ဟာဇက်အပေါ် စိတ်ရှည်ကြဖို့ ဇီဒန်း တိုက်တွန်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဇနက်ဒီ ဇီဒန်းက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘီဘာအိုအသင်းကို ( 2 – 1) ရှုံးနိမ့်ခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ ဟာဇက်အပေါ် စိတ်ရှည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ပွဲကစားချိန် ( ၇၃ ) မိနစ်မှာ ဘင်ဇီးမားက ရီးရဲမက်ဒရစ်အတွက် သွင်းဂိုးရယူနိုင်ခဲ့ပေမယ့် ဘီဘာအိုအသင်းက ပထမပိုင်းမှ ရာအူးလ် ဂါစီယာရဲ့ သွင်းဂိုး ( ၂ ) ဂိုးနဲ့အတူ စပိန်စူပါဖလား ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။
ဟာဇက်ဟာ အဆိုပါ ပွဲစဉ်မှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်သာ ရှိခဲ့ပြီး ဒုတိယပိုင်းမှာ အသက် ( ၂၀ ) အရွယ် တောင်ပံကစားသမား ဗင်နီဆီးယပ် ဂျူနီယာနဲ့ လူစားလဲခံခဲ့ရပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင်ဟာ စပိန်ကို ပြောင်းရွေ့လာပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရကာ ယခုရာသီ ပြိုင်ပွဲစုံ ( ၁၀ ) ပွဲ ကစားထာရာမှာ ( ၂ ) ဂိုးသာ ရရှိထာပြီး နိုဝင်ဘာလအတွင်း အင်တာမီလန်ကို ၂ဂိုး – ဂိုး မရှိ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ နောက်ဆုံးအကြိမ် သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြ ဇီဒန်းက အသက် ( ၃၀ ) အရွယ် ကစားသမားရဲ့ အကောင်းဆုံးပုံစံ ပြန်လည်ရရှိဖို့ အချိန်ပေးရန်လိုအပ်ကြောင်း ရီးရဲမက်ဒရစ် ပရိသတ်တွေကို အကြံပေးခဲ့ပါတယ်။ ဇီဒန်းက အဆိုပါ ပွဲစဉ်အပြီး ” စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အသင်းက ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်နေဖို့ လိုအပ်ပါတယ်။
ပရိသတ်တွေအနေနဲ့ သူ့ ( ဟာဇက် ) ကို စိတ်ကုန်နေပြီလို့ မထင်ပါဘူး။ စိတ်ရှည်ပေးဖို့ လိုပါတယ်။ ဒီနေ့ပွဲမှာက အီဒင် တစ်ဦးတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံး ဆိုးရွားတဲ့ပုံစံနဲ့ ပွဲကို ရင်ဆိုင်ကစားခဲ့တာပါ။ဒါပေမယ့် ဒုတိယပိုင်းမှာ သူ့အနေနဲ့ ပိုမိုကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ” Source : Goal
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi