
အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာဘီဘီစီရဲ့တစ်နှစ်တာ
အကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။ဆောက်ဂိတ်ဟာ
BBC Sports Personality of the Year ဆုပေးပွဲမှာ
တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးသွားခဲ့တာလည်းဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကို ယူရို၂၀၂၀ဗိုလ်လုပွဲသို့
တက်ရောက်နိုင်အောင်ဦးဆောင်ပေးခဲ့ပြီးနောက် အကောင်းဆုံးနည်းပြဆုကို
ဆွတ်ခူးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်အင်္ဂလန်အသင်းမှာလည်း
တစ်နှစ်တာအကောင်းဆုံးအသင်းဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
အင်္ဂလန်ဟာယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပေမယ့်လည်း
ဗိုလ်လုပွဲတွင်ပင်နယ်တီအဆုံးအဖြတ်ဖြင့် အီတလီကိုအရေးနိမ့်ခဲ့ပါတယ်။
ဆောက်ဂိတ်က “ဆန်ကာတင်စာရင်းမှာပါဝင်တဲ့အခြားနည်းပြတွေလည်း
အရမ်းတော်တဲ့သူတွေပါ။ဒီနိုင်ငံမှာအရမ်းတော်တဲ့တချို့ကိုပိုင်ဆိုင်ထားပါတယ်။
စတိဗ်(ဟော်လန်)နဲ့အသင်းမှာရှိအခြားနည်းပြအဖွဲံဝင်တွေမပါဘဲ
ဒါကိုလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။အရမ်းတော်တဲ့သူတွေနဲ့
အလုပ်တွဲလုပ်ခွင့်ရလို့ကျွန်တော့်အတွက်လွယ်ကူစေပါတယ်”လို့ပြောကြားသွားပါတယ်။
ဘီဘီစီတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကပြီးခဲ့တဲ့၁၂လအတွင်း
ဗြိတိန်အားကစားအတွက်အမြင့်မားဆုံးစွမ်းဆောင်ပေးနိုင်တဲ့
နည်းပြကို ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကို၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲ
အောင်မြင်အောင်ဦးဆောင်ပေးနိုင်ခဲ့ပြီးတဲ့နောက် ၂၀၂၄ခုနှစ်အထိ
စာချုပ်သက်တမ်းတိုးခြင်းခံထားရပါတယ်။ဆောက်ဂိတ်ဟာဘီဘီစီရဲ့
တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဒုတိယအကြိမ်မြောက်
ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာအင်္ဂလန်ကို၂၀၁၈ကမ္ဘာ့ဖလား
ဆီမီးဖိုင်နယ်သို့ပို့ဆောင်ပေးနိုင်ခဲ့ပြီးနောက်
တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးခဲ့ဖူးပါတယ်။
ဘီဘီစီရဲ့ Sports Personality of the Year ကို တင်းနစ်အကျော်အမော်
အမ်မာရာဒူးကာနူးက တိုင်ဆန်ဖြူရီ၊ရာဟမ်းစတာလင်း၊ဆာရာစတိုရေးတို့အား
ကျော်ဖြတ်ကာဆွတ်ခူးသွားခဲ့ပါတယ်။
zawgyi
အေကာင္းဆုံးနည္းျပႏွင့္ အေကာင္းဆုံးအသင္းဆုကို ေဆာက္ဂိတ္ႏွင့္အဂၤလန္ဆြတ္ခူး
အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာဘီဘီစီရဲ႕တစ္ႏွစ္တာ
အေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။ေဆာက္ဂိတ္ဟာ
BBC Sports Personality of the Year ဆုေပးပြဲမွာ
တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးသြားခဲ့တာလည္းျဖစ္ပါတယ္။
ေဆာက္ဂိတ္ဟာအဂၤလန္အသင္းကို ယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔
တက္ေရာက္ႏိုင္ေအာင္ဦးေဆာင္ေပးခဲ့ၿပီးေနာက္ အေကာင္းဆုံးနည္းျပဆုကို
ဆြတ္ခူးသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဒါ့အျပင္အဂၤလန္အသင္းမွာလည္း
တစ္ႏွစ္တာအေကာင္းဆုံးအသင္းဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။
အဂၤလန္ဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ေပမယ့္လည္း
ဗိုလ္လုပြဲတြင္ပင္နယ္တီအဆုံးအျဖတ္ျဖင့္ အီတလီကိုအေရးနိမ့္ခဲ့ပါတယ္။
ေဆာက္ဂိတ္က “ဆန္ကာတင္စာရင္းမွာပါဝင္တဲ့အျခားနည္းျပေတြလည္း
အရမ္းေတာ္တဲ့သူေတြပါ။ဒီႏိုင္ငံမွာအရမ္းေတာ္တဲ့တခ်ိဳ႕ကိုပိုင္ဆိုင္ထားပါတယ္။
စတိဗ္(ေဟာ္လန္)နဲ႔အသင္းမွာရွိအျခားနည္းျပအဖြဲံဝင္ေတြမပါဘဲ
ဒါကိုလုပ္ေဆာင္ႏိုင္မွာမဟုတ္ပါဘူး။အရမ္းေတာ္တဲ့သူေတြနဲ႔
အလုပ္တြဲလုပ္ခြင့္ရလို႔ကြၽန္ေတာ့္အတြက္လြယ္ကူေစပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ဘီဘီစီတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကၿပီးခဲ့တဲ့၁၂လအတြင္း
ၿဗိတိန္အားကစားအတြက္အျမင့္မားဆုံးစြမ္းေဆာင္ေပးႏိုင္တဲ့
နည္းျပကို ခ်ီးျမႇင့္တဲ့ဆုျဖစ္ပါတယ္။
ေဆာက္ဂိတ္ဟာအဂၤလန္အသင္းကို၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲ
ေအာင္ျမင္ေအာင္ဦးေဆာင္ေပးႏိုင္ခဲ့ၿပီးတဲ့ေနာက္ ၂၀၂၄ခုႏွစ္အထိ
စာခ်ဳပ္သက္တမ္းတိုးျခင္းခံထားရပါတယ္။ေဆာက္ဂိတ္ဟာဘီဘီစီရဲ႕
တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုဒုတိယအႀကိမ္ေျမာက္
ဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။သူဟာအဂၤလန္ကို၂၀၁၈ကမာၻ႔ဖလား
ဆီမီးဖိုင္နယ္သို႔ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္
တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးခဲ့ဖူးပါတယ္။
ဘီဘီစီရဲ႕ Sports Personality of the Year ကို တင္းနစ္အေက်ာ္အေမာ္
အမ္မာရာဒူးကာႏူးက တိုင္ဆန္ျဖဴရီ၊ရာဟမ္းစတာလင္း၊ဆာရာစတိုေရးတို႔အား
ေက်ာ္ျဖတ္ကာဆြတ္ခူးသြားခဲ့ပါတယ္။