ဟောလိဝုဒ်မင်းသားတွေ အရှုံးပေးရမယ့် ပရီးမီးယားလိဂ် နည်းပြတွေရဲ့ ( ၁၄ )နှစ်အရွယ် ပုံရိပ်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

@AFC_Zaid ဆိုတဲ့ တွယ်တာ အကောင့်မှတဆင့် ပရီးမီးယားလိဂ် နည်းပြတွေရဲ့ ( ၁၄ ) နှစ်သားအရွယ် ပုံရိပ်ယောင်တွေကို တင်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလေ ဂန်နား ဆိုးရှားကတော့ ကစားသမားဘဝက ကလေးမျက်နှာနဲ့ လူသတ်သမားလို့ သိကြတဲ့အတိုင်း ကလေးတစ်ယောက်လို ပုံပေါ်နေပါတယ်။

ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ် နှင့် တော့တင်ဟမ်နည်းပြ မော်ရင်ဟိုတို့ကတော့ ဆာလောင်နေတဲ့ ဖိုက်တာပုံ ပေါက်နေပါတယ်။

နည်းပြ ဆမ်အလာဒိုက်စ် ၊ ခရစ် ဝိုင်ဒါ နှင့် ဒီး စမစ်တို့ကတော့ သာမာန် ကျောင်းသားတွေလို့ထင်ရပြီး ဝုဗ်နည်းပြ ဆန်တိုရဲ့ မေးရိုးကြီးက သိသိသာသာ ထင်ရှားနေခဲ့ပါတယ်။ ယာဂန်ကလော့ကတော့ ဂျာမာန်တွေရဲ့ အမှတ်အသားဖြစ်တဲ့ မျက်မှန်နဲ့အတူ တက်ကြွတဲ့ အနေအထားရှိနေပါတယ်။

အမြဲတက်ကြွနေလေ့ရှိတဲ့ မီခဲလ် အာတီတာရဲ့ ငယ်ဘဝ ပုံရိပ်မှာတော့ ဆံပင်ဖြူ တစ်ချောင်း ၊ နှစ်ချောင်း တွေ့နေရပြီး အသက် ( ၃၈ ) နှစ်အရွယ် စပိန်နည်းပြမှာ အမှန်တကယ် ရှိတာထက် ပိုများနေပုံရပါတယ်။

ဂရေဟမ် ပေါ်တာ ၊ ပက်ဂွာဒီယိုလာ နှင့် ဘရန်ဒန်ရော်ဂျာတို့က ဆယ်ကျော်သက်အရွယ် ပုံပေါက်နေပြီး စတိဗ် ဘရုစ်ကတော့ ပျော်ရွှင်နေပုံရပါတယ်။ ကားလို့ အန်ဆလော့တီ ၊ ဖရန့်လမ်းပတ် နှင့် စကော့ ပါကားတို့ကတော့ မော်ဒယ် မင်းသားတွေအလား ထင်မှတ်ရပါတယ်။ Source : The Sun

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

@AFC_Zaid ဆိုတဲ့ တြယ္တာ အေကာင့္မွတဆင့္ ပရီးမီးယားလိဂ္ နည္းျပေတြရဲ႕ ( ၁၄ ) ႏွစ္သားအ႐ြယ္ ပုံရိပ္ေယာင္ေတြကို တင္ခဲ့ၿပီး လူႀကိဳက္မ်ားခဲ့ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပ အိုေလ ဂန္နား ဆိုးရွားကေတာ့ ကစားသမားဘဝက ကေလးမ်က္ႏွာနဲ႔ လူသတ္သမားလို႔ သိၾကတဲ့အတိုင္း ကေလးတစ္ေယာက္လို ပုံေပၚေနပါတယ္။

ေဆာက္သမ္တန္နည္းျပ ဟာဆန္ဟူတယ္ ႏွင့္ ေတာ့တင္ဟမ္နည္းျပ ေမာ္ရင္ဟိုတို႔ကေတာ့ ဆာေလာင္ေနတဲ့ ဖိုက္တာပုံ ေပါက္ေနပါတယ္။ နည္းျပ ဆမ္အလာဒိုက္စ္ ၊ ခရစ္ ဝိုင္ဒါ ႏွင့္ ဒီး စမစ္တို႔ကေတာ့ သာမာန္ ေက်ာင္းသားေတြလို႔ထင္ရၿပီး ဝုဗ္နည္းျပ ဆန္တိုရဲ႕ ေမး႐ိုးႀကီးက သိသိသာသာ ထင္ရွားေနခဲ့ပါတယ္။ ယာဂန္ကေလာ့ကေတာ့ ဂ်ာမာန္ေတြရဲ႕ အမွတ္အသားျဖစ္တဲ့ မ်က္မွန္နဲ႔အတူ တက္ႂကြတဲ့ အေနအထားရွိေနပါတယ္။

အၿမဲတက္ႂကြေနေလ့ရွိတဲ့ မီခဲလ္ အာတီတာရဲ႕ ငယ္ဘဝ ပုံရိပ္မွာေတာ့ ဆံပင္ျဖဴ တစ္ေခ်ာင္း ၊ ႏွစ္ေခ်ာင္း ေတြ႕ေနရၿပီး အသက္ ( ၃၈ ) ႏွစ္အ႐ြယ္ စပိန္နည္းျပမွာ အမွန္တကယ္ ရွိတာထက္ ပိုမ်ားေနပုံရပါတယ္။ ဂေရဟမ္ ေပၚတာ ၊ ပက္ဂြာဒီယိုလာ ႏွင့္ ဘရန္ဒန္ေရာ္ဂ်ာတို႔က ဆယ္ေက်ာ္သက္အ႐ြယ္ ပုံေပါက္ေနၿပီး စတိဗ္ ဘ႐ုစ္ကေတာ့ ေပ်ာ္႐ႊင္ေနပုံရပါတယ္။ ကားလို႔ အန္ဆေလာ့တီ ၊ ဖရန႔္လမ္းပတ္ ႏွင့္ စေကာ့ ပါကားတို႔ကေတာ့ ေမာ္ဒယ္ မင္းသားေတြအလား ထင္မွတ္ရပါတယ္။ Source : The Sun