲဖက္မႈကေန ခ်ေပးတာကို ဗယ္ဗာဒီက ပိတ္သြင္းယူကာ ရီးရဲလ္အတြက္ တတိယဂိုး ရယူေပးခဲ့ပါတယ္။
ဟူစကာအတြက္ ႏွစ္သိမ့္ဂိုးကိုေတာ့ ဖာရီ႐ိုက ေကာ္တိုရစ္ကို ေက်ာ္ၿပီး သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ပြဲၿပီးခါနီးမွာေတာ့ ႐ိုဒရီဂိုရဲ႕ ေခါင္းတိုက္ခ်ေပးမႈကေန ဘန္ဇီမာက စတုတၳဂိုး သြင္းေပးခဲ့ပါတယ္။
အဆိုပါ ႏိုင္ပြဲေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ ဆိုစီဒက္ကို ပြဲတူအေနအထားနဲ႔ ၂ျဖတ္ကာ ပထမေနရာမွာ ဦးေဆာင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဟူစကာကေတာ့ ယခုအခ်ိန္ထိ ႏိုင္ပြဲ မရွိေသးပဲ ၈ပြဲကစားၿပီးခ်ိန္ အဆင့္၁၈ေနရာမွာ ရွိေနခဲ့ပါတယ္။