အကယ်ဒမီထွက် လူငယ်များကို မန်ယူအသင်း နေရာအများဆုံးပေးထား ငယ်မွေးခြံပေါက်ဈေးကွက်မှာ ဟယ်ရီကိန်း ၁၀၈ သန်းဖြင့် ထိပ်ဆုံးမှာရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာပေါ်မှာ ကိုယ့်အသင်းကထွက်တဲ့ လူငယ်အကယ်ဒမီထွက် ကစားသမား တွေကို အများဆုံးနေရာပေးတဲ့အသင်းကတော့ မန်ယူပါပဲ။

၂၀၂၀-၂၁ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ လူငယ်ကစားသမားတွေကို အများဆုံးနေရာပေးတဲ့အသင်းအဖြစ် လူငယ် ၁၈ ဦးအထိ နေရာပေးထားတဲ့ မန်ယူက ဦးဆောင်နေပါတယ်။

ဒီပမာဏဟာ ဥရောပတလွှားက ထိပ်ဆုံးအသင်း ၂၀ ထဲမှာလည်း နံပါတ်တစ်ပါပဲ။

မန်ယူရဲ့နောက်မှာ ချဲလ်ဆီးရှိနေပြီး ၁၄ ဦးအထိ နေရာပေးထားတာကို တွေ့ရပါတယ်။

လက်ရှိမန်ယူအသင်းရဲ့ စီနီယာလူစာရင်း မှာ ငယ်မွေးခြံပေါက်ကစားသမား ၈ ဦးအထိ
နေရာပေးထားပြီး ပရီးမီးယားလိဂ် အတိုင်းအတာအနေနဲ့ ကြည့်မယ်ဆိုရင်
ဝက်စ်ဟမ်းနဲ့အတူ ပမာဏအများဆုံးဖြစ် တာကို တွေ့ရမှာပါ။

မန်ယူမှာ တန်ဇွန်ဘီ၊ ဝီလျံ၊ ဟန်ဒါဆန်၊ လင်ဂတ်၊ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ တွန်မီနေး၊ တီဒန်တို့ကို စီနီယာအသင်းနဲ့ တွဲပေးထားပါတယ်။

ဥရောပ အတိုင်းအတာနဲ့ ဒုတိယနေရာမှာရှိတဲ့ ချဲလ်ဆီးမှာဆိုရင် မေဆန်မောင့်၊ အေဘရာ ဟမ်၊ ခရစ္စတန်ဆန်၊ အိုဒွိုင်း၊ တိုမိုရီ၊ ရီစီဂျိမ်းစ်တို့ ၆ ဦးကို စီနီယာအသင်းမှာ နေ ရာပေးထားတာပါ။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲက ဝုဗ်နဲ့ ဖူလ်ဟမ်တို့ ၂ သင်းကတော့ လူငယ်အကယ်ဒမီထွက်ကစားသမားတစ်ဦးမှ အသင်းရဲ့စီနီယာ လူစာရင်းမှာ နေရာပေးထားတာမရှိပါဘူး။

ဥရောပမှာ နာမည်ကြီးတဲ့ ဘာစီလိုနာ ရဲ့ လာမာစီယာထွက်ကစားသမားတွေအပေါ် အသင်းကြီးက နေရာပေးမှုမှာလည်း ဥရောပအတိုင်းအတာအနေနဲ့ အဆင့် ၁၉ မှာပဲ ရှိပါတယ်။

ကမ္ဘာတစ်လွှားက နိုင်ငံတွေအနေနဲ့ အသင်းရဲ့အကယ်ဒမီထွက် ငယ်မွေးခြံပေါက်ကစားသမား တွေအသုံးပြုတဲ့စာရင်းမှာ အင်္ဂလန်က အများဆုံးဖြစ်ပြီး
ပြင်သစ်က ၄၄ ဦးနဲ့ ဒုတိယရှိနေပြီး စပိန် ၃၁ဦး၊ ဘရာဇီး ၂၅ ဦး၊ ပေါ်တူဂီ ၂၃ ဦး၊ နယ်သာလန် ၁၉ ဦးတို့ အစဉ်လိုက်ရှိနေပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေက လူငယ်အကယ်ဒမီထွက် ကစားသမားတွေထဲမှာ ဈေးကွက်တန်ကြေးအများဆုံးကစားသမားကတော့
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဖြစ်ပြီး ပေါင် ၁၀၈ သန်းတန်ကြေးရှိပါတယ်။

သူ့ရဲ့ နောက်မှာ ရက်ရှ်ဖို့ဒ်(၇၂သန်း)၊ ဖိုဒန်(မန်စီးတီး-၅၄သန်း)၊ ဒီကလန်ရိုက်စ်(ဝက်စ်ဟမ်း-၄၉.၅သန်း)၊
ဇာဟာ(ပဲလေ့စ်-၄၅ သန်း)၊ မေဆန် မောင့်(ချဲလ်ဆီး-၄၀.၅သန်း)နဲ့ ဂရီလစ်ရှ်(ဗီလာ-၄၀.၅သန်း)တို့ အစဉ်လိုက် ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အကယ္ဒမီထြက္ လူငယ္မ်ားကို မန္ယူအသင္း ေနရာအမ်ားဆံုးေပးထား
ငယ္ေမြးၿခံေပါက္ေစ်းကြက္မွာ ဟယ္ရီကိန္း ၁၀၈ သန္းျဖင့္ ထိပ္ဆံုးမွာရွိ

ကမာၻေပၚမွာ ကိုယ့္အသင္းကထြက္တဲ့ လူငယ္အကယ္ဒမီထြက္ ကစားသမား ေတြကို အမ်ားဆံုးေနရာေပးတဲ့အသင္းကေတာ့ မန္ယူပါပဲ။

၂၀၂၀-၂၁ ေဘာလံုး ရာသီမွာ ပရီးမီးယားလိဂ္ကလပ္အသင္းေတြထဲမွာ လူငယ္ကစားသမားေတြကို အမ်ားဆံုးေနရာေပးတဲ့အသင္းအျဖစ္ လူငယ္ ၁၈ ဦးအထိ ေနရာေပးထားတဲ့ မန္ယူက ဦးေဆာင္ေနပါတယ္။

ဒီပမာဏဟာ ဥေရာပတလႊားက ထိပ္ဆံုးအသင္း ၂၀ ထဲမွာလည္း နံပါတ္တစ္ပါပဲ။

မန္ယူရဲ႕ေနာက္မွာ ခ်ဲလ္ဆီးရွိေနၿပီး ၁၄ ဦးအထိ ေနရာေပးထားတာကို ေတြ႕ရပါတယ္။

လက္ရွိမန္ယူအသင္းရဲ႕ စီနီယာလူစာရင္း မွာ ငယ္ေမြးၿခံေပါက္ကစားသမား ၈ ဦးအထိ ေနရာေပးထားၿပီး ပရီးမီးယားလိဂ္ အတိုင္းအတာအေနနဲ႔ ၾကည့္မယ္ဆိုရင္ ၀က္စ္ဟမ္းနဲ႔အတူ ပမာဏအမ်ားဆံုးျဖစ္ တာကို ေတြ႕ရမွာပါ။

မန္ယူမွာ တန္ဇြန္ဘီ၊ ၀ီလ်ံ၊ ဟန္ဒါဆန္၊ လင္ဂတ္၊ ရက္ရွ္ဖို႔ဒ္၊ ဂရင္း၀ုဒ္၊ တြန္မီေနး၊ တီဒန္တို႔ကို စီနီယာအသင္းနဲ႔ တြဲေပးထားပါတယ္။

ဥေရာပ အတုိင္းအတာနဲ႔ ဒုတိယေနရာမွာရွိတဲ့ ခ်ဲလ္ဆီးမွာဆိုရင္ ေမဆန္ေမာင့္၊ ေအဘရာ ဟမ္၊ ခရစၥတန္ဆန္၊ အိုဒြိဳင္း၊ တုိုမိုရီ၊ ရီစီဂ်ိမ္းစ္တုိ႔ ၆ ဦးကို စီနီယာအသင္းမွာ ေန ရာေပးထားတာပါ။

ပရီးမီးယားလိဂ္ကလပ္အသင္းေတြထဲက ၀ုဗ္နဲ႔ ဖူလ္ဟမ္တို႔ ၂ သင္းကေတာ့ လူငယ္အကယ္ဒမီထြက္ကစားသမားတစ္ဦးမွ အသင္းရဲ႕စီနီယာ လူစာရင္းမွာ ေနရာေပးထားတာမရွိပါဘူး။

ဥေရာပမွာ နာမည္ႀကီးတဲ့ ဘာစီလိုနာ ရဲ႕ လာမာစီယာထြက္ကစားသမားေတြအေပၚ အသင္းႀကီးက ေနရာေပးမႈမွာလည္း ဥေရာပအတိုင္းအတာအေနနဲ႔ အဆင့္ ၁၉ မွာပဲ ရွိပါတယ္။

ကမာၻတစ္လႊားက ႏိုင္ငံေတြအေနနဲ႔ အသင္းရဲ႕အကယ္ဒမီထြက္ ငယ္ေမြးၿခံေပါက္ကစားသမား ေတြအသံုးျပဳတဲ့စာရင္းမွာ အဂၤလန္က အမ်ားဆံုးျဖစ္ၿပီး
ျပင္သစ္က ၄၄ ဦးနဲ႔ ဒုတိယရွိေနၿပီး စပိန္ ၃၁ဦး၊ ဘရာဇီး ၂၅ ဦး၊ ေပၚတူဂီ ၂၃ ဦး၊ နယ္သာလန္ ၁၉ ဦးတို႔ အစဥ္လိုက္ရွိေနပါတယ္။

ပရီးမီးယားလိဂ္အသင္းေတြက လူငယ္အကယ္ဒမီထြက္ ကစားသမားေတြထဲမွာ ေစ်းကြက္တန္ေၾကးအမ်ားဆံုးကစားသမားကေတာ့
စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းျဖစ္ၿပီး ေပါင္ ၁၀၈ သန္းတန္ေၾကးရွိပါတယ္။

သူ႕ရဲ႕ ေနာက္မွာ ရက္ရွ္ဖို႔ဒ္(၇၂သန္း)၊ ဖိုဒန္(မန္စီးတီး-၅၄သန္း)၊ ဒီကလန္ရိုက္စ္(၀က္စ္ဟမ္း-၄၉.၅သန္း)၊
ဇာဟာ(ပဲေလ့စ္-၄၅ သန္း)၊ ေမဆန္ ေမာင့္(ခ်ဲလ္ဆီး-၄၀.၅သန္း)နဲ႔ ဂရီလစ္ရွ္(ဗီလာ-၄၀.၅သန္း)တို႔ အစဥ္လိုက္ ရွိေနပါတယ္။