
ရှေးဂစ်ဗင်ဟာ လက်ရှိအချိန်မှာ ဒါဘီအသင်းရဲ့ နည်းပြအဖွဲ့ထဲမှာပါဝင်နေပြီး
သူ့ရဲ့ကစားသမားဘဝမှာ အရှည်ကြာဆုံးကစားခဲ့တဲ့ အသင်းအဖြစ် နယူးကာ
ဆယ်နဲ့အတူ (၁၂)နှစ်ကြာ ပွဲထွက် ဂိုးသမားအဖြစ် ကစားခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ ပရီးမီးယားလိဂ်မှာပဲ ကစားသမားဘဝတစ်လျှောက်လုံးနီးပါး
ကျင်လည်ခဲ့သူဖြစ်ပြီး ပရီမီးယားလိဂ်ရဲ့ တိုက်စစ်မှူးတွေရဲ့ အထာကိုကောင်းစွ
ာနားလည်သလို ပြိုင်ပွဲရဲ့ ခက်ခဲတဲ့ အနေအထားကိုလည်း ဂိုးသမားတစ်ယောက်
အနေနဲ့ ကောင်းကောင်းသိရှိထားသူပါ။
ပရီမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးပြိုင်ပွဲတစ်ခုဖြစ်လာတာနဲ့
အညီ နာမည်ကျော် နည်းပြတွေရောက်ရှိလာခဲ့ကြသလို အကောင်းဆုံး
တိုက်စစ်မှူးတွေလည်း ရောက်ရှိလာနေကြပါတယ်။ သူတို့တွေရဲ့ နည်းဗျူ
ဟာတွေ တိုက်စစ်ဆင်မှုတွေကို အပြင်းအထန်ရင်ဆိုင်နေရတာကတော့
အသင်းတွေရဲ့ ဂိုးသမားတွေ ပါပဲ။ လက်ရှိမှာ အလီဆန်အနေနဲ့ ပေးဂိုးမဲ့
ပွဲအရေအတွက် ၈ ပွဲနဲ့ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကိုဆွတ်ခူးနိုင်ဖို့
ဦးဆောင်ထားပေမယ့် မန်ဒီ၊ အီဒါဆန်၊ လော့ရန် ၊ရမ်စ်ဒေး တို့ရဲ့ စွမ်းဆောင်
ရည်တွေကလည်း မခေကြပါဘူး။
ရှေးဂစ်ဗင် ကတော့ ဒီနှစ်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားဖြစ်
လာမယ့်သူက မန်ချက်စတာစီးတီးအသင်းရဲ့ဂိုးသမား အီဒါဆန် ဆိုပြီး
Ladbrokes နဲ့ အင်တာဗျူးအစီအစဉ်မှာ ရွေးချယ်ခဲ့ပါတယ်။
အီဒါဆန်ဟာ လက်ရှိပရီးမီးယားလိဂ်ဘောလုံးရာသီမှာ ၇ ပွဲတိတိ ပေးဂိုး
မပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းကို လက်ရှိမှာ ဇယားထိပ်မှာ
၁၅ ပွဲကစားအပြီး ဦးဆောင်နေနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ
ဖြစ်သလို မန်ချက်စတာစီးတီးအသင်းအနေနဲ့ လက်ရှိမှာ လီဗာပူးလ်ထက်
၁ မှတ်အသာ၊ ချဲလ်ဆီးအသင်းထက် ၂ မှတ်အသာရနေတာလည်း ဖြစ်ပါတယ်။
အလီဆန်နဲ့ အတူ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ ဂိုးသမားဖြစ်တဲ့
အီဒါဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ပေးဂိုးမဲ့ပွဲအရေအတွက်
အများဆုံး ဂိုးသမားကို ပေးအပ်တဲ့ ရွှေလက်အိတ်ဆုကို ပြီးခဲ့တဲ့ဘောလုံး
ရာသီ ၂ ရာသီဆက်တိုက်ရရှိခဲ့သူဖြစ်သလို ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက
၁၉ ပွဲနဲ့ အဲ့ဒီဘောလုံးရာသီမတိုင်ခင်တစ်နှစ်က ၁၆ ပွဲနဲ့ ရရှိ ထားသူလည်
းဖြစ်ပါတယ်။
ဒီရာသီမှာတော့ အီဒါဆန်အနေနဲ့ (၃)နှစ်ဆက် ရွှေလက်အိတ်ဆုရဖို့အတွက်
အတော့ကို ရုန်းကန်ရမှာဖြစ်ပြီး လီဗာပူးလ်းဂိုးသမား အလီဆန်ကသူ့ထက်
ပေးဂိုးမဲ့ပွဲအရေအတွက်မှာ (၁)ပွဲအသာရ နေသလို ချယ်လ်ဆီးဂိုးသမား
မန်ဒီကလည်း အီဒါဆန်နဲ့ ပေးဂိုးမဲ့ပွဲအရေအတွက် အတူတူ ၇ ပွဲနဲ့
ဒုတိယနေရာမှာ ရှိနေကြပါတယ်။
ဒါပေမယ့် ရှေးဂစ်ဗင်က အီဒါဆန်သာ ရာသီပြီးဆုံးချိန်မှာ အကောင်းဆုံး
ဂိုးသမားဆုကို (၃)နှစ်ဆက် ရယူသွားနိုင်မယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။
ဂစ်ဗင်က “ကျွန်တော့်အနေနဲ့ အီဒါဆန်အတွက် အချိန်တွေအများကြီး ပေးခဲ့
ရပါတယ်။ ကျွန်တော့်အနေနဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ပွဲစဉ်တွေအမျာ
းကြီးကို ကြည့်ဖူးပြီး သူ့ရဲ့ သွေးပူလေ့ကျင့်ခန်းဆင်းတာကို ကြည့်နေရတာ
ကိုတောင် လုံးဝအံ့မခန်းပါပဲ”လို့ Ladbrokes နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီး သူက “တကယ်လို့ တစ်ယောက်ယောက်ကများ ဂိုးသမား
တစ်ယောက်အနေနဲ့ တိုးတက်ချင်တယ်ဆိုရင် ကျွန်တော့်အနေနဲ့ သူသွေးပူ
လေ့ကျင့်ခန်းလုပ်လေးကိုပဲ အရင်ဆုံးကြည့်ဖို့အတွက် တိုက်တွန်းချင်တယ်။
ပေးပို့မှုအချို့၊ ကန်ချက်အချို့နဲ့ ပွဲမကန်ခင် သူလုပ်ပြနေတဲ့ အခြားအရာတွေက
တကယ့်ကို တကယ်ဟုတ်ရဲ့လားလို့ ထင်စရာတွေပါပဲ။ ခင်ဗျားအနေနဲ့
သူ့ဆီကနေ အများကြီး သင်ယူနိုင်ပါတယ်”
“အလီဆန်က သူ့ကို ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ ဦးစားပေးဂိုးသမား
နေရာကနေ ဖယ်ရှားဖို့အတွက် လုပ်နေပေမယ့် ကျွန်တော်ကတော့
အီဒါဆန်က ပရီးမီးယားလိဂ်မှာ လက်ရှိအကောင်းဆုံး ဂိုးသမားဖြစ်တယ်
လို့ပဲ ပြောနေဦးမှာပါပဲ။ မန်ဒီ၊ ဒီဂီယာ တို့လို ဂိုးသမားတွေရှိနေတဲ့လိဂ်မှာ
အဆင့်အတန်းက မြင့်လွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့
အီဒါဆန်ကို အီးတီဟတ်ကို မရောက်လာခင်ကတည်းက သဘောကျ
ကြိုက်နှစ်သက်ခဲ့တာပါ။”
“ထိပ်တန်းအဆင့် ဂိုးသမားတစ်ယောက်အနေနဲ့ သူ့မှာရှိနေတဲ့ အရည်
အသွေးတွေက အသင်းနိုင်ပွဲရအောင် အများကြီးကူညီပေးနိုင်နေပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က အက်စ်တန်ဗီလာနဲ့ပွဲကို ကျွန်တော် ကြည့်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီပွဲမှာ သူက အရေးပါတဲ့ ကာကွယ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အဲ့ဒီကာကွယ်မှု
ကြောင့်ပဲ စီးတီးအနေနဲ့ ၃ မှတ်အပြည့်ရခဲ့တာပါ။ သူက အသင်းကို ဖြစ်သင့်
တာထက် (၂) မှတ်ပိုရစေမယ့် ကာကွယ်မှုတွေနဲ့ အသင်းကို ကယ်တင်နိုင်တဲ့
ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ပွဲကိုအနိုင်ရစေခဲ့ပါတယ်”လို့
ပြောသွားခဲ့ပါတယ်။
Zawgyi
အေကာင္းဆံုးစြမ္းေဆာင္ေနၾကတဲ့ ဂိုးသမားေတြထဲမွာ အီဒါဆန္က အေကာင္းဆံုးလို႕ ေရွးဂစ္ဗင္ကေျပာ
ေရွးဂစ္ဗင္ဟာ လက္ရွိအခ်ိန္မွာ ဒါဘီအသင္းရဲ႕ နည္းျပအဖြဲ႕ထဲမွာပါဝင္ေနၿပီး
သူ႔ရဲ႕ကစားသမားဘဝမွာ အရွည္ၾကာဆုံးကစားခဲ့တဲ့ အသင္းအျဖစ္ နယူးကာ
ဆယ္နဲ႔အတူ (၁၂)ႏွစ္ၾကာ ပြဲထြက္ ဂိုးသမားအျဖစ္ ကစားခဲ့သူလည္းျဖစ္ပါတယ္။
သူဟာ ပရီးမီးယားလိဂ္မွာပဲ ကစားသမားဘဝတစ္ေလွ်ာက္လုံးနီးပါး
က်င္လည္ခဲ့သူျဖစ္ၿပီး ပရီမီးယားလိဂ္ရဲ႕ တိုက္စစ္မႉးေတြရဲ႕ အထာကိုေကာင္းစြ
ာနားလည္သလို ၿပိဳင္ပြဲရဲ႕ ခက္ခဲတဲ့ အေနအထားကိုလည္း ဂိုးသမားတစ္ေယာက္
အေနနဲ႔ ေကာင္းေကာင္းသိရွိထားသူပါ။
ပရီမီးယားလိဂ္ဟာ ကမာၻေပၚမွာ အေအာင္ျမင္ဆုံးၿပိဳင္ပြဲတစ္ခုျဖစ္လာတာနဲ႔
အညီ နာမည္ေက်ာ္ နည္းျပေတြေရာက္ရွိလာခဲ့ၾကသလို အေကာင္းဆုံး
တိုက္စစ္မႉးေတြလည္း ေရာက္ရွိလာေနၾကပါတယ္။ သူတို႔ေတြရဲ႕ နည္းဗ်ဴ
ဟာေတြ တိုက္စစ္ဆင္မႈေတြကို အျပင္းအထန္ရင္ဆိုင္ေနရတာကေတာ့
အသင္းေတြရဲ႕ ဂိုးသမားေတြ ပါပဲ။ လက္ရွိမွာ အလီဆန္အေနနဲ႔ ေပးဂိုးမဲ့
ပြဲအေရအတြက္ ၈ ပြဲနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ေ႐ႊလက္အိတ္ဆုကိုဆြတ္ခူးႏိုင္ဖို႔
ဦးေဆာင္ထားေပမယ့္ မန္ဒီ၊ အီဒါဆန္၊ ေလာ့ရန္ ၊ရမ္စ္ေဒး တို႔ရဲ႕ စြမ္းေဆာင္
ရည္ေတြကလည္း မေခၾကပါဘူး။
ေရွးဂစ္ဗင္ ကေတာ့ ဒီႏွစ္မွာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဂိုးသမားျဖစ္
လာမယ့္သူက မန္ခ်က္စတာစီးတီးအသင္းရဲ႕ဂိုးသမား အီဒါဆန္ ဆိုၿပီး
Ladbrokes နဲ႔ အင္တာဗ်ဴးအစီအစဥ္မွာ ေ႐ြးခ်ယ္ခဲ့ပါတယ္။
အီဒါဆန္ဟာ လက္ရွိပရီးမီးယားလိဂ္ေဘာလုံးရာသီမွာ ၇ ပြဲတိတိ ေပးဂိုး
မေပးရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး အသင္းကို လက္ရွိမွာ ဇယားထိပ္မွာ
၁၅ ပြဲကစားအၿပီး ဦးေဆာင္ေနႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာ
ျဖစ္သလို မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လက္ရွိမွာ လီဗာပူးလ္ထက္
၁ မွတ္အသာ၊ ခ်ဲလ္ဆီးအသင္းထက္ ၂ မွတ္အသာရေနတာလည္း ျဖစ္ပါတယ္။
အလီဆန္နဲ႔ အတူ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းရဲ႕ ဂိုးသမားျဖစ္တဲ့
အီဒါဆန္ဟာ ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီအတြင္း ေပးဂိုးမဲ့ပြဲအေရအတြက္
အမ်ားဆုံး ဂိုးသမားကို ေပးအပ္တဲ့ ေ႐ႊလက္အိတ္ဆုကို ၿပီးခဲ့တဲ့ေဘာလုံး
ရာသီ ၂ ရာသီဆက္တိုက္ရရွိခဲ့သူျဖစ္သလို ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းက
၁၉ ပြဲနဲ႔ အဲ့ဒီေဘာလုံးရာသီမတိုင္ခင္တစ္ႏွစ္က ၁၆ ပြဲနဲ႔ ရရွိ ထားသူလည္
းျဖစ္ပါတယ္။
ဒီရာသီမွာေတာ့ အီဒါဆန္အေနနဲ႔ (၃)ႏွစ္ဆက္ ေ႐ႊလက္အိတ္ဆုရဖို႔အတြက္
အေတာ့ကို ႐ုန္းကန္ရမွာျဖစ္ၿပီး လီဗာပူးလ္းဂိုးသမား အလီဆန္ကသူ႔ထက္
ေပးဂိုးမဲ့ပြဲအေရအတြက္မွာ (၁)ပြဲအသာရ ေနသလို ခ်ယ္လ္ဆီးဂိုးသမား
မန္ဒီကလည္း အီဒါဆန္နဲ႔ ေပးဂိုးမဲ့ပြဲအေရအတြက္ အတူတူ ၇ ပြဲနဲ႔
ဒုတိယေနရာမွာ ရွိေနၾကပါတယ္။
ဒါေပမယ့္ ေရွးဂစ္ဗင္က အီဒါဆန္သာ ရာသီၿပီးဆုံးခ်ိန္မွာ အေကာင္းဆုံး
ဂိုးသမားဆုကို (၃)ႏွစ္ဆက္ ရယူသြားႏိုင္မယ္လို႔ယုံၾကည္ေနတာျဖစ္ပါတယ္။
ဂစ္ဗင္က “ကြၽန္ေတာ့္အေနနဲ႔ အီဒါဆန္အတြက္ အခ်ိန္ေတြအမ်ားႀကီး ေပးခဲ့
ရပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ပြဲစဥ္ေတြအမ်ာ
းႀကီးကို ၾကည့္ဖူးၿပီး သူ႔ရဲ႕ ေသြးပူေလ့က်င့္ခန္းဆင္းတာကို ၾကည့္ေနရတာ
ကိုေတာင္ လုံးဝအံ့မခန္းပါပဲ”လို႔ Ladbrokes နဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီး သူက “တကယ္လို႔ တစ္ေယာက္ေယာက္ကမ်ား ဂိုးသမား
တစ္ေယာက္အေနနဲ႔ တိုးတက္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ့္အေနနဲ႔ သူေသြးပူ
ေလ့က်င့္ခန္းလုပ္ေလးကိုပဲ အရင္ဆုံးၾကည့္ဖို႔အတြက္ တိုက္တြန္းခ်င္တယ္။
ေပးပို႔မႈအခ်ိဳ႕၊ ကန္ခ်က္အခ်ိဳ႕နဲ႔ ပြဲမကန္ခင္ သူလုပ္ျပေနတဲ့ အျခားအရာေတြက
တကယ့္ကို တကယ္ဟုတ္ရဲ႕လားလို႔ ထင္စရာေတြပါပဲ။ ခင္ဗ်ားအေနနဲ႔
သူ႔ဆီကေန အမ်ားႀကီး သင္ယူႏိုင္ပါတယ္”
“အလီဆန္က သူ႔ကို ဘရာဇီးလ္လက္ေ႐ြးစင္အသင္းရဲ႕ ဦးစားေပးဂိုးသမား
ေနရာကေန ဖယ္ရွားဖို႔အတြက္ လုပ္ေနေပမယ့္ ကြၽန္ေတာ္ကေတာ့
အီဒါဆန္က ပရီးမီးယားလိဂ္မွာ လက္ရွိအေကာင္းဆုံး ဂိုးသမားျဖစ္တယ္
လို႔ပဲ ေျပာေနဦးမွာပါပဲ။ မန္ဒီ၊ ဒီဂီယာ တို႔လို ဂိုးသမားေတြရွိေနတဲ့လိဂ္မွာ
အဆင့္အတန္းက ျမင့္လြန္းပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့
အီဒါဆန္ကို အီးတီဟတ္ကို မေရာက္လာခင္ကတည္းက သေဘာက်
ႀကိဳက္ႏွစ္သက္ခဲ့တာပါ။”
“ထိပ္တန္းအဆင့္ ဂိုးသမားတစ္ေယာက္အေနနဲ႔ သူ႔မွာရွိေနတဲ့ အရည္
အေသြးေတြက အသင္းႏိုင္ပြဲရေအာင္ အမ်ားႀကီးကူညီေပးႏိုင္ေနပါတယ္။
ၿပီးခဲ့တဲ့တစ္ပတ္က အက္စ္တန္ဗီလာနဲ႔ပြဲကို ကြၽန္ေတာ္ ၾကည့္ျဖစ္ခဲ့ပါတယ္။
အဲ့ဒီပြဲမွာ သူက အေရးပါတဲ့ ကာကြယ္မႈတစ္ခုကို ျပဳလုပ္ခဲ့ၿပီး အဲ့ဒီကာကြယ္မႈ
ေၾကာင့္ပဲ စီးတီးအေနနဲ႔ ၃ မွတ္အျပည့္ရခဲ့တာပါ။ သူက အသင္းကို ျဖစ္သင့္
တာထက္ (၂) မွတ္ပိုရေစမယ့္ ကာကြယ္မႈေတြနဲ႔ အသင္းကို ကယ္တင္ႏိုင္တဲ့
ကစားသမားတစ္ေယာက္ျဖစ္ခဲ့ၿပီး ပြဲကိုအႏိုင္ရေစခဲ့ပါတယ္”လို႔
ေျပာသြားခဲ့ပါတယ္။