
မီနိုရိုင်အိုလာဟာအာလင်းဟာလန်းသာဒေါ့မွန်မှထွက်ခွာပါကပြောင်းရွှေ့လာနိုင်တဲ့
ဥရောပထိပ်သီးကလပ်လေးခုကိုဖွင့်ဟပြောကြားလာပါတယ်။
ဟာလန်းဟာဒေါ့မွန်အတွက်၇၂ပွဲကစားရာတွင်၇၄ဂိုးသွင်းယူပြီးဥရောပထိပ်သီ
းတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်အခြေချလာနိုင်သူလည်းဖြစ်ပါတယ်။
ရိုင်အိုလာကအာလင်းဟာလန်းဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်
အသင်းပြောင်းရွှေ့နိုင်ကြောင်းပြောကြားလာပါတယ်။ဒါ့အပြင်ရိုင်အိုလာဟာ
ယူနိုက်တက်ကိုလည်းတိုက်ခိုက်ပြောကြားခဲ့ပါတယ်။
ရိုင်အိုလာက “ဒီနွေမဟုတ်ရင်ဒီနွေပြီးနောက်တစ်နွေမှာဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့်အာလင်းဟာလန်းဟာ ဒီနွေမှာထွက်ခွာဖို့တော်တော်လေးများပါတယ်။
ဘာဖြစ်လာမလဲဆိုတာကြည့်ရပါမယ်။ဘိုင်ယန်၊ရီးရဲလ်၊ဘာစီလိုနာ၊စီးတီးတို့က
သူသွားနိုင်တဲ့ကလပ်တွေပါ။စီးတီးကပြီးခဲ့တဲ့နှစ်တွေမှာချန်ပီယံရှစ်ဖလားငါးကြိမ်
ရထားတယ်။ယူနိုက်တက်ထက်ကြီးကျယ်တဲ့ကလပ်ပါ။ဒေါ့မွန်သို့ပြောင်းကတည်းက
ဒီခြေလှမ်းမျိုးဖြစ်လာမယ်ဆိုတာသိထားပြီးသားပါ”လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာပြီးခဲ့တဲ့နွေရာသီတုန်းကတည်းကတိုက်စစ်မှူးရှာဖွေနေခဲ့တာဖြစ်ပြီး
ဟယ်ရီကိန်းကိုခေါ်ယူရန်ကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။ဟာလန်းရဲ့
အယ်ဖင်းမှာလည်းမန်စီးတီးတွင်ကစားခဲ့ဖူးပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာလည်းနွေရာသီတွင်ကိုင်လီယန်ဘက်ပေးကိုခေါ်ယူရန်
အဓိကပစ်မှတ်ထားနေပြီးဟာလန်းမှာလည်း၎င်းတို့ရဲ့ပစ်မှတ်ထဲမှာပါဝင်နေပါတယ်။
ဘာစီလိုနာကတော့ငွေကြေးပြဿနာကြုံရမှုနဲ့အတူဟာလန်းကိုခေါ်ယူဖို့
အခက်အခဲရှိပါတယ်။ဒါပေမယ့်၎င်းတို့ဟာကစားသမားအချို့တို့ကိုရောင်းချကာ
ငွေရှာဖွေလာနိုင်ပါတယ်။
Zawgyi
မီႏို႐ိုင္အိုလာဟာအာလင္းဟာလန္းသာေဒါ့မြန္မွထြက္ခြာပါကေျပာင္းေ႐ႊ႕လာႏိုင္တဲ့
ဥေရာပထိပ္သီးကလပ္ေလးခုကိုဖြင့္ဟေျပာၾကားလာပါတယ္။
ဟာလန္းဟာေဒါ့မြန္အတြက္၇၂ပြဲကစားရာတြင္၇၄ဂိုးသြင္းယူၿပီးဥေရာပထိပ္သီ
းတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္အေျခခ်လာႏိုင္သူလည္းျဖစ္ပါတယ္။
႐ိုင္အိုလာကအာလင္းဟာလန္းဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္
အသင္းေျပာင္းေ႐ႊ႕ႏိုင္ေၾကာင္းေျပာၾကားလာပါတယ္။ဒါ့အျပင္႐ိုင္အိုလာဟာ
ယူႏိုက္တက္ကိုလည္းတိုက္ခိုက္ေျပာၾကားခဲ့ပါတယ္။
႐ိုင္အိုလာက “ဒီေႏြမဟုတ္ရင္ဒီေႏြၿပီးေနာက္တစ္ေႏြမွာျဖစ္လာႏိုင္ပါတယ္။
ဒါေပမယ့္အာလင္းဟာလန္းဟာ ဒီေႏြမွာထြက္ခြာဖို႔ေတာ္ေတာ္ေလးမ်ားပါတယ္။
ဘာျဖစ္လာမလဲဆိုတာၾကည့္ရပါမယ္။ဘိုင္ယန္၊ရီးရဲလ္၊ဘာစီလိုနာ၊စီးတီးတို႔က
သူသြားႏိုင္တဲ့ကလပ္ေတြပါ။စီးတီးကၿပီးခဲ့တဲ့ႏွစ္ေတြမွာခ်န္ပီယံရွစ္ဖလားငါးႀကိမ္
ရထားတယ္။ယူႏိုက္တက္ထက္ႀကီးက်ယ္တဲ့ကလပ္ပါ။ေဒါ့မြန္သို႔ေျပာင္းကတည္းက
ဒီေျခလွမ္းမ်ိဳးျဖစ္လာမယ္ဆိုတာသိထားၿပီးသားပါ”လို႔ေျပာၾကားခဲ့ပါတယ္။
မန္စီးတီးဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကတည္းကတိုက္စစ္မႉးရွာေဖြေနခဲ့တာျဖစ္ၿပီး
ဟယ္ရီကိန္းကိုေခၚယူရန္ႀကိဳးပမ္းခဲ့ေပမယ့္မေအာင္ျမင္ခဲ့ပါဘူး။ဟာလန္းရဲ႕
အယ္ဖင္းမွာလည္းမန္စီးတီးတြင္ကစားခဲ့ဖူးပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာလည္းေႏြရာသီတြင္ကိုင္လီယန္ဘက္ေပးကိုေခၚယူရန္
အဓိကပစ္မွတ္ထားေနၿပီးဟာလန္းမွာလည္း၎တို႔ရဲ႕ပစ္မွတ္ထဲမွာပါဝင္ေနပါတယ္။
ဘာစီလိုနာကေတာ့ေငြေၾကးျပႆနာႀကဳံရမႈနဲ႔အတူဟာလန္းကိုေခၚယူဖို႔
အခက္အခဲရွိပါတယ္။ဒါေပမယ့္၎တို႔ဟာကစားသမားအခ်ိဳ႕တို႔ကိုေရာင္းခ်ကာ
ေငြရွာေဖြလာႏိုင္ပါတယ္။