ဟာလန်းအပြောင်းအရွှေ့မှာ ယူနိုက်တက် နဲ့ မန်စီးတီးတို့ကို ဒေါက်ဖြုတ်ဖို့ စီစဉ်နေတဲ့ ရွိုင်းအိုလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟာလန်းရဲ့အေးဂျင့် ရွိုင်းအိုလာကတော့ ဘာစီလိုနာအသင်းဟာ သူ့ရဲ့ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရွိုင်းအိုလာဟာ နော်ဝေသားကို နူးကမ့်မြေကို ပို့ဆောင်ပေးဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ကတ္တလန်သတင်းဌာနတစ်ခုကတော့ ဟာလန်းဟာ ဒေါ့မွန်ကနေ နွေရာသီမှာ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းကလည်း တိုက်စစ်ပိုင်းအတွက် ဟာလန်းကိုခေါ်ယူဖို့ ရွိုင်းအိုလာနဲ့ ဆွေးနွေးဖွယ်ရှိနေပါတယ်။

ရွိုင်းအိုလာက ဟာလန်းကို ဘာစီလိုနာပို့ဆောင်ဖို့ ဆွေးနွေးမှုတွေက အဆင်ပြေနေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ကာ ဒေါ့မွန်မှာ ၃၄ ပွဲကစားပြီး ၃၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အသက် ၂၀ အရွယ်ကစားသမား မန်ချက်စတာ ၂ သင်းက အလိုရှိနေတယ်လို့ သတင်းတွေက ဆိုနေကြပြီး တိုက်စစ်ပိုင်း အားဖြည့်ချင်နေကြပါတယ်။

စီးတီးကတော့ အဂူရိုနေရာမှာ ဟာလန်းနဲ့အစားထိုးချင်နေပြီး ယူနိုက်တက်ကလည်း အားနည်းနေတဲ့ အထောင်တိုက်စစ်မှာ ဟာလန်းကို ရေရှည်အစားထိုးချင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဟာလန်းကိုဒေါ့မွန်မပြောင်းခင်ကတည်းက ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ရွိုင်းအိုလာနဲ့ဆက်ဆံရေးအဆင်မပြေတာကြောင့် လွဲချော်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဟာလန်းကိုခေါ်ယူနိုင်ဖို့ ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်ပြီး ဆိုးလ်ရှားကလည်း ဟာလန်းကို မိုလ်ဒီမှာကစားတုန်းက နည်းပြခဲ့ဖူးတာဖြစ်ပါတယ်။

ဘာစီလိုနာကတော့ နွေရာသီမှာ မက်ဆီတစ်ယောက် ထွက်ခွာမှာသေချာနေတာကြောင့် အစားထိုးဖို့ ရှာဖွေနေပြီး ဟာလန်းကို မျက်စိကျနေပါတယ်။

အာဂျင်တီးနားသားဟာ လက်ရှိအချိန်မှာ ပြည်ပကလပ်တွေနဲ့အကြိုဆွေးနွေးခွင့်ရရှိနေပြီး ပီအက်စ်ဂျီက ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

မက်ဆီထွက်ခွာမှုနဲ့အတူ ဘာစီလိုနာဟာ ဒေါ့မွန်စတား ဟာလန်းနဲ့တိုက်ရိုက်အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟာလန္းအေျပာင္းအေရႊ႕မွာ ယူႏုိက္တက္ နဲ႔ မန္စီးတီးတို႔ကို ေဒါက္ျဖဳတ္ဖို႔ စီစဥ္ေနတဲ့ ရြိဳင္းအိုလာ

ဟာလန္းရဲ႕ေအးဂ်င့္ ရြိဳင္းအိုလာကေတာ့ ဘာစီလုိနာအသင္းဟာ သူ႕ရဲ႕ကစားသမားကို ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ရြိဳင္းအိုလာဟာ ေနာ္ေ၀သားကို ႏူးကမ့္ေျမကို ပို႔ေဆာင္ေပးဖို႔ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဟာလန္းဟာ ျပီးခဲ့တဲ့ဇန္န၀ါရီတုန္းက ဆဲလ္ဘတ္ကေန ေဒါ့မြန္ကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ကတၱလန္သတင္းဌာနတစ္ခုကေတာ့ ဟာလန္းဟာ ေဒါ့မြန္ကေန ေႏြရာသီမွာ ထြက္ခြာဖြယ္ရွိေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဘာစီလုိနာအသင္းကလည္း တိုက္စစ္ပိုင္းအတြက္ ဟာလန္းကိုေခၚယူဖို႔ ရြိဳင္းအိုလာနဲ႔ ေဆြးေႏြးဖြယ္ရွိေနပါတယ္။ ရြိဳင္းအိုလာက ဟာလန္းကို ဘာစီလိုနာပို႔ေဆာင္ဖို႔ ေဆြးေႏြးမႈေတြက အဆင္ေျပေနျပီျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ ဟာလန္းဟာ ကမၻာ့ေဘာလံုးေလာကရဲ႕အေကာင္းဆံုးတိုက္စစ္မွဴးတစ္ဦးအျဖစ္ ေပၚထြက္လာခဲ့ကာ ေဒါ့မြန္မွာ ၃၄ ပြဲကစားျပီး ၃၅ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ အသက္ ၂၀ အရြယ္ကစားသမား မန္ခ်က္စတာ ၂ သင္းက အလုိရွိေနတယ္လုိ႔ သတင္းေတြက ဆိုေနၾကျပီး တိုက္စစ္ပိုင္း အားျဖည့္ခ်င္ေနၾကပါတယ္။

စီးတီးကေတာ့ အဂူရိုေနရာမွာ ဟာလန္းနဲ႔အစားထိုးခ်င္ေနျပီး ယူႏုိက္တက္ကလည္း အားနည္းေနတဲ့ အေထာင္တိုက္စစ္မွာ ဟာလန္းကို ေရရွည္အစားထိုးခ်င္ေနတာျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ ဟာလန္းကိုေဒါ့မြန္မေျပာင္းခင္ကတည္းက ေခၚယူႏုိင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ရြိဳင္းအိုလာနဲ႔ဆက္ဆံေရးအဆင္မေျပတာေၾကာင့္ လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ဟာလန္းကိုေခၚယူႏုိင္ဖို႔ ဆက္လက္စိတ္၀င္စားေနဆဲျဖစ္ျပီး ဆိုးလ္ရွားကလည္း ဟာလန္းကို မိုလ္ဒီမွာကစားတုန္းက နည္းျပခဲ့ဖူးတာျဖစ္ပါတယ္။

ဘာစီလိုနာကေတာ့ ေႏြရာသီမွာ မက္ဆီတစ္ေယာက္ ထြက္ခြာမွာေသခ်ာေနတာေၾကာင့္ အစားထိုးဖို႔ ရွာေဖြေနျပီး ဟာလန္းကို မ်က္စိက်ေနပါတယ္။ အာဂ်င္တီးနားသားဟာ လက္ရွိအခ်ိန္မွာ ျပည္ပကလပ္ေတြနဲ႔အၾကိဳေဆြးေႏြးခြင့္ရရွိေနျပီး ပီအက္စ္ဂ်ီက ေခၚယူႏုိင္ဖို႔ ထိပ္ဆံုးက ဦးေဆာင္ေနပါတယ္။ မက္ဆီထြက္ခြာမႈနဲ႔အတူ ဘာစီလိုနာဟာ ေဒါ့မြန္စတား ဟာလန္းနဲ႔တိုက္ရိုက္အစားထိုးဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။