အက်စ်ပီလီကျူတာခေါင်းခုန်တိုက်လို့မရအောင် မက်ဂွိုင်းယား သိုင်းဖက်ထားတာက ကျိန်းသေပင်နယ်တီပါ-အီဗရာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးနောက်ခံလူ အက်စ်ပီလီကျူတာကို လည်ပင်းနဲ့ပခုံးကိုသိုင်းဖက်ထားပြီး ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ မက်ဂွိုင်းယားရဲ့လုပ်ပုံက ပင်နယ်တီမရခဲ့တဲ့ကိစ္စအပေါ် ရုပ်သံအစီအစဉ်ကြေညာသူတွေဖြစ်တဲ့ မန်ယူနောက်ခံလူဟောင်း အီဗရာနဲ့ ချဲလ် ဆီးတိုက်စစ်မှူးဟောင်း ဟယ်ဆယ်ဘိန့်စ်တို့ ၂ ဦးစလုံးက ကွင်းလယ်ဒိုင်လူကြီး ကို ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ အက်စ်ပီလီကျူတာကို မက်ဂွိုင်းယားက နောက်ကနေသိုင်းဖက်ထား ပြီး ပြစ်ဒဏ်ကျူးလွန်တာကို ရုပ်သံပြကွက်တွေမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရ ပေမယ့် ပင်နယ်တီပြစ်ဒဏ်အဖြစ် သတ်မှတ်မခံခဲ့ရပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဟက်ဆယ်ဘိန့်စ်က ဒါဟာ ပင်နယ်တီဆိုတာ ရာနှုန်းပြည့်သေချာပြီး မက်ဂွိုင်း ယား ဘာလုပ်ခဲ့လဲဆိုတာ လူတိုင်းမြင်နိုင်တဲ့အကြောင်း ဝေဖန်သွားခဲ့တာပါ။
မန်ယူကစားသမားဟောင်းဖြစ်ပေမယ့် အီဗရာကလည်း ဘက်လိုက်မှုမရှိဘဲ ဟက်ဆယ်ဘိန့်စ်ရဲ့ဝေဖန်ချက်အပေါ် ထောက်ခံမှတ်ချက်ပေးသွားခဲ့ပါတယ်။ အီဗရာက “ကျွန်တော်က နပန်းပွဲတွေကြည့်နေကျပါ။

ဒါပေမဲ့ အခုမြင်ကွင်းက တော့ ပင်နယ်တီဧရိယာအတွင်းမှာဖြစ်တာကြောင့် ဒါဟာ ပင်နယ်တီပါပဲ။ မက်ဂွိုင်းယားက အက်စ်ပီလီကျူတာကို ခေါင်းခုန်တိုက်လို့မရအောင် သိုင်းဖက်ဖိ ချထားခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

အီဗရာဟာ ပြီးခဲ့တဲ့စပါးအသင်းနဲ့ပွဲ မှာ မန်ယူ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အသင်းသားတွေနဲ့ဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ပီအက်စ်ဂျီကိုအနိုင်ရတဲ့ပွဲအပြီးမှာလည်း ဆိုရှယ်မီဒီယာပေါ်မှာ ဝမ်းသာအားရကကွက်တွေ ပြုလုပ်နေတဲ့ဗီဒီယိုဖိုင်ကိုတင်ခဲ့ပြီး အသင်းကို အား ပေးခဲ့တာပါ။

ဒီနေ့ပွဲမှာတော့ မက်ဂွိုင်းယားရဲ့ပြစ်ဒဏ်ကျူးလွန်တာကို ဘက်မ လိုက်ဘဲ အခုလိုဝေဖန်ထောက်ပြခဲ့တဲ့အတွက် မန်ယူအပေါ်ချစ်တဲ့စိတ်ရှိပေမယ့် အမှန်တရားအပေါ် လက်ကိုင်ထားတဲ့ အီဗရာကို ဘောလုံးပရိသတ်တွေက ချီးကျူးပြောဆိုနေကြပါတယ်။

ကာယကံရှင်အက်စ်ပီလီကျူတာကလည်း “ဆုံးဖြတ်ချက်ကို ဒိုင်လူကြီးက ချရမှာပါ။ VAR ကတော့ သူ့ကိုအကူအညီပေးရုံပါပဲ။ သူ သေချာမမြင်လိုက်တဲ့ ကိစ္စတွေကို မော်နီတာကြည့်ပြီး ဆုံးဖြတ်နိုင်အောင် လုပ်ပေးထားတာပါ။ ဒီကိစ္စက ရှင်းရှင်းလင်းလင်းပါပဲ။ ဘာလို့ VAR ပြန်မကြည့်လဲဆိုတာ နားမလည်နိုင်အောင် ဖြစ်မိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အက္စ္ပီလီက်ဴတာေခါင္းခုန္တိုက္လို႔မရေအာင္ မက္ဂြိဳင္းယား သိုင္းဖက္ထားတာက က်ိန္းေသပင္နယ္တီပါ-အီဗရာ

ခ်ဲလ္ဆီးေနာက္ခံလူ အက္စ္ပီလီက်ဴတာကို လည္ပင္းနဲ႔ပခံုးကိုသိုင္းဖက္ထားၿပီး ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့ မက္ဂြိဳင္းယားရဲ႕လုပ္ပံုက ပင္နယ္တီမရခဲ့တဲ့ကိစၥအေပၚ ရုပ္သံအစီအစဥ္ေၾကညာသူေတြျဖစ္တဲ့ မန္ယူေနာက္ခံလူေဟာင္း အီဗရာနဲ႔ ခ်ဲလ္ ဆီးတိုက္စစ္မွဴးေဟာင္း ဟယ္ဆယ္ဘိန္႔စ္တို႔ ၂ ဦးစလံုးက ကြင္းလယ္ဒိုင္လူႀကီး ကို ေ၀ဖန္ျပစ္တင္သြားခဲ့ပါတယ္။

ပထမပိုင္းပြဲကစားခ်ိန္အတြင္းမွာ ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ အက္စ္ပီလီက်ဴတာကို မက္ဂြိဳင္းယားက ေနာက္ကေနသိုင္းဖက္ထား ၿပီး ျပစ္ဒဏ္က်ဴးလြန္တာကို ရုပ္သံျပကြက္ေတြမွာ ရွင္းရွင္းလင္းလင္းျမင္ေတြ႕ခဲ့ရ ေပမယ့္ ပင္နယ္တီျပစ္ဒဏ္အျဖစ္ သတ္မွတ္မခံခဲ့ရပါဘူး။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဟက္ဆယ္ဘိန္႔စ္က ဒါဟာ ပင္နယ္တီဆိုတာ ရာႏႈန္းျပည့္ေသခ်ာၿပီး မက္ဂြိဳင္း ယား ဘာလုပ္ခဲ့လဲဆိုတာ လူတိုင္းျမင္ႏိုင္တဲ့အေၾကာင္း ေ၀ဖန္သြားခဲ့တာပါ။

မန္ယူကစားသမားေဟာင္းျဖစ္ေပမယ့္ အီဗရာကလည္း ဘက္လုိက္မႈမရွိဘဲ ဟက္ဆယ္ဘိန္႔စ္ရဲ႕ေ၀ဖန္ခ်က္အေပၚ ေထာက္ခံမွတ္ခ်က္ေပးသြားခဲ့ပါတယ္။ အီဗရာက “ကၽြန္ေတာ္က နပန္းပြဲေတြၾကည့္ေနက်ပါ။

ဒါေပမဲ့ အခုျမင္ကြင္းက ေတာ့ ပင္နယ္တီဧရိယာအတြင္းမွာျဖစ္တာေၾကာင့္ ဒါဟာ ပင္နယ္တီပါပဲ။ မက္ဂြိဳင္းယားက အက္စ္ပီလီက်ဴတာကို ေခါင္းခုန္တိုက္လို႔မရေအာင္ သိုင္းဖက္ဖိ ခ်ထားခဲ့တာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အီဗရာဟာ ၿပီးခဲ့တဲ့စပါးအသင္းနဲ႔ပြဲ မွာ မန္ယူ ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီး အသင္းသားေတြနဲ႔ဘုတ္အဖြဲ႕ကို ျပင္းျပင္းထန္ထန္ ေ၀ဖန္ခဲ့သလို ပီအက္စ္ဂ်ီကိုအႏိုင္ရတဲ့ပြဲအၿပီးမွာလည္း ဆိုရွယ္မီဒီယာေပၚမွာ ၀မ္းသာအားရကကြက္ေတြ ျပဳလုပ္ေနတဲ့ဗီဒီယိုဖုိင္ကိုတင္ခဲ့ၿပီး အသင္းကို အား ေပးခဲ့တာပါ။

ဒီေန႔ပြဲမွာေတာ့ မက္ဂြိဳင္းယားရဲ႕ျပစ္ဒဏ္က်ဴးလြန္တာကို ဘက္မ လိုက္ဘဲ အခုလိုေ၀ဖန္ေထာက္ျပခဲ့တဲ့အတြက္ မန္ယူအေပၚခ်စ္တဲ့စိတ္ရွိေပမယ့္ အမွန္တရားအေပၚ လက္ကိုင္ထားတဲ့ အီဗရာကို ေဘာလံုးပရိသတ္ေတြက ခ်ီးက်ဴးေျပာဆုိေနၾကပါတယ္။

ကာယကံရွင္အက္စ္ပီလီက်ဴတာကလည္း “ဆံုးျဖတ္ခ်က္ကို ဒိုင္လူႀကီးက ခ်ရမွာပါ။ VAR ကေတာ့ သူ႕ကိုအကူအညီေပးရုံပါပဲ။ သူ ေသခ်ာမျမင္လိုက္တဲ့ ကိစၥေတြကို ေမာ္နီတာၾကည့္ၿပီး ဆံုးျဖတ္ႏိုင္ေအာင္ လုပ္ေပးထားတာပါ။ ဒီကိစၥက ရွင္းရွင္းလင္းလင္းပါပဲ။ ဘာလို႔ VAR ျပန္မၾကည့္လဲဆိုတာ နားမလည္ႏိုင္ေအာင္ ျဖစ္မိပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။