ဟာလန်းကို ခေါ်ယူဖို့ကြိုးစားနေတဲ့ ဘိုင်ယန်ရဲ့ လုပ်ရပ်ကို ဒေါ့မန်ပရိသတ်တွေစိုးရိမ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မန်တိုက်စစ်မှူး အာလင်းဟာလန်းကို ဘွန်ဒက်စ်လီဂါမှာ ကစားသမားလုံးဝအခြေကျတာနဲ့ ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဟာလန်းဟာ ၂၀၂၀ ဇန်နဝါရီလက ဩစတြီးယားကလပ် ဆဲလ်ဘတ်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ နဲ့ ဒေါ့မန်ကိုရောက်ရှိလာသူဖြစ်ပါတယ်။

အဲဒီတုန်းက ဟာလန်းကို မန်ယူအပြင် ဘိုင်ယန်မြူးနစ်ကပါခေါ်ဖို့ စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် ဘိုင်ယန်ဟာ အဲဒီအချိန်တုန်းက လီဝန်ဒေါစကီး အကောင်းဆုံးခြေစွမ်းရနေချိန်ဖြစ်လို့ အရန်အဖြစ်သာ အသုံးပြုဖို့ ရည်ရွယ်ထားတာကြောင့် ဟာလန်းအတွက်တရားဝင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ အပြင် သူ့အေးဂျင့် ရွိုင်အိုလာကို ပေးရမယ့် ကော်မရှင်ကြေး တွေကများလွန်းတယ်လို့ ဆိုပြီး နောက်ဆုတ်သွားခဲ့ပါတယ်။

သတင်းတွေအရ ဟာလန်းအတွက် ဒေါ့မန်ရဲ့ကုန်ကျမှုက ယူရို ၅၅ သန်းအထိရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဟာလန်းဟာဒေါ့မန်မှာ မယုံနိုင်စရာကောင်းလောက်အောင် အထိုင်ကျမြန်ခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာရော ချန်ပီယံလိဂ်မှာပါခြေစွမ်းပြနေတဲ့သူဖြစ်ကာ ဒေါ့မန်ကိုရောက်ပြီးတစ်နှစ်မပြည့်ခင်မှာဘဲ ပြိုင်ပွဲစုံမှာ ၃၃ ဂိုးသွင်းယူခဲ့ပါတယ်။

ဒါကြောင့်လည်း ဟာလန်းရဲ့တိုးတက်မှုကို ဘိုင်ယန်မြူးနစ်က သေချာစွာစောင့်ကြည့်နေခဲ့ပြီး ဘိုင်ယန်အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ဟာလန်းရဲ့တိုးတက်မှုနဲ့ ခြေစွမ်းကို သူတို့မျက်ခြေမပြတ်ပါဘူးလို့ မကြာသေးခင်ကပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အမှုဆောင်အရာရှိ ရူမင်နစ်ဂီကလည်း ဘွန်ဒက်စ်လီဂါမှာ ဟာလန်းကောင်းစွာအခြေကျတာနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ဆိုထားပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဂျာမနီထိပ်သီးဖြစ်တဲ့အပြင် ဥရောပဘောလုံးလောကမှာ အောင်မြင်နေတဲ့ အသင်းလည်းဖြစ်တဲ့အတွက် ပြည်တွင်းမှာ တစ်ခြားအသင်းတွေထက်အခွင့်အရေးပိုရလေ့ရှိပါတယ်။ သူဟာ ဘွန်ဒက်စ်လီဂါမှာရှိနေတဲ့ ဂျာမနီရဲ့အကောင်းဆုံး ကစားသမားတွေကိုသာမက နိုင်ငံခြားက ကစားသမားကောင်းတွေကိုပါ ခေါ်ယူတဲ့အစဉ်အလာရှိပြီး ပြည်တွင်းကလပ်တွေကလည်း ဘိုင်ယန်ရဲ့ဩဇာနဲ့‌ ငွေကြေးပေးနိုင်မှုတို့ကို လွန်ဆန်နိုင်စွမ်းမရှိပါဘူး။

ဘိုင်ယန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း ဒေါ့မန်ရဲ့အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူခဲ့တဲ့အစဉ်အလာရှိခဲ့ပါတယ်။ လီဝန်ဒေါစကီး၊ မတ်ဟမ်မဲလ်၊ တော်စတင်ဖရင်း၊ ဂေါ့ဇီ အစရှိတဲ့သူတွေကို ခေါ်ယူသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ့မန် ပရိသတ်တွေက သူတို့အသင်းမှာ ခြေစွမ်းပြနေတဲ့ ဟာလန်းကို ဘိုင်ယန်ကခေါ်သွားမယ့်အပေါ်စိုးရိမ်နေကြတာဟာလည်း လွန်မယ်မထင်ပါဘူး။ ဘိုင်ယန်ကို သူတို့ရဲ့ အကောင်းဆုံးကစားသမားတွေရောင်းချနေတဲ့အပေါ်မှာ လည်း အသင်းရဲ့ ဘုတ်အဖွဲ့ကို ဝေဖန်ခဲ့ကြပါတယ်။

ဒီလိုရောင်းချခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရပြီးနောက် ဒေါ့မန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က သူတို့ရဲ့အကောင်ဆုံးကစားသမားတွေကို ဘိုင်ယန်ဆီထပ်မရောင်းတော့ဘူးလို့ ၂၀၁၈ အတွင်းမှာပြောကြားဘူးလို့ စောင့်ကြည့်ရဦးမှာပါ။ ဟာလန်း ကိုလက်ရှိမှာဒေါ့မန်က ပြန်ရောင်းမှာ မဟုတ်ပေမယ့် ၂၀၂၂ ကျရင်တော့ ယူရိုသန်း ၇၀ နဲ့ ဝယ်ယူလို့ရနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် ဟာလန်းရဲ့ အေးဂျင့်ဟာ ရွိုင်အိုလာဖြစ်နေတာကတော့ ဒေါ့မန်အသင်းအတွက်ရင်လေးစရာတစ်ခုပါပဲ။ ဘိုင်ယန်အသင်းကသာ လိုချင်ပြီးငွေကြေးသုံးစွဲလာခဲ့မယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေးပေးပြီး အသင်းပြောင်းသွားနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဟာလန္းကို ေခၚယူဖို႕ၾကိဳးစားေနတဲ့ ဘိုင္ယန္ရဲ႕ လုပ္ရပ္ကို ေဒါ့မန္ပရိသတ္ေတြစိုးရိမ္ေန

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေဒါ့မန္တိုက္စစ္မႉး အာလင္းဟာလန္းကို ဘြန္ဒက္စ္လီဂါမွာ ကစားသမားလုံးဝအေျခက်တာနဲ႔ ေခၚယူဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။ ဟာလန္းဟာ ၂၀၂၀ ဇန္နဝါရီလက ဩစႀတီးယားကလပ္ ဆဲလ္ဘတ္ကေန ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၂၀ နဲ႔ ေဒါ့မန္ကိုေရာက္ရွိလာသူျဖစ္ပါတယ္။

အဲဒီတုန္းက ဟာလန္းကို မန္ယူအျပင္ ဘိုင္ယန္ျမဴးနစ္ကပါေခၚဖို႔ စိတ္ဝင္စားခဲ့တာပါ။ ဒါေပမယ့္ ဘိုင္ယန္ဟာ အဲဒီအခ်ိန္တုန္းက လီဝန္ေဒါစကီး အေကာင္းဆုံးေျခစြမ္းရေနခ်ိန္ျဖစ္လို႔ အရန္အျဖစ္သာ အသုံးျပဳဖို႔ ရည္႐ြယ္ထားတာေၾကာင့္ ဟာလန္းအတြက္တရားဝင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၂၀ အျပင္ သူ႔ေအးဂ်င့္ ႐ြိဳင္အိုလာကို ေပးရမယ့္ ေကာ္မရွင္ေၾကး ေတြကမ်ားလြန္းတယ္လို႔ ဆိုၿပီး ေနာက္ဆုတ္သြားခဲ့ပါတယ္။

သတင္းေတြအရ ဟာလန္းအတြက္ ေဒါ့မန္ရဲ႕ကုန္က်မႈက ယူ႐ို ၅၅ သန္းအထိရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဟာလန္းဟာေဒါ့မန္မွာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ အထိုင္က်ျမန္ခဲ့ၿပီး ဘြန္ဒက္စ္လီဂါမွာေရာ ခ်န္ပီယံလိဂ္မွာပါေျခစြမ္းျပေနတဲ့သူျဖစ္ကာ ေဒါ့မန္ကိုေရာက္ၿပီးတစ္ႏွစ္မျပည့္ခင္မွာဘဲ ၿပိဳင္ပြဲစုံမွာ ၃၃ ဂိုးသြင္းယူခဲ့ပါတယ္။

ဒါေၾကာင့္လည္း ဟာလန္းရဲ႕တိုးတက္မႈကို ဘိုင္ယန္ျမဴးနစ္က ေသခ်ာစြာေစာင့္ၾကည့္ေနခဲ့ၿပီး ဘိုင္ယန္အားကစားဒါ႐ိုက္တာ ဆာလီဟာမစ္ဇစ္က ဟာလန္းရဲ႕တိုးတက္မႈနဲ႔ ေျခစြမ္းကို သူတို႔မ်က္ေျခမျပတ္ပါဘူးလို႔ မၾကာေသးခင္ကေျပာခဲ့တာပါ။

ဘိုင္ယန္ျမဴးနစ္အမႈေဆာင္အရာရွိ ႐ူမင္နစ္ဂီကလည္း ဘြန္ဒက္စ္လီဂါမွာ ဟာလန္းေကာင္းစြာအေျခက်တာနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားတယ္လို႔ ဆိုထားပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ဂ်ာမနီထိပ္သီးျဖစ္တဲ့အျပင္ ဥေရာပေဘာလံုးေလာကမွာ ေအာင္ျမင္ေနတဲ့ အသင္းလည္းျဖစ္တဲ့အတြက္ ျပည္တြင္းမွာ တစ္ျခားအသင္းေတြထက္အခြင့္အေရးပိုရေလ့ရွိပါတယ္။ သူဟာ ဘြန္ဒက္စ္လီဂါမွာရွိေနတဲ့ ဂ်ာမနီရဲ႕အေကာင္းဆုံး ကစားသမားေတြကိုသာမက ႏိုင္ငံျခားက ကစားသမားေကာင္းေတြကိုပါ ေခၚယူတဲ့အစဥ္အလာရွိၿပီး ျပည္တြင္းကလပ္ေတြကလည္း ဘိုင္ယန္ရဲ႕ဩဇာနဲ႔‌ ေငြေၾကးေပးႏိုင္မႈတို႔ကို လြန္ဆန္ႏိုင္စြမ္းမရွိပါဘူး။

ဘိုင္ယန္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းကလည္း ေဒါ့မန္ရဲ႕အေကာင္းဆုံး ကစားသမားေတြကို ေခၚယူခဲ့တဲ့အစဥ္အလာရွိခဲ့ပါတယ္။ လီဝန္ေဒါစကီး၊ မတ္ဟမ္မဲလ္၊ ေတာ္စတင္ဖရင္း၊ ေဂါ့ဇီ အစရွိတဲ့သူေတြကို ေခၚယူသြားခဲ့ပါတယ္။ ဒါေၾကာင့္လည္း ေဒါ့မန္ ပရိသတ္ေတြက သူတို႕အသင္းမွာ ေျခစြမ္းျပေနတဲ့ ဟာလန္းကို ဘိုင္ယန္ကေခၚသြားမယ့္အေပၚစိုးရိမ္ေနၾကတာဟာလည္း လြန္မယ္မထင္ပါဘူး။ ဘိုင္ယန္ကို သူတို႕ရဲ႕ အေကာင္းဆံုးကစားသမားေတြေရာင္းခ်ေနတဲ့အေပၚမွာ လည္း အသင္းရဲ႕ ဘုတ္အဖြဲ႕ကို ေဝဖန္ခဲ့ၾကပါတယ္။

ဒီလိုေရာင္းခ်ခဲ့လို႔ ေဝဖန္မႈေတြခံခဲ့ရၿပီးေနာက္ ေဒါ့မန္အားကစားဒါ႐ိုက္တာ မိုက္ကယ္ေဇာ့က သူတို႔ရဲ႕အေကာင္ဆုံးကစားသမားေတြကို ဘိုင္ယန္ဆီထပ္မေရာင္းေတာ့ဘူးလို႔ ၂၀၁၈ အတြင္းမွာေျပာၾကားဘူးလို႔ ေစာင့္ၾကည့္ရဦးမွာပါ။ ဟာလန္း ကိုလက္ရွိမွာေဒါ့မန္က ျပန္ေရာင္းမွာ မဟုတ္ေပမယ့္ ၂၀၂၂ က်ရင္ေတာ့ ယူ႐ိုသန္း ၇၀ နဲ႔ ဝယ္ယူလို႔ရႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ဟာလန္းရဲ႕ ေအးဂ်င့္ဟာ ႐ြိဳင္အိုလာျဖစ္ေနတာကေတာ့ ေဒါ့မန္အသင္းအတြက္ရင္ေလးစရာတစ္ခုပါပဲ။ ဘိုင္ယန္အသင္းကသာ လိုခ်င္ၿပီးေငြေၾကးသံုးစြဲလာခဲ့မယ္ဆိုရင္ စာခ်ဳပ္ဖ်က္သိမ္းေၾကးေပးၿပီး အသင္းေျပာင္းသြားႏိုင္ပါတယ္။