အက်စတွန်ဗီလာကို တစ်ပွဲလုံး ဆက်တိုက်ဖိကစားသွားခဲ့ပြီး အနိုင်ယူသွားခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးလ်၊ အာဆင်နယ်တို့ကို ဂိုးပြတ် အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၅)ပွဲဆက် ရှံးပွဲမရှိအောင် အကောင်းဆုံးပုံစံပြသကစားထားနိုင်ခဲ့တဲ့ အက်စတွန်ဗီလာကို ယူနိုက်တက်အသင်းက အိုးထရက်ဖိုဒ့်မှာ အနိုင်ယူပြီး ၂၀၂၁နှစ်သစ်ကို နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

အသင်းနှစ်သင်းစလုံးဟာ တိုက်စစ်အသားပေး ကစားသွားခဲ့တာကြောင့် ပွဲက နောက်ဆုံးမိနစ်အထိကို ကြည့်ကောင်းခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့တဲ့ ယူနိုက်တက်ကတော့ ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ်တူသွားခဲ့ပါပြီ။

လီဗာပူးလ်၊အာဆင်နယ်၊ချယ်လ်ဆီး၊လက်စတာ တို့လိုအသင်းကြီး၊ အသင်းကောင်းတွေကို ရှုံးပွဲမရှိခဲ့တဲ့ ဗီလာအသင်းဟာ ယူနိုက်တက်နဲ့အတွေ့မှာတော့ ရှုံးပွဲကြုံသွားခဲ့တာလည်းဖြစ်ပါတယ်။

ဗီလာကွင်းလယ်က ဒေါက်ဂလပ်စ်လူးဝစ်ဇ်နဲ့ မက်ဂင်းတို့အတွဲဟာ ယူနိုက်တက်ကွင်းလယ်က ဖရက်ဒ်နဲ့ မက်တော်မီနေးလိုပဲ ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းတဲ့အတွဲအဖက်ဖြစ်တာကြောင့် ပွဲကအတော်ကြီးမြိုင်ဆိုင်ပြီး ကြည့်ကောင်းခဲ့ပါတယ်။

ပေါ့ဘာရဲ့ ဘောလုံးအခင်းအကျင်းတွေဟာ ပွဲကို ပိုမိုစိတ်လှုပ်ရှားစေခဲ့ပါတယ်။ဒီပွဲမှာ ဆိုးလ်ရှားက ပေါ့ဘာကို ဘယ်တောင်ပံမှာ ထားကစားခဲ့ပြီး ပြင်သစ်သားတစ်ယောက် အထူး ခြေစွမ်းပြခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ မာရှယ်ရဲ့ ဦးဆောင်ဂိုး သွင်းယူမှုမှာ တိုက်စစ်စတဲ့ထဲ ပါဝင်ခဲ့သလို ဒုတိယပိုင်းမှာလည်း အသင်းအနိုင်ရစေမယ့် ပင်နယ်တီမှာ အဓိကကျခဲ့ပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို မာရှယ်က ခေါင်းတိုက် သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဂရီလစ်ချ်ရဲ့ ပေးပို့မှုကနေ ဘာထရန် ထရာအိုရေးက ဗီလာအတွက် ချေပဂိုး ပြန်သွင်းသွားခဲ့ပါတယ်။

ဒါပေမဲ့ ဗီလာအသင်းရဲ့ချေပဂိုးဟာ ၁မိနစ်အကြာမှာဘဲ ပေါ့ဂ်ဘာကို ဧရိယာထဲ လူးဝစ် ကစားပုံကြမ်းတယ်ဆိုပြီး ယူနိုက်တက်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ကာ ဖာနန်ဒက်စ်က အဆိုပါ ပင်နယ်တီက အပိုင်ကန်သွင်းသွားခဲ့ကာထပ်မံဦးဆောင်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပွဲပြီးခါနီးမိနစ်တွေအထိ ဗီလာကိုဆက်တိုက်ဖိကစားသွားခဲ့ပြီး ခက်ခဲတဲ့ နိုင်ပွဲတစ်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။

ဒီနေ့နိုင်ပွဲမှာလည်း ဘိုင်လီရဲ့ ကောင်းမွန်တဲ့ ခံစစ် စွမ်းဆောင်ရည်တွေကိုထပ်မံမြင်တွေ့ခဲ့ရသလို ဘိုင်လီကလည်း ဒီပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ယူနိုက်တက်အသင်းနိုင်ပွဲရသွားမယ်ဆိုတဲ့ ပွဲကြိုခန့်မှန်းချက်ဟာလည်းထပ်မှန်သွားခဲ့တာကြောင့် (၃)ပွဲဆက်မှန်ကန်တဲ့ ခန့်မှန်းမှုလည်းဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ဝမ်ဘစ်ဆာကာကလည်း s k y sports နဲ့အင်တာဗျူးမှာ ဒီနေ့နိုင်ပွဲနဲ့ ပတ်သက်လို့ သူတို့တွေဘယ်လိုကြိုးစားခဲ့ကြသလဲဆိုတာကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

“ဒီနေ့ပွဲမှာ ကျွန်တော်တို့ကစားခဲ့ပုံနဲ့ အနိုင်ရလာဒ်က အဓိပ္ပါယ်များစွာရှိနေပါတယ်။ ရာသီအစကတည်းက ကျွန်တော်တို့အသင်း ဘယ်လိုကြိုးစားခဲ့သလဲဆိုတာကိုတွေ့မြင်ရမှာပါ။ ကျွန်တော်တို့ ကစားသမားတွေကြားထဲက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ခြင်းတွေကို ခင်ဗျားတို့မြင်တွေ့နိုင်ပါတယ်။” လို့ဝမ်ဘစ်ဆာကာကပြောကြားသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အက္စတြန္ဗီလာကို တစ္ပြဲလံုး ဆက္တိုက္ဖိကစားသြားခဲ့ၿပီး အႏိုင္ယူသြားခဲ့တဲ့ ယူႏိုက္တက္

လီဗာပူးလ္၊ အာဆင္နယ္တို႔ကို ဂိုးျပတ္ အႏိုင္ယူခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး (၅)ပြဲဆက္ ရွံးပြဲမရွိေအာင္ အေကာင္းဆုံးပုံစံျပသကစားထားႏိုင္ခဲ့တဲ့ အက္စတြန္ဗီလာကို ယူႏိုက္တက္အသင္းက အိုးထရက္ဖိုဒ့္မွာ အႏိုင္ယူၿပီး ၂၀၂၁ႏွစ္သစ္ကို ႏိုင္ပြဲနဲ႔ စတင္ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ အသင္းႏွစ္သင္းစလုံးဟာ တိုက္စစ္အသားေပး ကစားသြားခဲ့တာေၾကာင့္ ပြဲက ေနာက္ဆုံးမိနစ္အထိကို ၾကည့္ေကာင္းခဲ့ၿပီး ႏိုင္ပြဲရယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္ကေတာ့ ထိပ္ဆုံးေနရာက လီဗာပူးလ္အသင္းနဲ႔ ရမွတ္တူသြားခဲ့ပါၿပီ။

လီဗာပူးလ္၊အာဆင္နယ္၊ခ်ယ္လ္ဆီး၊လက္စတာ တို႔လိုအသင္းႀကီး၊ အသင္းေကာင္းေတြကို ရႈံးပြဲမရွိခဲ့တဲ့ ဗီလာအသင္းဟာ ယူႏိုက္တက္နဲ႔အေတြ႕မွာေတာ့ ရႈံးပြဲႀကဳံသြားခဲ့တာလည္းျဖစ္ပါတယ္။ ဗီလာကြင္းလယ္က ေဒါက္ဂလပ္စ္လူးဝစ္ဇ္နဲ႔ မက္ဂင္းတို႔အတြဲဟာ ယူႏိုက္တက္ကြင္းလယ္က ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးလိုပဲ ကြင္းလယ္မွာ လုပ္အားႏႈန္းေကာင္းတဲ့အတြဲအဖက္ျဖစ္တာေၾကာင့္ ပြဲကအေတာ္ႀကီးၿမိဳင္ဆိုင္ၿပီး ၾကည့္ေကာင္းခဲ့ပါတယ္။ ေပါ့ဘာရဲ႕ ေဘာလုံးအခင္းအက်င္းေတြဟာ ပြဲကို ပိုမိုစိတ္လႈပ္ရွားေစခဲ့ပါတယ္။ဒီပြဲမွာ ဆိုးလ္ရွားက ေပါ့ဘာကို ဘယ္ေတာင္ပံမွာ ထားကစားခဲ့ၿပီး ျပင္သစ္သားတစ္ေယာက္ အထူး ေျခစြမ္းျပခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ မာရွယ္ရဲ႕ ဦးေဆာင္ဂိုး သြင္းယူမႈမွာ တိုက္စစ္စတဲ့ထဲ ပါဝင္ခဲ့သလို ဒုတိယပိုင္းမွာလည္း အသင္းအႏိုင္ရေစမယ့္ ပင္နယ္တီမွာ အဓိကက်ခဲ့ပါတယ္။

ပထမပိုင္းမွာ ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုးကို မာရွယ္က ေခါင္းတိုက္ သြင္းယူေပးခဲ့ၿပီး ဒုတိယပိုင္းမွာ ဂရီလစ္ခ်္ရဲ႕ ေပးပို႔မႈကေန ဘာထရန္ ထရာအိုေရးက ဗီလာအတြက္ ေခ်ပဂိုး ျပန္သြင္းသြားခဲ့ပါတယ္။ ဒါေပမဲ့ ဗီလာအသင္းရဲ႕ေခ်ပဂိုးဟာ ၁မိနစ္အၾကာမွာဘဲ ေပါ့ဂ္ဘာကို ဧရိယာထဲ လူးဝစ္ ကစားပုံၾကမ္းတယ္ဆိုၿပီး ယူႏိုက္တက္တို႔ ပင္နယ္တီကန္ခြင့္ရခဲ့ကာ ဖာနန္ဒက္စ္က အဆိုပါ ပင္နယ္တီက အပိုင္ကန္သြင္းသြားခဲ့ကာထပ္မံဦးေဆာင္သြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ပြဲၿပီးခါနီးမိနစ္ေတြအထိ ဗီလာကိုဆက္တိုက္ဖိကစားသြားခဲ့ၿပီး ခက္ခဲတဲ့ ႏိုင္ပြဲတစ္ပြဲ ရယူသြားႏိုင္ခဲ့ပါတယ္။ ဒီေန႔ႏိုင္ပြဲမွာလည္း ဘိုင္လီရဲ႕ ေကာင္းမြန္တဲ့ ခံစစ္ စြမ္းေဆာင္ရည္ေတြကိုထပ္မံျမင္ေတြ႕ခဲ့ရသလို ဘိုင္လီကလည္း ဒီပြဲရဲ႕ အေကာင္းဆံုးကစားသမားအျဖစ္သတ္မွတ္ခံခဲ့ရပါတယ္။

မိုက္ကယ္အိုဝင္ရဲ႕ ယူႏိုက္တက္အသင္းႏိုင္ပြဲရသြားမယ္ဆိုတဲ့ ပြဲႀကိဳခန႔္မွန္းခ်က္ဟာလည္းထပ္မွန္သြားခဲ့တာေၾကာင့္ (၃)ပြဲဆက္မွန္ကန္တဲ့ ခန႔္မွန္းမႈလည္းျဖစ္ခဲ့ပါတယ္။ ပြဲအၿပီးမွာ ဝမ္ဘစ္ဆာကာကလည္း s k y sports နဲ႔အင္တာဗ်ဴးမွာ ဒီေန႔ႏိုင္ပြဲနဲ႔ ပတ္သက္လို႕ သူတို႕ေတြဘယ္လိုၾကိဳးစားခဲ့ၾကသလဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ “ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔ကစားခဲ့ပုံနဲ႔ အႏိုင္ရလာဒ္က အဓိပၸါယ္မ်ားစြာရွိေနပါတယ္။ ရာသီအစကတည္းက ကြၽန္ေတာ္တို႔အသင္း ဘယ္လိုႀကိဳးစားခဲ့သလဲဆိုတာကိုေတြ႔ျမင္ရမွာပါ။ ကြၽန္ေတာ္တို႔ ကစားသမားေတြၾကားထဲက တစ္ေယာက္နဲ႕တစ္ေယာက္ ယုံၾကည္ျခင္းေတြကို ခင္ဗ်ားတို ႔ျမင္ေတြ႕ႏိုင္ပါတယ္။” လို႕ဝမ္ဘစ္ဆာကာကေျပာၾကားသြားပါတယ္။