အက်ဒ်ဝုဒ်ဝဒ်ကို အရူးလုပ်နေတဲ့ ဒေါ့မွန်အသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ အပြောင်းအရွေ့ကာလတုန်းက ဆန်ချိုခေါ်ယူရေးနဲ့ ပတ်သက်ပြီး နာမည်ကြီး ထမင်းငတ်ဖြစ်ခဲ့ရတဲ့ ယူနိုက်တက်အသင်းအတွက် သတင်းတွေက မပြီးသေးပါဘူး။ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ့မွန်ကြယ်ပွင့်ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တလျှောက်လုံး ယူနိုက်တက်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့အတွက် ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ယူနိုက်တက်အသင်းကို ၎င်းတို့ တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ကျော်နဲ့ ဆန်ချိုကို ခေါ်နိုင်ကြောင်းပြောထားတာပါ။ ဒါပေမယ့် ယူနိုက်တက်ဖက်ကလည်း အဲလောက်ငွေကြေးပမာဏကို မသုံးနိုင်ပါဘူး။ ဒီထက်နည်းတဲ့ ဈေးနဲ့သာ ညှိနှိုင်းတာတွေလုပ်ဆောင်ခဲ့တာပါ။ ဒေါ့မွန်ကလည်း လုံးဝကို အလျှော့မပေးပါဘူး။ဈေးကွက်မပိတ်ခင်အထိ ခေါ်ယူနိုင်နိုး၊ ခေါ်ယူနိုင်နိုးဖြစ်ခဲ့ရတဲ့ ဆန်ချိုဟာ နောက်ဆုံးတော့ ဒေါ့မွန်သောင်ကမ်းကနေ ခွာမရဖြစ်ခဲ့ပါတယ်။

ခေါ်မရတော့ဘူးဆိုရင် ကိစ္စကပြီးပြတ်နေပြီဖြစ်ပေမယ့် ယူနိုက်တက်ကတာဝန်ရှိသူတွေ၊ ဒေါ့မွန်က တာဝန်ရှိသူတွေနဲ့ အနောက်ကမ္ဘာက ဘောလုံးမီဒီယာတွေရဲ့ နိုးဆွပေးမှုတွေကြောင့် ခုချိန်ထိ ဆန်ချို ခေါ်ယူရေးကိစ္စက ဇာတ်လမ်းတွဲလိုပေရှည်နေတာပါ။ ဟိုတလောကပဲ ဒေါ့မွန်ဘက်ကဆန်ချိုနဲ့ပတ်သက်ပြီးနောက်ထပ်အပြောင်းအရွှေ့မှာ ပေါင်သန်း၁၀၀ အထက်ပိုပေးရင်တောင် ဆန်ချိုကို လုံးဝမရောင်းကြောင်းပြောဆိုထားပါသေးတယ်။ ဒါကြောင့် ယူနိုက်တက်ရဲ့ ဆန်ချိုခေါ်ယူရေးအိပ်မက်ဟာ ပိုလို့ဝေးကွာသလိုဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် အခုထပ်ကြားရတဲ့ သတင်းတွေအရတော့ အဲဒီလိုမဟုတ်ပြန်ပါဘူး။ အခုအခါဒေါ့မွန်အသင်းစီအီးအိုက အသင်းမှာ ရောင်းလို့မရတဲ့ကစားသမားမရှိဘူးလို့ ပြောဆိုလာပြန်တာကြောင့် ဆန်ချိုကို ခေါ်ယူမယ့် ယူနိုက်တက်ရဲ့မျှော်လင့်ချက်ဟာ ပြန်မြင့်တက်လာခဲ့ပြန်ပါတယ်။ ဒေါ့မွန်စီအီးအို ဟန်ဂျိုအာဂျင်ဝက်ဇ်ကီက ဆန်ချိုနဲ့ပတ်သက်ပြီး အသင်းရဲ့အနေအထားက မှားယွင်းတဲ့အတွေးအမြင်ဖြစ်ခဲ့ပေမယ့် ကစားသမားတိုင်းမှာ သတ်မှတ်တန်ဖိုးရှိတယ်လို့ ပြောဆိုပြီး ယူနိုက်တက်နဲ့ အခြားအသင်းတွေအတွက် ကစားသမားခေါ်ယူရေးအိပ်မက်ကိုပြန်ပြီး မက်ခိုင်းစေပြန်ပါတယ်။

“သူတို့တွေက အခြေအနေကို အမြင်မှားခဲ့တာပါ။ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့သတ်မှတ်ချက်ရှိပါတယ်။နောက်နွေရာသီမှာလည်း သတ်မှတ်ချက်တွေအတိုင်းဆက်လုပ်သွားမှာပါ။ဘောလုံးလောကမှာ ခင်ဗျား တို့အနေနဲ့ကစားသမားတစ်ယောက်ကို လုံးဝမ ရောင်းချဘူးလို့ဘယ်တော့မှ ပြောလို့မရနိုင်ပါဘူး။”

“ကျွန်တော်လည်း ဆန်ချိုနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကြားခဲ့၊ ဖတ်ခဲ့ရပါတယ်။ အခုတော့သူက ဒီမှာရှိနေတာပေါ့။ ဒါကလည်း ကျွန်တော်တို့ သူနဲ့ သဘောတူညီမှုရရှိခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။ ဒေါ့မွန်ဘက်ကတာဝန်ရှိသူတွေအနေနဲ့ ယူနိုက်တက်က တာဝန်ရှိသူတွေကို အရူးလုပ်တမ်း ကစားနေတာလား၊ တကယ်ပဲ ကစားသမားခေါ်ယူရေးကိစ္စကို လမ်းဖွင့်ပေးထားတာလားဆိုတာကတော့ နောက်အပြောင်းအရွှေ့ကာလမှာ စောင့်ကြည့်ရပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အက္ဒ္၀ုဒ္၀ဒ္ကို အ႐ူးလုပ္​ေနတဲ့ ​ေဒါ့မြန္အသင္း

ၿပီးခဲ့တဲ့ အ​ေျပာင္းအ​ေ႐ြ႕ကာလတုန္းက ဆန္ခ်ိဳေခၚယူ​ေရးနဲ႔ ပတ္သက္ၿပီး နာမည္ႀကီး ထမင္းငတ္ျဖစ္ခဲ့ရတဲ့ ယူႏိုက္တက္အသင္းအတြက္ သတင္း​ေတြက မၿပီး​​ေသးပါဘူး။ အသက္ ၂၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ​ေဒါ့မြန္ၾကယ္ပြင့္ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္တေလွ်ာက္လုံး ယူႏိုက္တက္ရဲ႕ ထိပ္တန္းပစ္မွတ္ျဖစ္ခဲ့ၿပီး အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ယူႏိုက္တက္နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။ ​​

ေဒါ့မြန္အသင္းဟာ ယူႏိုက္တက္အသင္းကို ၎တို႔ ေတာင္းဆိုထားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀​ေက်ာ္နဲ႔ ဆန္ခ်ိဳကို ​ေခၚႏိုင္​​ေၾကာင္း​ေျပာထားတာပါ။ ဒါ​ေပမယ့္ ယူႏိုက္တက္ဖက္ကလည္း အဲ​ေလာက္​ေငြ​ေၾကးပမာဏကို မသုံးႏိုင္ပါဘူး။ ဒီထက္နည္းတဲ့ ​ေစ်းနဲ႔သာ ညႇိႏႈိင္းတာ​​ေတြလုပ္​ေဆာင္ခဲ့တာပါ။ ​ေဒါ့မြန္ကလည္း လုံး၀ကို အ​ေလွ်ာ့မ​ေပးပါဘူး။ေစ်းကြက္မပိတ္ခင္အထိ ​​ေခၚယူႏိုင္ႏိုး၊ ​ေခၚယူႏိုင္ႏိုးျဖစ္ခဲ့ရတဲ့ ဆန္ခ်ိဳဟာ ​ေနာက္ဆုံး​ေတာ့ ​ေဒါ့မြန္​ေသာင္ကမ္းက​ေန ခြာမရျဖစ္ခဲ့ပါတယ္။ ​

ေခၚမရ​ေတာ့ဘူးဆိုရင္ ကိစၥကၿပီးျပတ္​ေနၿပီျဖစ္​ေပမယ့္ ယူႏိုက္တက္ကတာ၀န္ရွိသူ​ေတြ၊ ​ေဒါ့မြန္က တာ၀န္ရွိသူ​ေတြနဲ႔ အ​ေနာက္ကမာၻက ​ေဘာလုံးမီဒီယာ​ေတြရဲ႕ ႏိုးဆြ​ေပးမႈ​ေတြ​ေၾကာင့္ ခုခ်ိန္ထိ ဆန္ခ်ိဳ ​ေခၚယူ​ေရးကိစၥက ဇာတ္လမ္းတြဲလို​ေပရွည္​ေနတာပါ။ ဟိုတ​ေလာကပဲ ​ေဒါ့မြန္ဘက္ကဆန္ခ်ိဳနဲ႔ပတ္သက္ၿပီး​ေနာက္ထပ္အ​ေျပာင္းအ​ေ႐ႊ႕မွာ ​ေပါင္သန္း၁၀၀ အထက္ပို​ေပးရင္​ေတာင္ ဆန္ခ်ိဳကို လုံး၀မ​ေရာင္း​ေၾကာင္း​ေျပာဆိုထားပါ​​ေသးတယ္။ ဒါ​ေၾကာင့္ ယူႏိုက္တက္ရဲ႕ ဆန္ခ်ိဳ​ေခၚယူ​ေရးအိပ္မက္ဟာ ပိုလို႔​​ေ၀းကြာသလိုျဖစ္ခဲ့ရပါတယ္။

ဒါ​ေပမယ့္ အခုထပ္ၾကားရတဲ့ သတင္း​ေတြအရ​ေတာ့ အဲဒီလိုမဟုတ္ျပန္ပါဘူး။ အခုအခါေဒါ့မြန္အသင္းစီအီးအိုက အသင္းမွာ ေရာင္းလို႔မရတဲ့ကစားသမားမရွိဘူးလို႔ ​ေျပာဆိုလာျပန္တာ​ေၾကာင့္ ဆန္ခ်ိဳကို ေခၚယူမယ့္ ယူႏိုက္တက္ရဲ႕ေမွ်ာ္လင့္ခ်က္ဟာ ျပန္ျမင့္တက္လာခဲ့ျပန္ပါတယ္။ ေဒါ့မြန္စီအီးအို ဟန္ဂ်ိဳအာဂ်င္ဝက္ဇ္ကီက ဆန္ခ်ိဳနဲ႔ပတ္သက္ၿပီး အသင္းရဲ႕အေနအထားက မွားယြင္းတဲ့အေတြးအျမင္ျဖစ္ခဲ့ေပမယ့္ ကစားသမားတိုင္းမွာ သတ္မွတ္တန္ဖိုးရွိတယ္လို႔ ​ေျပာဆိုၿပီး ယူႏိုက္တက္နဲ႔ အျခားအသင္း​ေတြအတြက္ ကစားသမား​ေခၚယူ​​ေရးအိပ္မက္ကိုျပန္ၿပီး မက္ခိုင္း​ေစျပန္ပါတယ္။

“သူတို႔ေတြက အေျခအေနကို အျမင္မွားခဲ့တာပါ။ ကြၽန္ေတာ္တို႔မွာ ရွင္းလင္းတဲ့သတ္မွတ္ခ်က္ရွိပါတယ္။ေနာက္ေႏြရာသီမွာလည္း သတ္မွတ္ခ်က္​ေတြအတိုင္းဆက္လုပ္သြားမွာပါ။​ေဘာလုံးေလာကမွာ ခင္ဗ်ား တို႔အ​ေနနဲ႔ကစားသမားတစ္ေယာက္ကို လုံးဝမ ေရာင္းခ်ဘူးလို႔ဘယ္ေတာ့မွ ေျပာလို႔မရႏိုင္ပါဘူး။”

“ကြၽန္ေတာ္လည္း ဆန္ခ်ိဳနဲ႔ ပတ္သက္တဲ့ သတင္းေတြကို ၾကားခဲ့၊ ဖတ္ခဲ့ရပါတယ္။ အခု​ေတာ့သူက ဒီမွာရွိေနတာ​ေပါ့။ ဒါကလည္း ကြၽန္ေတာ္တို႔ သူနဲ႔ သေဘာတူညီမႈရရွိခဲ့လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ​ေဒါ့မြန္ဘက္ကတာ၀န္ရွိသူ​ေတြအ​ေနနဲ႔ ယူႏိုက္တက္က တာ၀န္ရွိသူ​ေတြကို အ႐ူးလုပ္တမ္း ကစား​ေနတာလား၊ တကယ္ပဲ ကစားသမား​ေခၚယူ​ေရးကိစၥကို လမ္းဖြင့္​ေပးထားတာလားဆိုတာက​ေတာ့ ​ေနာက္အ​ေျပာင္းအ​ေ႐ႊ႕ကာလမွာ ​ေစာင့္ၾကည့္ရပါမယ္။