ဟာလန်းက တစ်ပွဲထက် တစ်ပွဲပိုပိုကောင်းလာတယ်လို့ တခုပ်တရချီးကျူးခဲ့တဲ့ နာဂယ်စမန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိုက်ပ်ဇစ်နည်းပြ နာဂယ်စမန်းက ဒေါ့မွန်အသင်းကိုအရေးနိမ့်ပြီးနောက် ဟာလန်းဟာ တစ်ပွဲထက်တစ်ပွဲပိုကောင်းလာတယ်လို့ ချီးကျုးပြောကြားလိုက်ပါတယ်။

ဟာလန်းဟာ စနေနေ့က လိုက်ပ်ဇစ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပေးနိုင်ခဲ့သလို ဆန်ချိုရဲ့သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နော်ဝေသားဟာ ၂၅ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ၃၄.၃ အထိ ကန်ချက်ရှိနေတာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ဒေါ့မွန်စတားကို ဆဲလ်ဘတ်မှာရှိစဉ်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီ နာဂယ်စမန်းက ပွဲအပြီးမှာ ချီးကျူးခဲ့ပါတယ်။

“ဟာလန်းက တကယ်ကောင်းတဲ့တိုက်စစ်မှူးတစ်ဦးပါ။ ဒါကြောင့်လည်း အသင်းတိုင်းက အလိုရှိနေတာပါ။ ဒါပေမဲ့ ဒေါ့မွန်က လက်ဦးမှုရယူနိုင်ခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ၂၅ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူထားနိုင်တဲ့စံချိန်က တကယ့်ကို မယုံကြည်နိုင်စရာပါ”လို့ နာဂယ်စမန်းက ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း လိုက်ပ်ဇစ်အသင်းနဲ့တွေ့ဆုံရာမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ “သူကျွန်တော်တို့ကိုသွင်းတာ ဒါပထမဆုံးဂိုးမဟုတ်ပါဘူး။

သူက ငယ်ရွယ်ပြီး ထိပ်တန်အရည်အချင်းတွေရှိနေပါတယ်။ ပြိုင်ဘက်အသင်းကစားသမားအကြောင်းကို မပြောတတ်ပေမယ့် ဟာလန်းက တစ်ပွဲထက်တစ်ပွဲပိုကောင်းလာပါတယ်”လို့ နာဂယ်စမန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဟာလန်းကို ကလပ်အသင်းတော်တော်များများက စိတ်ဝင်စားနေပေမယ့် ဒေါ့မွန်စီအီးအို ဂျိုအာချင်ဝက်ဇ်ကီးကတော့ သူတို့အသင်းတိုက်စစ်မှူးကို နောက်တစ်ရာသီဆက်ထိန်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဟာလန်း နဲ့ ဒေါ့မွန်တို့ကြားစာချုပ်သက်တမ်းက ၂၀၂၄ ခုနှစ်အထိရှိနေပေမယ့် စာချုပ်ဖျက်စိမ်းကြေးက ယူရို ၇၅ သန်းသာ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟာလန္းက တစ္ပြဲထက္ တစ္ပြဲပိုပိုေကာင္းလာတယ္လို႔ တခုပ္တရခ်ီးက်ဴးခဲ့တဲ့ နာဂယ္စမန္း

လိုက္ပ္ဇစ္နည္းျပ နာဂယ္စမန္းက ေဒါ့မြန္အသင္းကိုအေရးနိမ့္ျပီးေနာက္ ဟာလန္းဟာ တစ္ပြဲထက္တစ္ပြဲပိုေကာင္းလာတယ္လို႔ ခ်ီးက်ဳးေျပာၾကားလုိက္ပါတယ္။ ဟာလန္းဟာ စေနေန႔က လိုက္ပ္ဇစ္အသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ ၂ ဂိုးသြင္းယူေပးႏုိင္ခဲ့သလိုု ဆန္ခ်ိဳရဲ႕သြင္းဂိုးကိုပါ ဖန္တီးေပးႏုိင္ခဲ့တာျဖစ္ပါတယ္။ ေနာ္ေ၀သားဟာ ၂၅ ပြဲမွာ ၂၅ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ျပီး တစ္ပြဲကို ပ်မ္းမွ် ၃၄.၃ အထိ ကန္ခ်က္ရွိေနတာျဖစ္ပါတယ္။

လိုက္ပ္ဇစ္အသင္းဟာ ေဒါ့မြန္စတားကို ဆဲလ္ဘတ္မွာရွိစဥ္ကတည္းက စိတ္၀င္စားခဲ့တာျဖစ္ျပီ နာဂယ္စမန္းက ပြဲအျပီးမွာ ခ်ီးက်ဴးခဲ့ပါတယ္။ “ဟာလန္းက တကယ္ေကာင္းတဲ့တိုက္စစ္မွဴးတစ္ဦးပါ။ ဒါေၾကာင့္လည္း အသင္းတိုင္းက အလိုရွိေနတာပါ။ ဒါေပမဲ့ ေဒါ့မြန္က လက္ဦးမႈရယူႏုိင္ခဲ့ပါတယ္။ ဘြန္ဒက္စ္လီဂါ ၂၅ ပြဲမွာ ၂၅ ဂုိးအထိ သြင္းယူထားႏိုင္တဲ့စံခ်ိန္က တကယ့္ကို မယံုၾကည္ႏုိင္စရာပါ”လို႔ နာဂယ္စမန္းက ေျပာၾကားခဲ့ပါတယ္။ ဟာလန္းဟာ ျပီးခဲ့တဲ့ရာသီတုန္းကလည္း လိုက္ပ္ဇစ္အသင္းနဲ႔ေတြ႕ဆံုရာမွာ ၂ ဂိုးသြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။ “သူကြ်န္ေတာ္တို႔ကိုသြင္းတာ ဒါပထမဆံုးဂိုးမဟုတ္ပါဘူး။

သူက ငယ္ရြယ္ျပီး ထိပ္တန္အရည္အခ်င္းေတြရွိေနပါတယ္။ ျပိဳင္ဘက္အသင္းကစားသမားအေၾကာင္းကို မေျပာတတ္ေပမယ့္ ဟာလန္းက တစ္ပြဲထက္တစ္ပြဲပိုေကာင္းလာပါတယ္”လို႔ နာဂယ္စမန္းက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ဟာလန္းကို ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားေနေပမယ့္ ေဒါ့မြန္စီအီးအို ဂ်ိဳအာခ်င္၀က္ဇ္ကီးကေတာ့ သူတို႔အသင္းတိုက္စစ္မွဴးကို ေနာက္တစ္ရာသီဆက္ထိန္းႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။ဟာလန္း နဲ႔ ေဒါ့မြန္တို႔ၾကားစာခ်ဳပ္သက္တမ္းက ၂၀၂၄ ခုႏွစ္အထိရွိေနေပမယ့္ စာခ်ဳပ္ဖ်က္စိမ္းေၾကးက ယူရို ၇၅ သန္းသာ ရွိေနပါတယ္။