အက်စ်ပီကျူတာရဲ့နာမည် မခေါ်တတ်လို့ ပူလီဆစ်က လာပြီး သင်ပေးခဲ့ရတဲ့ တူချယ်ရဲ့ ရယ်စရာအဖြစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းနည်းပြသစ် တူချယ်ကတော့ ဝုဗ်အသင်းနဲ့ပွဲမှာ စတင်ကိုင်တွယ်ခဲ့ပေမယ့် အက်စ်ပီကျူတာရဲ့နာမည်ကိုထွက်ဖို့အတွက် မလွယ်ကူခဲ့တာဖြစ်ပါတယ်။
လမ်းပတ်ထွက်ခွာသွားပြီးနောက် တူချယ်ဟာ ချဲလ်ဆီးအသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ဝုဗ်နဲ့ပွဲမှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ဂျာမန်သားရဲ့ချဲလ်ဆီးဟာ အိမ်ကွင်းမှာ ဝုဗ်အသင်းကို သရေသာကန်နိုင်ခဲ့ပါတယ်။ တူချယ်ရဲ့ပရီးမီးယားလိဂ်အစခရီးစဉ်ကတော့ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ရုပ်သံဗီဒီယိုတစ်ခုမှာတော့ တူချယ်ဟာ အက်စ်ပီလီကျူတာကို လူစားလဲဖို့ ခေါ်ခဲ့ပေမယ့် နာမည်ကိုအသံမထွက်တတ်တာကြောင့် ရယ်စရာဖြစ်ခဲ့ရပါတယ်။

အဲ့နောက် တပည့်ဟောင်း ပူလီဆစ်က ဆရာဖြစ်သူကို သူ့ရဲ့အသင်းဖော် နာမည်ကို မှန်ကန်ကောင်းပေါင်းပေးခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်က သူဟာ အက်စ်ပီလီကျူတာရဲ့နာမည်ကို အသံမထွက်တတ်တာကြောင့် ပူလီဆစ်ကကူညီပေးခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

ပူလီဆစ် ၊ မေဆင်မောင့် နဲ့ အေဘရာဟမ်တို့က ဒုတိယပိုင်းမှာဝင်ရောက်လာခဲ့ပေမယ့်ပွဲအဖြေကိုတော့ မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါသရေရလဒ်ကြောင့် ချဲလ်ဆီးအသင်းဟာ ထိပ်ဆုံး ၄ သင်းနေရာနဲ့ ၅ မှတ်အထိ ကွာဟခဲ့ရပါတယ်။ပွဲအပြီးမှာချန်ပီယံဆုနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဝေးလွန်းနေသေးတယ်လို့ ဆိုခဲ့ပါတယ်။

“လက်ရှိအခြေအနေက ချန်ပီယံဆုနဲ့အလှမ်းဝေးနေဆဲပါ။ ထိပ်ဆုံး ၄ သင်းအရင်ဝင်အောင်ပဲ လုပ်ဆောင်ရမှာပါ။ ထိပ်ဆုံး ၄ သင်းနေရာနဲ့ အမှတ်ကွာဟမှုတွေရှိနေပါတယ်။ အဲ့တာကိုလိုက်မီအောင်လုပ်ဆောင်ရဦးမှာပါ။ တစ်နေ့ချင်းကျော်ဖြတ်ဖို့ လိုအပ်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးပရိသတ်တွေကတော့ လမ်းပတ်ကိုထုတ်ပယ်မှုနဲ့ပတ်သက်ပြီး ဒေါသထွက်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အက္စ္ပီက်ဴတာရဲ႕နာမည္ မေခၚတတ္လို႔ ပူလီဆစ္က လာၿပီး သင္ေပးခဲ့ရတဲ့ တူခ်ယ္ရဲ႕ ရယ္စရာအျဖစ္

ခ်ဲလ္ဆီးအသင္းနည္းျပသစ္ တူခ်ယ္ကေတာ့ ဝုဗ္အသင္းနဲ႔ပြဲမွာ စတင္ကိုင္တြယ္ခဲ့ေပမယ့္ အက္စ္ပီက်ဴတာရဲ႕နာမည္ကိုထြက္ဖို႔အတြက္ မလြယ္ကူခဲ့တာျဖစ္ပါတယ္။ လမ္းပတ္ထြက္ခြာသြားၿပီးေနာက္ တူခ်ယ္ဟာ ခ်ဲလ္ဆီးအသင္းကိုေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဝုဗ္နဲ႔ပြဲမွာ စတင္ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ဂ်ာမန္သားရဲ႕ခ်ဲလ္ဆီးဟာ အိမ္ကြင္းမွာ ဝုဗ္အသင္းကို သေရသာကန္ႏိုင္ခဲ့ပါတယ္။ တူခ်ယ္ရဲ႕ပရီးမီးယားလိဂ္အစခရီးစဥ္ကေတာ့ ခက္ခဲမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

႐ုပ္သံဗီဒီယိုတစ္ခုမွာေတာ့ တူခ်ယ္ဟာ အက္စ္ပီလီက်ဴတာကို လူစားလဲဖို႔ ေခၚခဲ့ေပမယ့္ နာမည္ကိုအသံမထြက္တတ္တာေၾကာင့္ ရယ္စရာျဖစ္ခဲ့ရပါတယ္။ အဲ့ေနာက္ တပည့္ေဟာင္း ပူလီဆစ္က ဆရာျဖစ္သူကို သူ႔ရဲ႕အသင္းေဖာ္ နာမည္ကို မွန္ကန္ေကာင္းေပါင္းေပးခဲ့ရတာျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ပီအက္စ္ဂ်ီနည္းျပေဟာင္း တူခ်ယ္က သူဟာ အက္စ္ပီလီက်ဴတာရဲ႕နာမည္ကို အသံမထြက္တတ္တာေၾကာင့္ ပူလီဆစ္ကကူညီေပးခဲ့ရတယ္လို႔ ဆိုခဲ့ပါတယ္။

ပူလီဆစ္ ၊ ေမဆင္ေမာင့္ နဲ႔ ေအဘရာဟမ္တို႔က ဒုတိယပိုင္းမွာဝင္ေရာက္လာခဲ့ေပမယ့္ပြဲအေျဖကိုေတာ့ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။ အဆိုပါသေရရလဒ္ေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ထိပ္ဆုံး ၄ သင္းေနရာနဲ႔ ၅ မွတ္အထိ ကြာဟခဲ့ရပါတယ္။ပြဲအၿပီးမွာခ်န္ပီယံဆုနဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ေမးျမန္းမႈကို ေဝးလြန္းေနေသးတယ္လို႔ ဆိုခဲ့ပါတယ္။ “လက္ရွိအေျခအေနက ခ်န္ပီယံဆုနဲ႔အလွမ္းေဝးေနဆဲပါ။ ထိပ္ဆုံး ၄ သင္းအရင္ဝင္ေအာင္ပဲ လုပ္ေဆာင္ရမွာပါ။

ထိပ္ဆုံး ၄ သင္းေနရာနဲ႔ အမွတ္ကြာဟမႈေတြရွိေနပါတယ္။ အဲ့တာကိုလိုက္မီေအာင္လုပ္ေဆာင္ရဦးမွာပါ။ တစ္ေန႔ခ်င္းေက်ာ္ျဖတ္ဖို႔ လိုအပ္ပါတယ္”လို႔ တူခ်ယ္က ေျပာၾကားခဲ့ပါတယ္။
ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ လမ္းပတ္ကိုထုတ္ပယ္မႈနဲ႔ပတ္သက္ၿပီး ေဒါသထြက္ေနၾကပါတယ္။