ဟိုတယ်ကို ရောက်လာတဲ့ သရဲနီလူစာရင်းမှာ အဓိက ကစားသမားအချို့ မပါ၀င်သေး

ဒီနေ့ညမှာတော့ မန်ယူအသင်းဟာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်

ပွဲစဥ် (၉) ကို ယှဥ်ပြိုင်ကစားဖို့ရှိနေပါတယ်။ ပွဲချိန်ကတော့ မြန်မာစံတော်ချိန်
ည (၁၀) နာရီမှာ ယှဥ်ပြိုင်မှာ ဖြစ်ပြီး လက်ရှိမှာတော့ မန်ယူအသင်းရဲ့ကစား

သမားတွေဟာ ပွဲကစားမီ တည်းခိုရမယ့် ဟိုတယ်ကို ရောက်ရှိလာကြပြီဖြစ်ပါတယ်။

ဖာနန်ဒက်စ် ကြံ့ခိုင်မှု အခြေအနေကြောင့် ပါဝင်နိုင်ဖို့ မသေချာဘူးလို့ နည်းပြ

ဆိုးလ်ရှားကပြောဆိုထားပေမယ့် အသင်းနဲ့အတူ လိုက်ပါလာတဲ့ လူစာရင်းမှာ

ပါဝင်လာခဲ့ပြီး ကွင်းလယ်ကစားသမား ဖရက်ဒ်ကတော့ ပါဝင်လာခဲ့ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် နောက်ခံလူ နှစ်ဦးဖြစ်တဲ့ ဒါလော့ နဲ့ ဗာရန်းတို့အပြင် တိုက်စစ်မှုး

မာရှယ်ဟာလည်းမန်ယူအသင်းနဲ့အတူ ဟိုတယ်ကို လိုက်ပါလာတဲ့ ကစားသမားတွေထဲမှာ

လက်ရှိအချိန်အထိ ပါဝင်လာခဲ့ခြင်းမရှိသေးပါဘူး။

လီဗာပူးလ်နဲ့ ပွဲကစားမီ တည်းခိုရမယ့် ဟိုတယ်ကို ရောက်ရှိလာကြတဲ့

မန်ယူကစားသမားများကတော့..

ဂိုး − ဒီဂီယာ ၊ တွမ်ဟီတန် ၊ ဟန်ဒါဆင်

နောက် − ဘစ်ဆာကာ ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ လုခ်ရှော
လယ် − မာတစ်၊ တွမ်မီနေး၊ ဗန်ဒီဘိခ် ၊ ပေါ့ဘာ ၊ ဖာနန်ဒက်စ် ၊ ဆန်ချို၊ လင်ဂတ်

ရှေ့ − ကာဗာနီ၊ စီရော်နယ်ဒို၊ ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်

zawgyi















