ဟာဗက်ဇ်ရဲ့ခြေစွမ်းကို လီဖော့ ဝေဖန်ခဲ့ပြီး မေဆန်မောင့်နဲ့ ဟာဗက်ဇ်ဟာ ချဲလ်ဆီးအတွက် အသင့်မဖြစ်သေးဟု ပေါလ်စခိုး သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနှစ်ဘောလုံးရာသီအစမှာ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာနဲ့အတူ လက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ လေဗာကူဆင်က ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ် ဟာ ပေါင်သန်း ၇၀ နဲ့ ချဲလ်ဆီးကိုပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်ထိ ရုန်းကန် နေရဆဲဖြစ်သလို ပရိသတ်တွေရဲ့ဝေဖန်မှုကိုလည်းခံနေရပါတယ်။

လေဗာကူဆင် မှာ အဓိကကျတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ဟာဗက်ဇ် ဟာ ချဲလ်ဆီးကိုရောက်လာတဲ့အချိန်မှာတော့ ၁၇ ပွဲမှာ လိဂ်ဖလားပြိုင်ပွဲအတွက် ၃ ဂိုး၊ ပရီးမီးယားလိဂ်မှာ တစ်ဂိုးပဲသွင်းယူထားနိုင်ပြီး ပေးထားရတဲ့ပြောင်းရွှေ့ ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုးမပြသပေးနိုင်တာပါ။

ချဲလ်ဆီးနောက်ခံလူ ဟောင်းဖြစ်တဲ့ လီဖော့က “ဝုဗ်နဲ့ပွဲမှာ ဟာဗက်ဇ်ဟာ ပါတယ်လို့တောင်မထင်ရပါ ဘူး။ လမ်းပတ်ကတော့ သူ့ကိုအချိန်ပေးဖို့လိုတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ကျွန်တော်နားမလည်တာက သူ့ပုံစံက ယုံကြည်မှုပျောက်ဆုံးနေတဲ့ပုံမျိုးဖြစ်နေပြီး လေဗာကူဆင်တုန်းကနဲ့ တခြားစီပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ယူကစား သမားဟောင်း ပေါလ်စခိုးကတော့ ဟာဗက်ဇ်နဲ့ မေဆန်မောင့်တို့ဟာ ခြေစွမ်းရှိ ပြီး အလားအလာရှိတဲ့ ကစားသမားတွေဖြစ်ပေမယ့် အခုလိုမျိုးပြိုင်ဆိုင်မှုပြင်းထန် နေတဲ့ ပရီးမီးယားလိဂ်အချိန်မျိုးမှာ အဆင်သင့်မဖြစ်သေးဘဲ ချဲလ်ဆီးအတွက် နောက်တစ်ရာသီလောက် စောင့်စားသင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဝုဗ်နဲ့ပွဲမှာ ဟာဗက်ဇ်ရဲ့ကစားပုံဟာ ဖန်တီးပေးပို့မှုမရှိသလို ဇီယက်ချ်မပါနိုင်တဲ့ အချိန်မှာ ပူလီဆစ်နဲ့အတွဲအဖက်မိအောင် မလုပ်နိုင်ဘဲ ခြေစွမ်းလည်းမပြနိုင်ခဲ့ပါ ဘူး။ ပေါလ်စခိုးက “ချဲလ်ဆီးကွင်းလယ်မှာ ဖန်တီးမှုလိုတယ်လို့ မြင်ပါတယ်။ ကန်တီက သူ့အလုပ်သူလုပ်နေပေမယ့် မေဆန်မောင့်နဲ့ ဟာဗက်ဇ်တို့လို ကစား သမားတွေက ချဲလ်ဆီးအတွက် ဒီအချိန်မှာ အဆင်သင့်မဖြစ်သေးပါဘူး။

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ချဲလ်ဆီး ပါဝင်ယှဉ်ပြိုင်ဖို့အတွက်ဆိုရင် ဒီကစား သမား ၂ ယောက်အတွက် စောပါသေးတယ်။ သူတို့အဆင်သင့်မဖြစ်သေးပါဘူး။ ဒီနှစ်ဘောလုံးရာသီမှာ အတွေ့အကြုံတွေယူရဦးမှာပါ” လို့ မှတ်ချက်ပြုသွားခဲ့ပါ တယ်။

နည်းပြလမ်းပတ်ကတော့ သူ့ရဲ့ကစားသမားတွေကို ကာကွယ်ပြော ကြားထားပြီး မကြာခင်မှာ အကောင်းဆုံးခြေစွမ်းပြလာနိုင်မယ်လို့ ယုံကြည်နေ ပါတယ်။

အခုဆိုရင် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ ဝုဗ်တို့ကို အဝေး ကွင်း ၂ ပွဲဆက်တိုက် ရှုံးနိမ့်သွားခဲ့ပြီး ရုန်းကန်နေရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟာဗက္ဇ္ရဲ႕ေျခစြမ္းကို လီေဖာ့ ေဝဖန္ခဲ့ၿပီး ေမဆန္ေမာင့္နဲ႔ ဟာဗက္ဇ္ဟာ ခ်ဲလ္ဆီးအတြက္ အသင့္မျဖစ္ေသးဟု ေပါလ္စခိုး သုံးသပ္

ဒီႏွစ္ေဘာလုံးရာသီအစမွာ ဂ်ာမနီတိုက္စစ္မႉး တီမိုဝါနာနဲ႔အတူ လက္ေ႐ြးစင္ အသင္းေဖာ္ျဖစ္တဲ့ ေလဗာကူဆင္က ကြင္းလယ္တိုက္စစ္ကစားသမား ဟာဗက္ဇ္ ဟာ ေပါင္သန္း ၇၀ နဲ႔ ခ်ဲလ္ဆီးကိုေျပာင္းေ႐ႊ႕လာခဲ့ၿပီး လက္ရွိအခ်ိန္ထိ ႐ုန္းကန္ ေနရဆဲျဖစ္သလို ပရိသတ္ေတြရဲ႕ေဝဖန္မႈကိုလည္းခံေနရပါတယ္။ ေလဗာကူဆင္ မွာ အဓိကက်တဲ့ကစားသမားတစ္ဦးျဖစ္ခဲ့ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ဟာဗက္ဇ္ ဟာ ခ်ဲလ္ဆီးကိုေရာက္လာတဲ့အခ်ိန္မွာေတာ့ ၁၇ ပြဲမွာ လိဂ္ဖလားၿပိဳင္ပြဲအတြက္ ၃ ဂိုး၊ ပရီးမီးယားလိဂ္မွာ တစ္ဂိုးပဲသြင္းယူထားႏိုင္ၿပီး ေပးထားရတဲ့ေျပာင္းေ႐ႊ႕ ေၾကးနဲ႔ ထိုက္တန္တဲ့ေျခစြမ္းမ်ိဳးမျပသေပးႏိုင္တာပါ။

ခ်ဲလ္ဆီးေနာက္ခံလူ ေဟာင္းျဖစ္တဲ့ လီေဖာ့က “ဝုဗ္နဲ႔ပြဲမွာ ဟာဗက္ဇ္ဟာ ပါတယ္လို႔ေတာင္မထင္ရပါ ဘူး။ လမ္းပတ္ကေတာ့ သူ႔ကိုအခ်ိန္ေပးဖို႔လိုတယ္လို႔ ေျပာထားပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္နားမလည္တာက သူ႔ပုံစံက ယုံၾကည္မႈေပ်ာက္ဆုံးေနတဲ့ပုံမ်ိဳးျဖစ္ေနၿပီး ေလဗာကူဆင္တုန္းကနဲ႔ တျခားစီပါပဲ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။ မန္ယူကစား သမားေဟာင္း ေပါလ္စခိုးကေတာ့ ဟာဗက္ဇ္နဲ႔ ေမဆန္ေမာင့္တို႔ဟာ ေျခစြမ္းရွိ ၿပီး အလားအလာရွိတဲ့ ကစားသမားေတြျဖစ္ေပမယ့္ အခုလိုမ်ိဳးၿပိဳင္ဆိုင္မႈျပင္းထန္ ေနတဲ့ ပရီးမီးယားလိဂ္အခ်ိန္မ်ိဳးမွာ အဆင္သင့္မျဖစ္ေသးဘဲ ခ်ဲလ္ဆီးအတြက္ ေနာက္တစ္ရာသီေလာက္ ေစာင့္စားသင့္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ဝုဗ္နဲ႔ပြဲမွာ ဟာဗက္ဇ္ရဲ႕ကစားပုံဟာ ဖန္တီးေပးပို႔မႈမရွိသလို ဇီယက္ခ်္မပါႏိုင္တဲ့ အခ်ိန္မွာ ပူလီဆစ္နဲ႔အတြဲအဖက္မိေအာင္ မလုပ္ႏိုင္ဘဲ ေျခစြမ္းလည္းမျပႏိုင္ခဲ့ပါ ဘူး။ ေပါလ္စခိုးက “ခ်ဲလ္ဆီးကြင္းလယ္မွာ ဖန္တီးမႈလိုတယ္လို႔ ျမင္ပါတယ္။ ကန္တီက သူ႔အလုပ္သူလုပ္ေနေပမယ့္ ေမဆန္ေမာင့္နဲ႔ ဟာဗက္ဇ္တို႔လို ကစား သမားေတြက ခ်ဲလ္ဆီးအတြက္ ဒီအခ်ိန္မွာ အဆင္သင့္မျဖစ္ေသးပါဘူး။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ခ်ဲလ္ဆီး ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ဆိုရင္ ဒီကစား သမား ၂ ေယာက္အတြက္ ေစာပါေသးတယ္။ သူတို႔အဆင္သင့္မျဖစ္ေသးပါဘူး။ ဒီႏွစ္ေဘာလုံးရာသီမွာ အေတြ႕အႀကဳံေတြယူရဦးမွာပါ” လို႔ မွတ္ခ်က္ျပဳသြားခဲ့ပါ တယ္။

နည္းျပလမ္းပတ္ကေတာ့ သူ႔ရဲ႕ကစားသမားေတြကို ကာကြယ္ေျပာ ၾကားထားၿပီး မၾကာခင္မွာ အေကာင္းဆုံးေျခစြမ္းျပလာႏိုင္မယ္လို႔ ယုံၾကည္ေန ပါတယ္။ အခုဆိုရင္ ခ်ဲလ္ဆီးဟာ ပရီးမီးယားလိဂ္မွာ အဲဗာတန္နဲ႔ ဝုဗ္တို႔ကို အေဝး ကြင္း ၂ ပြဲဆက္တိုက္ ရႈံးနိမ့္သြားခဲ့ၿပီး ႐ုန္းကန္ေနရပါတယ္။