ဟာဗက်ဇ် အောင်ပွဲခံခဲ့ရာမှာ လက်သန်းရိုးကျိုးတဲ့အထိဖြစ်ခဲ့

ချဲလ်ဆီးက စပါးကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်
ပထမအကျော့မှာ ချဲလ်ဆီးတိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ဟာ

အဖွင့်ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့ရာမှာ လက်သန်းရိုးကျိုးတဲ့အထိ
ဖြစ်ခဲ့ပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ ဟာဗက်ဇ် ဟာ

ပွဲချိန် ၅ မိနစ်ကတည်းက အလွန်ဆိုရဲ့ပေးပို့မှုကနေတစ်ဆင့်

ချဲလ်ဆီးအတွက်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ သူ့ကန်ချက်ဟာ
စပါးနောက်ခံလူ ဒါဗီဆင်ဆန်းချက်ဇ်နဲ့ထိပြီး

ဂိုးဝင်သွားတာဖြစ်ပေမယ့် ဟာဗက်ဇ် ရဲ့ဂိုးလို့ဘဲသတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အလွန်ဆိုဟာ စပါးက တန်ဂါဂါရဲ့ဘောလုံးအပေးမှားမှုကိုအခွင့်ကောင်းယူကာ

ဟာဗက်ဇ် ဆီပေးပို့ခဲ့ရာကတစ်ဆင့်ချဲလ်ဆီးဂိုးရရှိသွားတာဖြစ်ပါတယ်။


ဒီလိုအစောပိုင်းကတည်းက ဂိုးရလိုက်တဲ့အတွက် အပျော်လွန်ပြီး

ကစားဖော်တွေကသူ့ဆီကိုအပြေးအလွှားလာရောက်အောင်ပွဲခံခဲ့ရာမှာ
ညာဘက်လက်သန်းရိုးကိုထိခိုက်မိသွားတာဖြစ်ပါတယ်။

ကစားဖော်တွေကသူ့ကိုပွေ့ဖက်ကြတဲ့အချိန်မှာ ဟာဗက်ဇ် ဟာလက်ကို

ထိခိုက်မိတဲ့ဝေဒနာကြောင့် မသက်မသာဖြစ်နေတဲ့ပုံကိုလည်းတွေ့ခဲ့ရပါတယ်။
နောက်ပိုင်းမှာသူ့ကိုဆေးအဖွဲ့ကကုသပေးခဲ့ပြီး ဒဏ်ရာကိုပတ်တီးစီးခဲ့ရတာကြောင့်

အေးလို့ဝတ်ထားရတဲ့သူ့လက်အိတ်တစ်ဖက်ကိုတော့ချွတ်လိုက်ရပါတယ်။
သူဟာဒဏ်ရာနာကျင်နေရဲ့နဲ့ဆက်ကစားခဲ့ပေမယ့်

ဆေးအဖွဲ့ရဲ့အကြံပေးချက်အရနည်းပြ တူချယ်ကဆက်မကစားခိုင်းတော့ဘဲ

ပထမပိုင်းပြီးချိန်မှာတီမိုဝါနာနဲ့ လူစားလဲလိုက်ရပါတယ်။

ဒါကြောင့်လည်း ချဲလ်ဆီးပရိသတ်အချို့က ဟာဗက်ဇ် ဒဏ်ရာရခဲ့တာ
ကိုတွစ်တာပေါ်မှာတင်ခဲ့ပြီး ဂိုးသွင်းလို့ ကစားဖော်တွေရဲ့အပြစ်ပေးခြင်းကိုခံခဲ့ရတဲ့

ဟာဗက်ဇ် ဆိုပြီးမှတ်ချက်ရေးသားခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကလည်း ဟာဗက်ဇ်တစ်ယောက်
လက်ချောင်းရိုးကျိုးသွားတယ်လို့ အတည်ပြုခဲ့ပါတယ်။

လူစားဝင်လာတဲ့ ဝါနာ ဟာဒဏ်ရာကြောင့် ဒီဇင်ဘာ ၁၁ ကတည်းက
မကစားနိုင်ခဲ့တာဖြစ်ပြီး စပါးနဲ့ပွဲရောက်မှပထမဆုံးပြန်ကစားခဲ့ရတာဖြစ်ပါတယ်။

ဟာဗက်ဇ်ရဲ့ဒဏ်ရာဟာသူ့ကစားပုံကိုဘာမှထိခိုက်ဖို့မရှိပေမယ့်

ပွဲချိန်အတွင်းမှာမလိုလားအပ်တဲ့ပြဿနာဖြစ်မှာစိုးလို့ ချက်စတာဖီးလ်နဲ့ကစားမယ့်
အက်ဖ်အေဖလားပွဲမှာပါဝင်နိုင်ဖို့မသေချာကြောင်းလည်း သိရပါတယ်။

zawgyi
ဟာဗက္ဇ္ ေအာင္ပြဲခံခဲ့ရာမွာ လက္သန္း႐ိုးက်ိဳးတဲ့အထိျဖစ္ခဲ့

ခ်ဲလ္ဆီးက စပါးကို ၂-၀ နဲ႔အႏိုင္ရခဲ့တဲ့ ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္

ပထမအေက်ာ့မွာ ခ်ဲလ္ဆီးတိုက္စစ္မႉး ကိုင္ဟာဗက္ဇ္ဟာ
အဖြင့္ဂိုးသြင္းယူၿပီးေနာက္ ေအာင္ပြဲခံခဲ့ရာမွာ လက္သန္း႐ိုးက်ိဳးတဲ့အထိ

ျဖစ္ခဲ့ပါတယ္။ အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ ဟာဗက္ဇ္ ဟာ
ပြဲခ်ိန္ ၅ မိနစ္ကတည္းက အလြန္ဆိုရဲ႕ေပးပို႔မႈကေနတစ္ဆင့္

ခ်ဲလ္ဆီးအတြက္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ သူ႔ကန္ခ်က္ဟာ

စပါးေနာက္ခံလူ ဒါဗီဆင္ဆန္းခ်က္ဇ္နဲ႔ထိၿပီး
ဂိုးဝင္သြားတာျဖစ္ေပမယ့္ ဟာဗက္ဇ္ ရဲ႕ဂိုးလို႔ဘဲသတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

အလြန္ဆိုဟာ စပါးက တန္ဂါဂါရဲ႕ေဘာလုံးအေပးမွားမႈကိုအခြင့္ေကာင္းယူကာ
ဟာဗက္ဇ္ ဆီေပးပို႔ခဲ့ရာကတစ္ဆင့္ခ်ဲလ္ဆီးဂိုးရရွိသြားတာျဖစ္ပါတယ္။

ဒီလိုအေစာပိုင္းကတည္းက ဂိုးရလိုက္တဲ့အတြက္ အေပ်ာ္လြန္ၿပီး

ကစားေဖာ္ေတြကသူ႔ဆီကိုအေျပးအလႊားလာေရာက္ေအာင္ပြဲခံခဲ့ရာမွာ
ညာဘက္လက္သန္း႐ိုးကိုထိခိုက္မိသြားတာျဖစ္ပါတယ္။

ကစားေဖာ္ေတြကသူ႔ကိုေပြ႕ဖက္ၾကတဲ့အခ်ိန္မွာ ဟာဗက္ဇ္ ဟာလက္ကို
ထိခိုက္မိတဲ့ေဝဒနာေၾကာင့္ မသက္မသာျဖစ္ေနတဲ့ပုံကိုလည္းေတြ႕ခဲ့ရပါတယ္။

ေနာက္ပိုင္းမွာသူ႔ကိုေဆးအဖြဲ႕ကကုသေပးခဲ့ၿပီး ဒဏ္ရာကိုပတ္တီးစီးခဲ့ရတာေၾကာင့္

ေအးလို႔ဝတ္ထားရတဲ့သူ႔လက္အိတ္တစ္ဖက္ကိုေတာ့ခြၽတ္လိုက္ရပါတယ္။
သူဟာဒဏ္ရာနာက်င္ေနရဲ႕နဲ႔ဆက္ကစားခဲ့ေပမယ့္

ေဆးအဖြဲ႕ရဲ႕အႀကံေပးခ်က္အရနည္းျပ တူခ်ယ္ကဆက္မကစားခိုင္းေတာ့ဘဲ
ပထမပိုင္းၿပီးခ်ိန္မွာတီမိုဝါနာနဲ႔ လူစားလဲလိုက္ရပါတယ္။

ဒါေၾကာင့္လည္း ခ်ဲလ္ဆီးပရိသတ္အခ်ိဳ႕က ဟာဗက္ဇ္ ဒဏ္ရာရခဲ့တာ

ကိုတြစ္တာေပၚမွာတင္ခဲ့ၿပီး ဂိုးသြင္းလို႔ ကစားေဖာ္ေတြရဲ႕အျပစ္ေပးျခင္းကိုခံခဲ့ရတဲ့
ဟာဗက္ဇ္ ဆိုၿပီးမွတ္ခ်က္ေရးသားခဲ့ၾကတာကိုလည္းေတြ႕ရပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကလည္း ဟာဗက္ဇ္တစ္ေယာက္
လက္ေခ်ာင္း႐ိုးက်ိဳးသြားတယ္လို႔ အတည္ျပဳခဲ့ပါတယ္။

လူစားဝင္လာတဲ့ ဝါနာ ဟာဒဏ္ရာေၾကာင့္ ဒီဇင္ဘာ ၁၁ ကတည္းက

မကစားႏိုင္ခဲ့တာျဖစ္ၿပီး စပါးနဲ႔ပြဲေရာက္မွပထမဆုံးျပန္ကစားခဲ့ရတာျဖစ္ပါတယ္။
ဟာဗက္ဇ္ရဲ႕ဒဏ္ရာဟာသူ႔ကစားပုံကိုဘာမွထိခိုက္ဖို႔မရွိေပမယ့္

ပြဲခ်ိန္အတြင္းမွာမလိုလားအပ္တဲ့ျပႆနာျဖစ္မွာစိုးလို႔ ခ်က္စတာဖီးလ္နဲ႔ကစားမယ့္
အက္ဖ္ေအဖလားပြဲမွာပါဝင္ႏိုင္ဖို႔မေသခ်ာေၾကာင္းလည္း သိရပါတယ္။