အက်စတွန် ဗီလာအသင်း သရေ တစ်မှတ် ရယူနိုင်ခြေက ( ၄၄ ) ရာခိုင်နှုန်းထိ ရှိနေတဲ့ ယူနိုက်တက် နဲ့ ဗီလာ ပွဲစဉ်ပေါ် သိပ္ပံနည်းကျ သုံးသပ်ချက်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီညပွဲဟာ အသင်းနှစ်သင်းလုံးအတွက် (၂၀၂၁)ခုနှစ်ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တာကြောင့် နှစ်သစ်တစ်ခုရဲ့အစကို နိုင်ပွဲနဲ့စတင်လိုကြမှာသေချာပါတယ်။ ယူနိုက်တက်အသင်းဟာလည်း ပွဲကျန်(၁)ပွဲကစားဖို့ ကျန်ရှိနေသလို၊ အက်စတွန်ဗီလာအသင်းကလည်း ပွဲကျန် (၂)ပွဲ ကစားဖို့ကျန်ရှိနေပါတယ်။ ဒီနှစ်သင်းလုံးဟာ အမှတ်ပေးဇယားမှာ အခြေအနေကောင်းမွန်နေကြပြီးသင်းစလုံးဟာ ဇယားထိပ်ကိုတက်နိုင်ဖို့ အစွမ်းကုန် ပြင်ဆင်လျှက် ရှိနေပါတယ်။

( ၂၀၂၁ )ရဲ့ နှစ်သစ်ကူးနေ့ရဲ့ညမှာတော့မန်ချက်စတာ ယူနိုက်တက် နှင့် အက်စတွန်ဗီလာ အသင်းတို့ အိုးထရက်ဖိုဒ်မှာ ကစားရဖို့ ရှိလာပါပြီ။

ယခုသုံးသပ်ချက်မှာတော့ xG ( expected goals ) လို့ ခေါ်တဲ့ မျှော်မှန်းဂိုးရလာဒ်ကို အခြေခံပြီး အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ xG က ဂိုးရနိုင်ခြေ နှင့် ဂိုးပေးရနိုင်ခြေကို ဂိုးကန်သွင်းမှုရဲ့ အရည်အသွေးကို ဖန်တီးမှုပုံစံ ၊ ဂိုးကန်းသွင်းတဲ့နေရာ ၊ ဂိုးကနေ အကွာအဝေး စတာတွေပေါ် မူတည်ပြီး တိုင်းတာချက် ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ မျှော်မှန်းဂိုးရလာဒ် ( xG ) – အင်္ဂါနေ့ညက ဝုဗ်နဲ့ ပွဲစဉ်မှာ မားကတ် ရက်ဖို့ဒ်က အချိန်ပိုမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူကာ ယူနိုက်တက်ကို အဆင့် ( ၂ ) နေရာသို့ ပို့ဆောင်ပေးခဲ့ပြီး ( ၉ ) ပွဲဆက် ရှုံးပွဲမရှိ ရလာဒ်ပိုင်ဆိုင်ခဲ့တယ်။ အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ xGက 1.72 ရှိခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ရာသီအစမှာ အထူးသဖြင့် အိမ်ကွင်းရလာဒ်တွေ ဆိုးရွားခဲ့ပေမယ့် နောက်ပိုင်း အိမ်ကွင်းပွဲစဉ်တွေမှာ ရလာဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားနိုင်ခဲ့တယ်။

အိုလေ ဂန်နား ဆိုးရှားရဲ့ အသင်းက ဒီရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အလားအလာ ရှိနေပေမယ့် အချက်အလက်တွေအရ ခါးသီးတဲ့ ပြိုင်ဘက် လီဗာပူးကို ဆက်လက်ဖိအားပေးနိုင်ဖို့ ကစားပုံ တိုးတက်နေဖို့လိုအပ်ကြောင်း တွေ့ရှိရပါတယ်။

ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က တဖြည်းဖြည်းနဲ့ အားရစရာကောင်းလာပေမယ့် ပြိုင်ဘက်ရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ယခုပွဲစဉ်က ခက်ခဲတဲ့ စမ်းသပ်မှု ဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်အသင်းအတွက် ဒီပွဲစဉ်မှာတော့ရဂိုး မျှော်မှန်းချက် xGF( expected goals forward ) 1.81 နဲ့ဖြစ်နိုင်ခြေ ပေးဂိုး( expected goals against) xGA က 1.45 ရှိနေပါတယ်။

အက်စတွန်ဗီလာရဲ့ မျှော်မှန်ဂိုးရလာဒ် ( xG ) – အက်စတွန်ဗီလာက ပဲလေ့နဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာ xG 4.70 ထိ ခြေစွမ်းပြ ကစားခဲ့တယ်။ ချဲလ်ဆီးနဲ့ တစ်ဖက်တစ်ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲစဉ်မှာ xG 0.81 ပဲ ရှိခဲ့ပေမယ့် ( ၅ ) ပွဲ ဆက် ရှုံးပွဲမရှိ ရလာဒ်ကို ဆက်ထိန်းထားနိုင်ခဲ့တယ်။

ဗီလာအသင်းမှာ လော့ဒေါင်းကာလအပြီး အပြောင်းအလဲတွေ မြင်တွေ့ခဲ့ရတယ်။ အထူးသဖြင့် ဒင်းစမစ်ရဲ့ အသင်းဟာ ခံစစ်ပိုင်းမှာ ယခင်နှစ်ကထက် သိသိသာသာ တိုးတက်လာခဲ့တယ်။ ဒီရာသီမှာ တစ်ပွဲပျမ်းမျှ ဂိုးပေးရနိုင်ခြေ expected goals against ( xGA ) က 1.14 ပဲရှိပါတယ်။

ယခင်က ခြေစွမ်းပြခဲ့တဲ့ ရော့စ် ဘာကလေ ပြန်ပါလာမှုနဲ့အတူ ဗီလာက ယူနိုက်တက်ရဲ့ ရှုံးပွဲမရှိ မှတ်တမ်းအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ပြီး ဂျက်ဂရီလစ် ဦးဆောင်လာမယ့် ဗီလာအတွက်ကတော့ ဒီပွဲမှာ ရဂိုး မျှော်မှန်းချက် xGF 2.11 ထိရှိပြီး ဖြစ်နိုင်ခြေ ပေးဂိုး( expected goals against) xGA က 1.14 ရှိနေပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းတည်ငြိမ်မှုရှိတဲ့ အသင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာရဲ့ ဒီရာသီ စွမ်းဆောင်ရည် မှတ်တမ်းတွေကိုလည်း မေ့ထားလို့မရပါဘူး။

ယခုပွဲစဉ်အပေါ် Infogol ရဲ့ တွက်ချက်မှုအရ ယူနိုက်တက် အနိုင်ရဖို့ အခွင့်အရေး ( ၅၃ ) ရာခိုင်နှုန်း ရှိပြီး ၊ ဗီလာ အနိုင်ရဖို့ ( ၂၂ ) ရာခိုင်နှုန်းထိ ရှိတာ တွေ့ရပါတယ်။ သရေရလာဒ်ထွက် ပေါ်မယ့် ဖြစ်နိုင်ခြေက ( ၂၅ )ရာခိုင်နှုန်းထိ ရှိတဲ့အတွက် အက်စတွန် ဗီလာအသင်း သရေ တစ်မှတ် ရယူနိုင်ခြေက ( ၄၄ ) ရာခိုင်နှုန်းထိ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အက္စတြန္ ဗီလာအသင္း သေရ တစ္မွတ္ ရယူႏိုင္ေျခက ( ၄၄ ) ရာခိုင္ႏႈန္းထိ ရွိေနတဲ့ ယူႏိုက္တက္ နဲ႕ ဗီလာ ပြဲစဥ္ေပၚ သိပၸံနည္းက် သုံးသပ္ခ်က္…

ဒီညပြဲဟာ အသင္းႏွစ္သင္းလံုးအတြက္ (၂၀၂၁)ခုႏွစ္ရဲ႕ ပထမဆံုးပြဲစဥ္ျဖစ္တာေၾကာင့္ ႏွစ္သစ္တစ္ခုရဲ႕အစကို ႏိုင္ပြဲနဲ႕စတင္လိုၾကမွာေသခ်ာပါတယ္။ ယူႏိုက္တက္အသင္းဟာလည္း ပြဲက်န္(၁)ပြဲကစားဖို႕ က်န္ရွိေနသလို၊ အက္စတြန္ဗီလာအသင္းကလည္း ပြဲက်န္ (၂)ပြဲ ကစားဖို႕က်န္ရွိေနပါတယ္။ ဒီႏွစ္သင္းလံုးဟာ အမွတ္ေပးဇယားမွာ အေျခအေနေကာင္းမြန္ေနၾကၿပီး သင္းစလုံးဟာ ဇယားထိပ္ကိုတက္ႏိုင္ဖို႕ အစြမ္းကုန္ ျပင္ဆင္လွ်က္ ရွိေနပါတယ္။ ( ၂၀၂၁ )ရဲ႕ ႏွစ္သစ္ကူးေန႔ရဲ႕ညမွာေတာ့မန္ခ်က္စတာ ယူႏိုက္တက္ ႏွင့္ အက္စတြန္ဗီလာ အသင္းတို႔ အိုးထရက္ဖိုဒ္မွာ ကစားရဖို႔ ရွိလာပါၿပီ။

ယခုသုံးသပ္ခ်က္မွာေတာ့ xG ( expected goals ) လို႔ ေခၚတဲ့ ေမွ်ာ္မွန္းဂိုးရလာဒ္ကို အေျခခံၿပီး အဓိက ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ xG က ဂိုးရႏိုင္ေျခ ႏွင့္ ဂိုးေပးရႏိုင္ေျခကို ဂိုးကန္သြင္းမႈရဲ႕ အရည္အေသြးကို ဖန္တီးမႈပုံစံ ၊ ဂိုးကန္းသြင္းတဲ့ေနရာ ၊ ဂိုးကေန အကြာအေဝး စတာေတြေပၚ မူတည္ၿပီး တိုင္းတာခ်က္ ျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ ေမွ်ာ္မွန္းဂိုးရလာဒ္ ( xG ) – အဂၤါေန႔ညက ဝုဗ္နဲ႔ ပြဲစဥ္မွာ မားကတ္ ရက္ဖို႔ဒ္က အခ်ိန္ပိုမွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူကာ ယူႏိုက္တက္ကို အဆင့္ ( ၂ ) ေနရာသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ( ၉ ) ပြဲဆက္ ရႈံးပြဲမရွိ ရလာဒ္ပိုင္ဆိုင္ခဲ့တယ္။ အဆိုပါ ပြဲစဥ္မွာ ယူႏိုက္တက္ရဲ႕ xGက 1.71 ရွိခဲ့ပါတယ္။ ယူႏိုက္တက္အေနနဲ႔ ရာသီအစမွာ အထူးသျဖင့္ အိမ္ကြင္းရလာဒ္ေတြ ဆိုး႐ြားခဲ့ေပမယ့္ ေနာက္ပိုင္း အိမ္ကြင္းပြဲစဥ္ေတြမွာ ရလာဒ္ေကာင္းတစ္ခုကို ပိုင္ဆိုင္ထားႏိုင္ခဲ့တယ္။ အိုေလ ဂန္နား ဆိုးရွားရဲ႕ အသင္းက ဒီရာသီမွာ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္မယ့္အလားအလာ ရွိေနေပမယ့္ အခ်က္အလက္ေတြအရ ခါးသီးတဲ့ ၿပိဳင္ဘက္ လီဗာပူးကို ဆက္လက္ဖိအားေပးႏိုင္ဖို႔ ကစားပုံ တိုးတက္ေနဖို႔လိုအပ္ေၾကာင္း ေတြ႕ရွိရပါတယ္။

ယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္က တျဖည္းျဖည္းနဲ႔ အားရစရာေကာင္းလာေပမယ့္ ၿပိဳင္ဘက္ရဲ႕ စြမ္းေဆာင္ရည္ေပၚမူတည္ၿပီး ယခုပြဲစဥ္က ခက္ခဲတဲ့ စမ္းသပ္မႈ ျဖစ္လာႏိုင္ပါတယ္။ ယူႏိုက္တက္အသင္းအတြက္ ဒီပြဲစဥ္မွာေတာ့ရဂိုး ေမွ်ာ္မွန္းခ်က္ xGF( expected goals forward ) 1.81 နဲ႕ျဖစ္ႏိုင္ေျခ ေပးဂိုး( expected goals against) xGA က 1.45 ရွိေနပါတယ္။

အက္စတြန္ဗီလာရဲ႕ ေမွ်ာ္မွန္ဂိုးရလာဒ္ ( xG ) – အက္စတြန္ဗီလာက ပဲေလ့နဲ႔ ေဘာက္ဆင္ေဒးပြဲစဥ္မွာ xG 4.70 ထိ ေျခစြမ္းျပ ကစားခဲ့တယ္။ ခ်ဲလ္ဆီးနဲ႔ တစ္ဖက္တစ္ဂိုးစီ သေရ က်ခဲ့တဲ့ ပြဲစဥ္မွာ xG 0.81 ပဲ ရွိခဲ့ေပမယ့္ ( ၅ ) ပြဲ ဆက္ ရႈံးပြဲမရွိ ရလာဒ္ကို ဆက္ထိန္းထားႏိုင္ခဲ့တယ္။ ဗီလာအသင္းမွာ ေလာ့ေဒါင္းကာလအၿပီး အေျပာင္းအလဲေတြ ျမင္ေတြ႕ခဲ့ရတယ္။ အထူးသျဖင့္ ဒင္းစမစ္ရဲ႕ အသင္းဟာ ခံစစ္ပိုင္းမွာ ယခင္ႏွစ္ကထက္ သိသိသာသာ တိုးတက္လာခဲ့တယ္။ ဒီရာသီမွာ တစ္ပြဲပ်မ္းမွ် ဂိုးေပးရႏိုင္ေျခ expected goals against ( xGA ) က 1.14 ပဲရွိပါတယ္။

ယခင္က ေျခစြမ္းျပခဲ့တဲ့ ေရာ့စ္ ဘာကေလ ျပန္ပါလာမႈနဲ႔အတူ ဗီလာက ယူႏိုက္တက္ရဲ႕ ရႈံးပြဲမရွိ မွတ္တမ္းအတြက္ ႀကီးမားတဲ့ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာႏိုင္ၿပီး ဂ်က္ဂရီလစ္ ဦးေဆာင္လာမယ့္ ဗီလာအတြက္ကေတာ့ ဒီပြဲမွာ ရဂိုး ေမွ်ာ္မွန္းခ်က္ xGF 2.11 ထိရွိၿပီး ျဖစ္ႏိုင္ေျခ ေပးဂိုး( expected goals against) xGA က 1.14 ရွိေနပါတယ္။

ယူႏိုက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ေျခစြမ္းတည္ၿငိမ္မႈရွိတဲ့ အသင္းေတြထဲမွာ ပါဝင္ပါတယ္။ ဒါေပမယ့္ အက္စတြန္ဗီလာရဲ႕ ဒီရာသီ စြမ္းေဆာင္ရည္ မွတ္တမ္းေတြကိုလည္း ေမ့ထားလို႔မရပါဘူး။

ယခုပြဲစဥ္အေပၚ Infogol ရဲ႕ တြက္ခ်က္မႈအရ ယူႏိုက္တက္ အႏိုင္ရဖို႔ အခြင့္အေရး ( ၅၃ ) ရာခိုင္ႏႈန္း ရွိၿပီး ၊ ဗီလာ အႏိုင္ရဖို႔ ( ၂၂ ) ရာခိုင္ႏႈန္းထိ ရွိတာ ေတြ႕ရပါတယ္။ သေရရလာဒ္ထြက္ ေပၚမယ့္ ျဖစ္ႏိုင္ေျခက ( ၂၅ )ရာခိုင္ႏႈန္းထိ ရွိတဲ့အတြက္ အက္စတြန္ ဗီလာအသင္း သေရ တစ္မွတ္ ရယူႏိုင္ေျခက ( ၄၄ ) ရာခိုင္ႏႈန္းထိ ရွိေနပါတယ္။