ဟော့ဖန်ဟိမ်းက ဘောလက် လက်သစ်ကစားသမားကို မျက်စိကျနေတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ယူနိုက်တက်ဟာ မိုက်ကယ်ဘောလက် လက်သစ်လို့နာမည်ကြီးနေတဲ့ ဟော့ဖန်ဟိမ်းကွင်းလယ်လူ ခရစ္စတိုဖာဘန်ဂတ်နာကို နွေရာသီမှာ ခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

သြစတြေးလျသားဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ထွန်းတောက်လာခဲ့တဲ့ကြယ်ပွင့်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

အသက် ၂၁ အရွယ်သာရှိသေးပေမယ့် ခရစ္စတိုဖာဟာ ဟော့ဖန်ဟိမ်းအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး အသင်းကြီးတွေရဲ့အာရုံကို ဆွဲဆောင်နေပါတယ်။

The Sun သတင်းဌာနက ယူနိုက်တက်ဟာ နွေရာသီမှာကွင်းလယ်နေရာအတွက် ခရစ္စတိုဖာကိုမျက်စိကျနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆိုးလ်ရှားက ပေါ့ဂ်ဘာသာယူနိုက်တက်ကနေ ထွက်ခွာဖြစ်ရင် အဆိုပါနေရာအတွက် ခရစ္စတိုဖာကို အစားထိုးချင်နေပါတယ်။

ဘန်ဂတ်နာရဲ့တန်ကြေးဟာ ပေါင် ၁၆ သန်းလောက်ရှိနေပေမယ့် ခြေစွမ်းကောင်းတွေကြောင့် တန်ကြေးက တိုးလာဖွယ်ရှိနေပါတယ်။

ဟော့ဖန်ဟိမ်း နဲ့ ခရစ္စတိုဖာတို့ရဲ့စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာကုန်ဆုံးမှာဖြစ်တာကြောင့် အလျင်စလိုရောင်းချဖို့ ဖိအားမရှိတာဖြစ်ပါတယ်။ ဘန်ဂတ်နာဟာ ဒီရာသီဘွန်ဒက်စ်လီဂါ ၁၇ ပွဲမှာ ၃ ဂိုးသွင်း ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကတော့ လိဂ် ၂၆ ပွဲမှာ ၇ ဂိုးအထိသွင်းယူကာ ခြေစွမ်းကောင်းတစ်ရပ်ပြသနိုင်ခဲ့သေးတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီယာလိုကိုပြန်လည်ခေါ်ယူခဲ့ပြီးနောက် အခုအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေထပ်မံရောက်ရှိလာမှာမဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ လင်ဂတ်ကို အခုအပြောင်းအရွှေ့မှာပဲ အငှားချထားဖို့ ပြင်ဆင်နေပါတယ်။ “အသင်းမှာတာင့်တင်းတဲ့လူအင်အားရှိနေပါပြီ။ အဲံ့တာကြောင့် လူသစ်တော့ထပ်ရောက်လာမှာမဟုတ်ပါဘူး။ ထွက်ခွာမယ့်ကစားသမားအချို့တော့ရှိနေပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဟာ့ဖန္ဟိမ္းက ေဘာလက္ လက္သစ္ကစားသမားကို မ်က္စိက်ေနတဲ့ ယူႏုိက္တက္

သတင္းေတြအရ ယူႏုိက္တက္ဟာ မုိက္ကယ္ေဘာလက္ လက္သစ္လို႔နာမည္ၾကီးေနတဲ့ ေဟာ့ဖန္ဟိမ္းကြင္းလယ္လူ ခရစၥတိုဖာဘန္ဂတ္နာကို ေႏြရာသီမွာ ေခၚယူဖို႔ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။ ၾသစေၾတးလ်သားဟာ ျပီးခဲ့တဲ့ႏွစ္ေတြကတည္းက ထြန္းေတာက္လာခဲ့တဲ့ၾကယ္ပြင့္တစ္ဦးအျဖစ္ သတ္မွတ္ခံထားရပါတယ္။ အသက္ ၂၁ အရြယ္သာရွိေသးေပမယ့္ ခရစၥတိုဖာဟာ ေဟာ့ဖန္ဟိမ္းအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရေနျပီး အသင္းၾကီးေတြရဲ႕အာရံုကို ဆြဲေဆာင္ေနပါတယ္။

The Sun သတင္းဌာနက ယူႏုိက္တက္ဟာ ေႏြရာသီမွာကြင္းလယ္ေနရာအတြက္ ခရစၥတိုဖာကိုမ်က္စိက်ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဆိုးလ္ရွားက ေပါ့ဂ္ဘာသာယူႏိုက္တက္ကေန ထြက္ခြာျဖစ္ရင္ အဆိုပါေနရာအတြက္ ခရစၥတိုဖာကို အစားထိုးခ်င္ေနပါတယ္။ ဘန္ဂတ္နာရဲ႕တန္ေၾကးဟာ ေပါင္ ၁၆ သန္းေလာက္ရွိေနေပမယ့္ ေျခစြမ္းေကာင္းေတြေၾကာင့္ တန္ေၾကးက တိုးလာဖြယ္ရွိေနပါတယ္။ ေဟာ့ဖန္ဟိမ္း နဲ႔ ခရစၥတုိဖာတို႔ရဲဲ႕စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္မွာကုန္ဆံုးမွာျဖစ္တာေၾကာင့္ အလ်င္စလိုေရာင္းခ်ဖို႔ ဖိအားမရွိတာျဖစ္ပါတယ္။

ဘန္ဂတ္နာဟာ ဒီရာသီဘြန္ဒက္စ္လီဂါ ၁၇ ပြဲမွာ ၃ ဂိုးသြင္း ၅ ဂိုးဖန္တီးထားႏိုင္ခဲ့ျပီး ယူရိုပါလိဂ္မွာလည္း စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီတုန္းကေတာ့ လိဂ္ ၂၆ ပြဲမွာ ၇ ဂိုးအထိသြင္းယူကာ ေျခစြမ္းေကာင္းတစ္ရပ္ျပသႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဒီယာလိုကိုျပန္လည္ေခၚယူခဲ့ျပီးေနာက္ အခုအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေတြထပ္မံေရာက္ရွိလာမွာမဟုတ္ေၾကာင္း ဆိုခဲ့ပါတယ္။

အျခားတစ္ဖက္မွာေတာ့ လင္ဂတ္ကို အခုအေျပာင္းအေရႊ႕မွာပဲ အငွားခ်ထားဖို႔ ျပင္ဆင္ေနပါတယ္။ “အသင္းမွာတာင့္တင္းတဲ့လူအင္အားရွိေနပါျပီ။ အဲံ့တာေၾကာင့္ လူသစ္ေတာ့ထပ္ေရာက္လာမွာမဟုတ္ပါဘူး။ ထြက္ခြာမယ့္ကစားသမားအခ်ိဳ႕ေတာ့ရွိေနပါတယ္”လုိ႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။