
မန်စီးတီးဟာလာမယ့်ဇန်နဝါရီလတွင်အာလင်းဟာလန်းအားခေါ်ယူရေးအတွက်
ပထမဆုံးလှုပ်ရှားမှုအနေဖြင့်စူပါအေးဂျင့်မီနိုရိုင်အိုလာနှင့်တွေ့ဆုံဆွေးနွေးမှု
ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရပါတယ်။
ဟာလန်းဟာလာမယ့်၂၀၂၄ခုနှစ်၊ဇွန်လတွင်မှစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်
ပေမယ့် စာချုပ်အတွင်းတွင် ၂၀၂၂ခုနှစ်၊နွေရာသီမှာပြောင်းရွှေ့ကြေးပေါင်
၆၅သန်းဖြင့်ပြောင်းရွှေ့နိုင်တဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။
အာလင်းဟာလန်းအားခေါ်ယူရန်ဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ပီအက်စ်ဂျီ၊
မန်ယူ၊ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာတို့ကစိတ်ဝင်စားနေကြပါတယ်။နွေရာသီတုန်းက
ချဲလ်ဆီးဟာဟာလန်းအားခေါ်ယူရေးအစွမ်းကုန်လုပ်ဆောင်ခဲ့ပေမယ့်မအောင်မြင်မှုနဲ့
အတူလူကာကူအားခေါ်ယူခဲ့ရပြီးနော်ဝေတိုက်စစ်မှူးအားခေါ်ယူရေးနောက်ဆုတ်သွား
ခဲ့ပြီဖြစ်ပါတယ်။
ယခုအခါမန်စီးတီးကလည်းမြို့ခံပြိုင်ဘက်မန်ယူနှင့်အပြိုင်အာလင်းဟာလန်းအားခေါ်
ယူရေးကြိုးပမ်းလာပါတယ်။မန်စီးတီးဟာနွေရာသီတုန်းကအဂွဲရိုးနေရာတွင်အစားထို
းရန်ဟယ်ရီကိန်းအားကြိုးပမ်းခဲ့ပေမယ့်စပါးစ်ဥက္ကဌလီဗိုင်းကရောင်းချရန်ငြင်းဆိုမှု
ကြောင့်ထိပ်တန်းတိုက်စစ်မှူးခေါ်ယူရေးအား လာမယ့်နှစ်နွေရာသီအထိရွှေ့ဆိုင်း
ခဲ့ရပါတယ်။
ယခုအခါမန်စီးတီးဟာအခြားဥရောပထိပ်သီးများထက်လက်ဦးမှုရယူရေးအတွက်
လာမယ့်ဇန်နဝါရီတွင်အာလင်းဟာလန်းရဲ့အေးဂျင့်မီနိုရိုင်အိုလာ၊ဖခင်ဖြစ်သူ
အယ်ဖရက်ဟာလန်းတို့နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။
အာလင်းဟာလန်းရဲ့ဖခင်ဖြစ်သူအယ်ဖရက်ဟာလန်းဟာမန်စီးတီးတွင်သုံးနှစ်ကြာ
ကစားခဲ့ဖူးရာယင်းအချက်ကသူတို့အတွက်အသာစီးရနေစေတယ်လို့မန်စီးတီးက
ယူဆနေရပါတယ်။
အာလင်းဟာလန်းဟာယခုရာသီမှာဒေါ့မွန်အတွက်၈ပွဲကစားထားရာမှာ၁၁ဂိုးအထိ
သွင်းယူပြီး၄ကြိမ်ဖန်တီးထားပါတယ်။သူဟာဒေါ့မွန်အတွက်၆၇ပွဲကစားထားရာမှာ
၆၈ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။
Zawgyi
ဟာလန္းအား ေခၚယူဖို႔ ႐ိုင္အိုလာနဲ႔ ေဆြးေႏြးမယ့္ မန္စီးတီး
မန္စီးတီးဟာလာမယ့္ဇန္နဝါရီလတြင္အာလင္းဟာလန္းအားေခၚယူေရးအတြက္
ပထမဆုံးလႈပ္ရွားမႈအေနျဖင့္စူပါေအးဂ်င့္မီႏို႐ိုင္အိုလာႏွင့္ေတြ႕ဆုံေဆြးေႏြးမႈ
ျပဳလုပ္ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။
ဟာလန္းဟာလာမယ့္၂၀၂၄ခုႏွစ္၊ဇြန္လတြင္မွစာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္
ေပမယ့္ စာခ်ဳပ္အတြင္းတြင္ ၂၀၂၂ခုႏွစ္၊ေႏြရာသီမွာေျပာင္းေ႐ႊ႕ေၾကးေပါင္
၆၅သန္းျဖင့္ေျပာင္းေ႐ႊ႕ႏိုင္တဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုထားသူလည္းျဖစ္ပါတယ္။
အာလင္းဟာလန္းအားေခၚယူရန္ဥေရာပထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့ပီအက္စ္ဂ်ီ၊
မန္ယူ၊ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာတို႔ကစိတ္ဝင္စားေနၾကပါတယ္။ေႏြရာသီတုန္းက
ခ်ဲလ္ဆီးဟာဟာလန္းအားေခၚယူေရးအစြမ္းကုန္လုပ္ေဆာင္ခဲ့ေပမယ့္မေအာင္ျမင္မႈနဲ႔
အတူလူကာကူအားေခၚယူခဲ့ရၿပီးေနာ္ေဝတိုက္စစ္မႉးအားေခၚယူေရးေနာက္ဆုတ္သြား
ခဲ့ၿပီျဖစ္ပါတယ္။
ယခုအခါမန္စီးတီးကလည္းၿမိဳ႕ခံၿပိဳင္ဘက္မန္ယူႏွင့္အၿပိဳင္အာလင္းဟာလန္းအားေခၚ
ယူေရးႀကိဳးပမ္းလာပါတယ္။မန္စီးတီးဟာေႏြရာသီတုန္းကအဂြဲ႐ိုးေနရာတြင္အစားထို
းရန္ဟယ္ရီကိန္းအားႀကိဳးပမ္းခဲ့ေပမယ့္စပါးစ္ဥကၠဌလီဗိုင္းကေရာင္းခ်ရန္ျငင္းဆိုမႈ
ေၾကာင့္ထိပ္တန္းတိုက္စစ္မႉးေခၚယူေရးအား လာမယ့္ႏွစ္ေႏြရာသီအထိေ႐ႊ႕ဆိုင္း
ခဲ့ရပါတယ္။
ယခုအခါမန္စီးတီးဟာအျခားဥေရာပထိပ္သီးမ်ားထက္လက္ဦးမႈရယူေရးအတြက္
လာမယ့္ဇန္နဝါရီတြင္အာလင္းဟာလန္းရဲ႕ေအးဂ်င့္မီႏို႐ိုင္အိုလာ၊ဖခင္ျဖစ္သူ
အယ္ဖရက္ဟာလန္းတို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။
အာလင္းဟာလန္းရဲ႕ဖခင္ျဖစ္သူအယ္ဖရက္ဟာလန္းဟာမန္စီးတီးတြင္သုံးႏွစ္ၾကာ
ကစားခဲ့ဖူးရာယင္းအခ်က္ကသူတို႔အတြက္အသာစီးရေနေစတယ္လို႔မန္စီးတီးက
ယူဆေနရပါတယ္။
အာလင္းဟာလန္းဟာယခုရာသီမွာေဒါ့မြန္အတြက္၈ပြဲကစားထားရာမွာ၁၁ဂိုးအထိ
သြင္းယူၿပီး၄ႀကိမ္ဖန္တီးထားပါတယ္။သူဟာေဒါ့မြန္အတြက္၆၇ပြဲကစားထားရာမွာ
၆၈ဂိုးသြင္းယူထားသူလည္းျဖစ္ပါတယ္။