ဟာလန်းခေါ်ယူရေး ကြိုးဝိုင်းထဲမှာ အထင်ကရဖြစ်လာပြန်တဲ့ ချဲလ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝါရင့်ကစားသမား ပွဲစားကြီး ရွိုင်းအိုလာက တကယ့် အမွှေဇယားခင်းသူပါ။ သူ့ရဲ့ကစားသမားဟာလန်းဟာ ဒေါ့မွန်အသင်းကနေ လာမယ့် ၂၀၂၁နွေရာသီမှာထွက်ခွာတော့မယောင် ပြောဆိုထားခဲ့ပြီးတဲ့နောက်မှာ မီဒီယာတွေက ဟာလန်းပြောင်းနိုင်တဲ့အသင်းတွေကို ခန့်မှန်းလာခဲ့ကြပါတယ်။ ဟာလန်းရဲ့ အသင်းဟောင်းဖြစ်တဲ့ အာဘီဆဲလ်ဘတ်ရဲ့အားကစားဒါရိုက်တာဖြစ်သူကတော့ ဟာလန်းပြောင်းမှာက လီဗာပူးပဲဖြစ်နိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

လောလောဆယ် ဟာလန်းနဲ့ ပတ်သက်ပြီး အသံထွက်နေတာကတော့ ချဲလ်ဆီးအသင်းပါ။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက ပြောင်းရွှေ့ကြေးများစွာကို သုံးစွဲခဲ့ပြီး ကစားသမားသစ်တွေကို ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ လာမယ့်ဈေးကွက်အတွင်းမှာလည်း ငွေကြေးများစွာကို ထပ်မံသုံးစွဲပြီး အသင်းအတွက် ကစားသမားသစ်တွေကို ထပ်မံခေါ်ပါမယ်။ အဲဒီထဲမှာ တိုက်စစ်ကစားသမားလေး ဟာလန်းက အဓိကပစ်မှတ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ နော်ဝေကြယ်ပွင့်ကစားသမားလေးဟာ ချန်ပီယံလိဂ်လာဇီယိုနဲ့ပွဲမတိုင်မီလေ့ကျင့်ရေးမှာ ထိခိုက်မိခဲ့ပြီး ချန်ပီယံလိဂ်မှာနော်ဝေနိုင်ငံသားတစ်ယောက်အနေနဲ့ ဆိုးလ်ရှားတင်ထားတဲ့ သွင်းဂိုးအများဆုံးစံချိန်ကိုချိုးဖျက်ခါနီးမှာ ဆေးကုသမှုခံယူနေရတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကို ခေါ်ယူထားခဲ့သလို အသင်းမှာလည်း လူငယ်တိုက်စစ်မှူး တမ်မီအေဘရာဟမ်နဲ့ ဝါရင့်တိုက်စစ်မှူး အိုလီဗာဂျရူးတို့ ရှိနေပေမယ့်လည်း ဂျရူးက အသင်းနဲ့ လက်တွဲဖြုတ်တော့မှာဖြစ်သလို အသင်းရဲ့တိုက်စစ်ပိုင်းကိုလည်း ဒီထက်အားကောင်းလာစေနိုင်ဖို့အတွက် ဟာလန်းလို ကစားသမားမျိုးကို ထပ်မံအလိုရှိနေတာဖြစ်ပါတယ်။

ဟာလန်းနဲ့ ချဲလ်ဆီးတို့ရဲ့သတင်း နာမည်ကြီးရတဲ့ အကြောင်းအရင်းတစ်ရပ်လည်းရှိပါသေးတယ်။ မကြာသေးမီကပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ ဟာလန်းက အခုလိုဖြေထားခဲ့လို့ဖြစ်ပါတယ်။

“အနားယူသွားပြီဖြစ်တဲ့ ကစားသမားတွေထဲက ဘယ်သူနဲ့တွဲဖက်ကစားချင်ဆုံးလဲ” ဆိုတဲ့မေးခွန်းကို ဟာလန်းက “ဖရန့်လမ်းပတ်” လို့ဖြေကြားခဲ့ပါတယ်။

ဟာလန်းဟာ၂၀၂၀နှစ်ဦးဇန်နဝါရီအပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကိုရောက်ရှိပြီးကတည်းက ၃၂ပွဲကစားပေးထားပြီး ၃၃ဂိုးသွင်းယူပေးထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အသက်(၂၀)အရွယ် ဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာတော့ အသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ပွဲအထိပါဝင်ကစားထားခဲ့ပြီးနောက် စုစုပေါင်း သွင်းဂိုး(၁၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒေါ့မွန်အသင်းဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ကို အလွယ်တကူနဲ့ လက်လွှတ်မှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဟာလန်းက အင်အားကြီး ကလပ်တစ်ခုနဲ့ ဆုဖလားများစွာကို ကိုင်မြောက် ချင်တယ်လို့ စဉ်းစားလာခဲ့ရင်တော့ ပြောင်းရွှေ့ရေး အနေအထားတွေ ပိုပြီး ပီပြင်လာနိုင်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဟာလန်းအပြင် ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒစ်ကလန်ရိုက်စ်ကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi