ဟူစကာနဲ့ပွဲမှ ကစားသမားဘ၀ မက်ဆီရဲ့အဆိုးရွားဆုံးကန်ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ တနင်္ဂနွေညက ဟူစကာကို ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးဂိုးပေါက်ကန်သွင်းချက်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ရွှေဘောလုံးဆု စံချိန်တင် ၆ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကြားရက်အတွင်း အီဘာနဲ့ သရေကျခဲ့တဲ့ပွဲကို လွဲချော်ခဲ့ရပြီးနောက် ဒီပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပြန်လည်ပါဝင်လာတာဖြစ်ပြီး တကယ့်ကိုပြီးပြည့်စုံတဲ့ ပြန်လာမှုဖြစ်ဖို့ အလွန်နီးစပ်ခဲ့ပါတယ်။

ပွဲချိန် ၈မိနစ်မှာပဲ ဘယ်တောင်ပံတစ်လျှောက် အယ်လ်ဘာ ထိုးဖောက်လာပြီး ဂိုးရှေ့ အသာခုတ်တင်ပေးလိုက်တာကို မက်ဆီက half-volley ဆွဲပြီး သူအားသန်တဲ့ ဘယ်ခြေနဲ့ အပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မယုံနိုင်စရာကောင်းလောက်အောင်ပဲ မက်ဆီရဲ့ကန်သွင်းချက်က ဂိုးပေါက်နဲ့ သိသိသာသာလွဲချော်သွားခဲ့ပြီး ကွင်းဘေးက ကြော်ငြာဆိုင်းဘုတ်နဲ့ထိသွားခဲ့သလို မက်ဆီကိုယ်တိုင်လည်း သူ့ရဲ့ကန်သွင်းချက်နဲ့ပတ်သက်လို့ မချိတင်ကဲဖြစ်သွားပုံရပါတယ်။

မက်ဆီရဲ့အဲဒီကန်ချက်က လူမှုမီဒီယာမှာလည်း နာမည်ကြီးသွားခဲ့ပြီး ပရိသတ်တချို့က ဒီရာသီလာလီဂါမှာ မက်ဆီ ၇ဂိုးပဲသွင်းယူနိုင်သေးတဲ့အကြောင်းရင်းက ဒါကြောင့်ပဲလို့ ရေးသားခဲ့ပါတယ်။

”မက်ဆီရဲ့ကန်ချက်ကတော့ တော်တော်ဆိုးဆိုးပါပဲ။ ကျွန်တော့်ရဲ့ဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကိုယ့်ကိုယ်ကိုယ် စီရော်နယ်ဒိုဖန်တစ်ယောက်လို ခံစားခဲ့ရပါတယ်”။ ”ဘယ်လိုတွေတောင် လွဲအောင် ကန်လိုက်တာလဲမက်ဆီရယ်’။ ”ကွင်းထဲမှာ သူနာတင်ယာဉ်မရှိတာ ကံကောင်းသွားတယ်။ နို့မဟုတ်ရင် မက်ဆီရဲ့ကန်ချက်က မှန်တွေတောင် ကွဲသွားနိုင်တယ်”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

ဘာစီလိုနာကဟာ ကွင်းလယ်လူဒီဂျောင်ရဲ့သွင်းဂိုးကြောင့် အမှတ်ပြည့်ရခဲ့ပေမယ့် တိုက်စစ်ပိုင်းက အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပြီး နည်းပြကိုးမန်းက တိုက်စစ်မှူးတစ်ဦး လိုအပ်နေတယ်လို့ ဝန်ခံပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဟူစကာနဲ႔ပြဲမွ ကစားသမားဘ၀ မက္ဆီရဲ႕အဆုိးရြားဆုံးကန္ခ်က္

ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီဟာ တနဂၤေႏြညက ဟူစကာကို ၀-၁ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ သူ႕ရဲ႕ကစားသမားဘ၀တစ္ေလွ်ာက္ အဆုိးရြားဆုံးဂိုးေပါက္ကန္သြင္းခ်က္နဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။
ေရႊေဘာလုံးဆု စံခ်ိန္တင္ ၆ႀကိမ္ရရွိထားတဲ့ မက္ဆီဟာ ေျခက်င္း၀တ္ဒဏ္ရာေၾကာင့္ ၾကားရက္အတြင္း အီဘာနဲ႔ သေရက်ခဲ့တဲ့ပြဲကို လြဲေခ်ာ္ခဲ့ရၿပီးေနာက္ ဒီပြဲမွာ ဦးစားေပးကစားသမားအျဖစ္ ျပန္လည္ပါ၀င္လာတာျဖစ္ၿပီး တကယ့္ကိုၿပီးျပည့္စုံတဲ့ ျပန္လာမႈျဖစ္ဖုိ႔ အလြန္နီးစပ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈မိနစ္မွာပဲ ဘယ္ေတာင္ပံတစ္ေလွ်ာက္ အယ္လ္ဘာ ထိုးေဖာက္လာၿပီး ဂိုးေရွ႕ အသာခုတ္တင္ေပးလုိက္တာကို မက္ဆီက half-volley ဆြဲၿပီး သူအားသန္တဲ့ ဘယ္ေျခနဲ႔ အပိုင္ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ဒါေပမ့ဲ မယုံႏုိင္စရာေကာင္းေလာက္ေအာင္ပဲ မက္ဆီရဲ႕ကန္သြင္းခ်က္က ဂိုးေပါက္နဲ႔ သိသိသာသာလြဲေခ်ာ္သြားခဲ့ၿပီး ကြင္းေဘးက ေၾကာ္ျငာဆုိင္းဘုတ္နဲ႔ထိသြားခဲ့သလုိ မက္ဆီကုိယ္တုိင္လည္း သူ႕ရဲ႕ကန္သြင္းခ်က္နဲ႔ပတ္သက္လုိ႔ မခ်ိတင္ကဲျဖစ္သြားပုံရပါတယ္။

မက္ဆီရဲ႕အဲဒီကန္ခ်က္က လူမႈမီဒီယာမွာလည္း နာမည္ႀကီးသြားခဲ့ၿပီး ပရိသတ္တခ်ိဳ႕က ဒီရာသီလာလီဂါမွာ မက္ဆီ ၇ဂိုးပဲသြင္းယူႏုိင္ေသးတဲ့အေၾကာင္းရင္းက ဒါေၾကာင့္ပဲလုိ႔ ေရးသားခဲ့ပါတယ္။ ”မက္ဆီရဲ႕ကန္ခ်က္ကေတာ့ ေတာ္ေတာ္ဆုိးဆုိးပါပဲ။ ကၽြန္ေတာ့္ရဲ႕ဘ၀တစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ ကိုယ့္ကိုယ္ကိုယ္ စီေရာ္နယ္ဒိုဖန္တစ္ေယာက္လုိ ခံစားခဲ့ရပါတယ္”။ ”ဘယ္လုိေတြေတာင္ လြဲေအာင္ ကန္လုိက္တာလဲမက္ဆီရယ္’။ ”ကြင္းထဲမွာ သူနာတင္ယာဥ္မရွိတာ ကံေကာင္းသြားတယ္။ ႏို႔မဟုတ္ရင္ မက္ဆီရဲ႕ကန္ခ်က္က မွန္ေတြေတာင္ ကြဲသြားႏုိင္တယ္”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။

ဘာစီလုိနာကဟာ ကြင္းလယ္လူဒီေဂ်ာင္ရဲ႕သြင္းဂိုးေၾကာင့္ အမွတ္ျပည့္ရခဲ့ေပမယ့္ တုိက္စစ္ပိုင္းက အပိုင္အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့ၿပီး နည္းျပကိုးမန္းက တုိက္စစ္မွဴးတစ္ဦး လိုအပ္ေနတယ္လုိ႔ ၀န္ခံပါတယ္။