
ရာဖ် ရန်းနစ်ခ်ဟာ အာလင်း ဟာလန်းကို မန်ချက်စတာ ယူနိုက်တက်ထံ
ခေါ်ယူနိုင်ဖို့ အသည်းအသန်ကြိုးစားနေပြီး ကစားသမားရဲ့ ဖခင်ဖြစ်သူနဲ့
တွေ့ဆုံခဲ့ကြောင်း မန်ချက်စတာ ညနေခင်းသတင်းအရ သိရပါတယ်။
ဘိုရပ်ရှား ဒေါ့မွန် တိုက်စစ်မှူးဟာ ဘွန်ဒက်စ်လီဂါကို အပြောင်းရွေ့မီ
ယူနိုက်တက်ထံ ရောက်ရှိဖို့နီးစပ်ခဲ့ပြီး အိုလေ ဂန်းနား ဆိုးရှားအနေနဲ့
မခေါ်ယူနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်ခဲ့ရပါတယ်။
ဒေါ့မွန်အသင်းထံ ရောက်ရှိပြီးနောက်ပိုင်း ဟာလန်းက ( ၇၄ ) ပွဲမှာ
( ၇၆ )ဂိုး သွင်းယူထားကာ ကမ္ဘာ့ဘောလုံးလောကရဲ့
ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့ပါတယ်။
ရာသီကုန်မှာ ဟာလန်းကို ယူရို ( ၇၅ ) သန်းတည်းနဲ့ ခေါ်ယူနိုင်မယ့်
အခွင့်အရေးရှိနေပြီး တိုက်စစ်မှူးကလည်း ဒေါ့မွန်ကနေ
ပြောင်းရွေ့ဖို့ အလားအလာများနေပါတယ်။
လာမယ့်နွေရာသီကစပြီး အိုးထရတ်ဖို့ဒ်မှာ အကြံပေးအနေနဲ့
( ၂ ) ရာသီကြာဆောင်ရွက်မယ့် ရန်းနစ်ခ်က ဟာလန်းရဲ့
ဖခင် Alf-Inge နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပါတယ်။
အသက် ( ၆၃ ) နှစ်အရွယ် နည်းပြ အာဘီ ဆဲလ်ဘတ်မှာ ရှိနေစဉ်
ဟာလန်းကို ဒေါ့မွန်အသင်းထံ ပြောင်းရွေ့နိုင်ဖို့ ကူညီပေးခဲ့ပြီး
ယခုတခါမှာတော့ Alf-Inge နဲ့ ယခင်ဆက်ဆံရေးရှိခဲ့မှုကို အသုံးချပြီး
ကစားသမားခေါ်ယူရာမှာ အသာစီးရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
သရဲနီတို့အနေနဲ့ ဟာလန်းကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာ ၊ ရီးရဲမက်ဒရစ် ၊
ဘိုင်ယန်မြူးနစ် အပြင် မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ပါ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ယူနိုက်တက်အနေနဲ့ စူပါစတားကို ခေါ်ယူနိုင်ဖို့ အနည်းဆုံး အဆင့် ( ၄ ) အတွင်းကနေ
ရာသီကုန်ဆုံးပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ လိုအပ်ပါတယ်။
ဟာလန်းရဲ့ အေးဂျင့် မီနို ရွိုင်းအိုလာကတော့ သူ့ရဲ့ ကစားသမားဟာ
ဘယ်အသင်းနဲ့မျှ အကြိုသဘောတူညီမှု မရှိသေးပဲ ဖြစ်နိုင်ဖွယ်အသင်းအားလုံးကို
စဉ်းစားနေဆဲဖြစ်ကြောင်း ပြောဆိုထားပါတယ်။
zawgyi
ဟာလန္းကို ေခၚဖို႔ သူ႔အေဖကို ကပ္ေနတဲ့ ရန္းနစ္ခ္
ရာဖ္ ရန္းနစ္ခ္ဟာ အာလင္း ဟာလန္းကို မန္ခ်က္စတာ ယူႏိုက္တက္ထံ
ေခၚယူႏိုင္ဖို႔ အသည္းအသန္ႀကိဳးစားေနၿပီး ကစားသမားရဲ႕ ဖခင္ျဖစ္သူနဲ႔
ေတြ႕ဆုံခဲ့ေၾကာင္း မန္ခ်က္စတာ ညေနခင္းသတင္းအရ သိရပါတယ္။
ဘိုရပ္ရွား ေဒါ့မြန္ တိုက္စစ္မႉးဟာ ဘြန္ဒက္စ္လီဂါကို အေျပာင္းေ႐ြ႕မီ
ယူႏိုက္တက္ထံ ေရာက္ရွိဖို႔နီးစပ္ခဲ့ၿပီး အိုေလ ဂန္းနား ဆိုးရွားအေနနဲ႔
မေခၚယူႏိုင္ခဲ့တဲ့အေပၚ စိတ္ပ်က္ခဲ့ရပါတယ္။
ေဒါ့မြန္အသင္းထံ ေရာက္ရွိၿပီးေနာက္ပိုင္း ဟာလန္းက ( ၇၄ ) ပြဲမွာ
( ၇၆ )ဂိုး သြင္းယူထားကာ ကမာၻ႔ေဘာလုံးေလာကရဲ႕
ေၾကာက္စရာအေကာင္းဆုံးတိုက္စစ္မႉးတစ္ဦးျဖစ္လာခဲ့ပါတယ္။
ရာသီကုန္မွာ ဟာလန္းကို ယူ႐ို ( ၇၅ ) သန္းတည္းနဲ႔ ေခၚယူႏိုင္မယ့္
အခြင့္အေရးရွိေနၿပီး တိုက္စစ္မႉးကလည္း ေဒါ့မြန္ကေန
ေျပာင္းေ႐ြ႕ဖို႔ အလားအလာမ်ားေနပါတယ္။
လာမယ့္ေႏြရာသီကစၿပီး အိုးထရတ္ဖို႔ဒ္မွာ အႀကံေပးအေနနဲ႔
( ၂ ) ရာသီၾကာေဆာင္႐ြက္မယ့္ ရန္းနစ္ခ္က ဟာလန္းရဲ႕
ဖခင္ Alf-Inge နဲ႔ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူျဖစ္ပါတယ္။
အသက္ ( ၆၃ ) ႏွစ္အ႐ြယ္ နည္းျပ အာဘီ ဆဲလ္ဘတ္မွာ ရွိေနစဥ္
ဟာလန္းကို ေဒါ့မြန္အသင္းထံ ေျပာင္းေ႐ြ႕ႏိုင္ဖို႔ ကူညီေပးခဲ့ၿပီး
ယခုတခါမွာေတာ့ Alf-Inge နဲ႔ ယခင္ဆက္ဆံေရးရွိခဲ့မႈကို အသုံးခ်ၿပီး
ကစားသမားေခၚယူရာမွာ အသာစီးရဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။
သရဲနီတို႔အေနနဲ႔ ဟာလန္းကို ေခၚယူႏိုင္ဖို႔ ဘာစီလိုနာ ၊ ရီးရဲမက္ဒရစ္ ၊
ဘိုင္ယန္ျမဴးနစ္ အျပင္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာ စီးတီးနဲ႔ပါ ယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။
ယူႏိုက္တက္အေနနဲ႔ စူပါစတားကို ေခၚယူႏိုင္ဖို႔ အနည္းဆုံး အဆင့္ ( ၄ ) အတြင္းကေန
ရာသီကုန္ဆုံးၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ လိုအပ္ပါတယ္။
ဟာလန္းရဲ႕ ေအးဂ်င့္ မီႏို ႐ြိဳင္းအိုလာကေတာ့ သူ႔ရဲ႕ ကစားသမားဟာ
ဘယ္အသင္းနဲ႔မွ် အႀကိဳသေဘာတူညီမႈ မရွိေသးပဲ ျဖစ္ႏိုင္ဖြယ္အသင္းအားလုံးကို
စဥ္းစားေနဆဲျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။