အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့ပြီးနောက် ဆုဖလားနဲ့ ပတ်သက်ပြီး လီဗာပူးကို သတိပေးလိုက်တဲ့ ဝမ်ဘစ်ဆာကာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာကတော့ ဗီလာအသင်းကို အနိုင်ရရှိပြီးနောက် ပြိုင်ဘက် လီဗာပူးအသင်းကို သတိပေးပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဗီလာကိုအနိုင်ရရှိခဲ့တာကြောင့် လီဗာပူးအသင်းနဲ့ အမှတ်တူအနေအထားတစ်ရပ်ကို ရောက်ရှိလာခဲ့ပါတယ်။

ဒါ့အပြင် ဝမ်ဘစ်ဆာကာဟာ ပွဲကစားချိန် ၄၀ မိနစ်မှာ အသင်းဖော် မာရှယ်ရဲ့အဖွင့်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဗီလာအသင်းကတော့ ပွဲကစားချိန် ၅၈ မိနစ်မှာ ဘာထရန်ထရာအိုရေးက ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အတွက် အနိုင်သေချာစေမယ့်ဂိုးကိုတော့ ပေါ့ဂ်ဘာကြောင့်ရရှိလာတဲ့ ပင်နယ်တီကို ဖာနန်ဒက်စ်က သွင်းယူပေးခဲ့ပါတယ်။ ဘစ်ဆာကာက ဗီလာနဲ့နိုင်ပွဲကို ကျေနပ်နေပြီး ယူနိုက်တက်ဟာ အခုဆိုရင် ယုံကြည်မှုရှိလာပြီလို့ ဆိုခဲ့ပါတယ်။ “ထိပ်ပိုင်းကိုရောက်လာတာ ကျွန်တော်တို့အတွက် အများကြီးကျေနပ်ဖို့ကောင်းပါတယ်။

ကျွန်တော်တို့ တစ်ပွဲချင်းကို သေချာပြင်ဆင်နေပါတယ်။ မှန်ပါတယ်။ ယုံကြည်မှုလည်း ပိုရှိလာပါတယ်။ အစပိုင်းတုန်းက အဆင်မပြေမှုတွေရှိခဲ့ပေမယ့် အခုတော့ အသားကျလာခဲ့ပါပြီ။ အသင်းတိုင်းက ကစားရခက်လာပါတယ်။ ကျွန်တော်တို့အများကြီးပြင်ဆင်မှုတွေပြုလုပ်ရပါတယ်”လို့ ဝမ်ဘစ်ဆာကာက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ဗီလာအသင်းနဲ့ပွဲက ပေါ့ဂ်ဘာရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပါတယ်။ ပြင်သစ်သားဟာ အဆိုပါပွဲမှာအသင်းရဲ့ကွင်းလယ်ကို ထိန်းကျောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ “သူ(ပေါ့ဂ်ဘာ)က တဖြည်းဖြည်းပိုကောင်းလာပါတယ်။


ဒီနေ့မှာလည်း သူအကောင်းဆုံးကစားပေးနိုင်ခဲ့ပါတယ်။ ၃ မှတ်အတွက်လည်း ကျေနပ်သလို စွမ်းဆောင်ရည်ပိုင်းအတွက်လည်း ကျေနပ်ပါတယ်။

ကျွန်တော်တို့ တိုးတက်မှုတွေရှိလာပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ကာရာဘောင်ဆီမီးဖိုင်နယ်အဖြစ် အိုးထရက်ဖို့ဒ်မှာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အက္စတြန္ဗီလာကို အႏိုင္ရရွိခဲ့ျပီးေနာက္ ဆုဖလားနဲ႔ ပတ္သက္ျပီး လီဗာပူးကို သတိေပးလိုက္တဲ့ ဝမ္ဘစ္ဆာကာ

ယူႏိုက္တက္ေနာက္ခံလူ အာရြန္ဝမ္ဘစ္ဆာကာကေတာ့ ဗီလာအသင္းကို အႏိုင္ရရွိျပီးေနာက္ ျပိဳင္ဘက္ လီဗာပူးအသင္းကို သတိေပးေျပာၾကားလိုက္ပါတယ္။ ယူႏိုက္တက္ဟာ ဗီလာကိုအႏုိင္ရရွိခဲ့တာေၾကာင့္ လီဗာပူးအသင္းနဲ႔ အမွတ္တူအေနအထားတစ္ရပ္ကို ေရာက္ရွိလာခဲ့ပါတယ္။ ဒါ့အျပင္ ၀မ္ဘစ္ဆာကာဟာ ပြဲကစားခ်ိန္ ၄၀ မိနစ္မွာ အသင္းေဖာ္ မာရွယ္ရဲ႕အဖြင့္ဂိုးကိုလည္း ဖန္တီးေပးႏုိင္ခဲ့ပါတယ္။ ဗီလာအသင္းကေတာ့ ပြဲကစားခ်ိန္ ၅၈ မိနစ္မွာ ဘာထရန္ထရာအိုေရးက ေခ်ပဂိုးျပန္လည္သြင္းယူေပးႏုိင္ခဲ့ပါတယ္။

ယူႏုိက္တက္အတြက္ အႏုိင္ေသခ်ာေစမယ့္ဂုိးကိုေတာ့ ေပါ့ဂ္ဘာေၾကာင့္ရရွိလာတဲ့ ပင္နယ္တီကို ဖာနန္ဒက္စ္က သြင္းယူေပးခဲ့ပါတယ္။ ဘစ္ဆာကာက ဗီလာနဲ႔ႏိုင္ပြဲကို ေက်နပ္ေနျပီး ယူႏိုက္တက္ဟာ အခုဆိုရင္ ယံုၾကည္မႈရွိလာျပီလို႔ ဆိုခဲ့ပါတယ္။ “ထိပ္ပိုင္းကိုေရာက္လာတာ ကြ်န္ေတာ္တုိ႔အတြက္ အမ်ားၾကီးေက်နပ္ဖို႔ေကာင္းပါတယ္။ ကြ်န္ေတာ္တို႔ တစ္ပြဲခ်င္းကို ေသခ်ာျပင္ဆင္ေနပါတယ္။ မွန္ပါတယ္။ ယံုၾကည္မႈလည္း ပိုရွိလာပါတယ္။ အစပိုင္းတုန္းက အဆင္မေျပမႈေတြရွိခဲ့ေပမယ့္ အခုေတာ့ အသားက်လာခဲ့ပါျပီ။

အသင္းတိုင္းက ကစားရခက္လာပါတယ္။ ကြ်န္ေတာ္တို႔အမ်ားၾကီးျပင္ဆင္မႈေတြျပဳလုပ္ရပါတယ္”လို႔ ၀မ္ဘစ္ဆာကာက ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း ဗီလာအသင္းနဲ႔ပြဲက ေပါ့ဂ္ဘာရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။ ျပင္သစ္သားဟာ အဆိုပါပြဲမွာအသင္းရဲ႕ကြင္းလယ္ကို ထိန္းေက်ာင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ “သူ(ေပါ့ဂ္ဘာ)က တျဖည္းျဖည္းပိုေကာင္းလာပါတယ္။ ဒီေန႔မွာလည္း သူအေကာင္းဆံုးကစားေပးႏိုင္ခဲ့ပါတယ္။ ၃ မွတ္အတြက္လည္း ေက်နပ္သလို စြမ္းေဆာင္ရည္ပိုင္းအတြက္လည္း ေက်နပ္ပါတယ္။ ကြ်န္ေတာ္တို႔ တိုးတက္မႈေတြရွိလာပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ ယူႏုိက္တက္အသင္းဟာ ၾကားရက္မွာ ကာရာေဘာင္ဆီမီးဖိုင္နယ္အျဖစ္ အိုးထရက္ဖို႔ဒ္မွာ စီးတီးအသင္းနဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။