အက်ဖ်အေဖလားပွဲစဉ်မှာ အရှက်တကွဲဖြစ်ခဲ့ရတဲ့ ဘီယဲလ်ဆာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မာဆယ်ဘို ဘီယဲလ်ဆာရဲ့ လိဒ်ယူနိုက်တက် အသင်းဟာ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ လိဂ် ( ၂ ) ကလပ် Crawley Town အသင်းကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပါတယ်။ ပထမပိုင်းမှာ လိဒ်အသင်းက ခြေစွမ်းပိုင်း အသားစီးအနေအထားနဲ့ ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ Nick Tsaroulla , Ashley Nadesan နှင့် Jordan Tunnicliffee တို့က Crawley အသင်းအတွက် သွင်းဂိုးတွေ ရယူပေးခဲ့ကြပြီး ( 3- 0 ) ရလာဒ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ကြပါတယ်။

လိဂ် ( ၂ ) အသင်းအနေနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြိုင်ဘက်ကို လာမယ့် တနင်္လာနေ့ မဲခွဲပွဲအပြီးမှာ သိရှိမှာဖြစ်ပြီး လိဒ်အသင်းကတော့ လာမယ့် အပတ် ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ယခုလို စိတ်ပျက်စရာ ရလာဒ်တစ်ခု ကြုံတွေခဲ့တာ ဖြစ်ပါတယ်။

ပွဲစဉ်အပြီး BBC Sport က မေးမြန်းရာမှာ ဘီယဲလ်ဆာက ” ကျွန်တော်တို့ တိုက်စစ်ဆင်တဲ့အခါ အသင်းကို ဟန်ချက်ညီအောင် မထိန်းထားနိုင်ခဲ့ပါဘူး။ ဘောလုံးကို အကြာကြီးကိုင်ပြီး ကစားထားနိုင်ခဲ့ပေမယ့် ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ” လို့ ပြောကြားခဲ့ပါတယ်။ ” ပထမပိုင်းမှာ ပြိုင်ဘက်အသင်းထက် ပိုကောင်းမွန်ခဲ့တယ်။ ဒါပေမယ့် ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး ။ ”

” ပြီးတော့ ဒုတိယပိုင်းမှာ ပြိုင်ဘက်အသင်းက လိုချင်တဲ့ အနေအထားအတိုင်း ကစားခဲ့သလို ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ သွင်းယူခဲ့တဲ့ ဂိုးတွေလောက် ထိုက်တန်တဲ့ အခွင့်အရေးတွေ မဖန်တီးပေးနိုင်ခဲ့ပါဘူး။ ” ယခု ပွဲစဉ် ရလာဒ်က ကျွန်တော်တို့ကို အရမ်းပဲ စိတ်ပျက် ဝမ်းနည်းစေပါတယ်။ ”

Crawley အနေနဲ့ ထင်မှတ်မထားတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့သလား ဆိုတဲ့ မေးခွန်းအပေါ် ဘီယဲဆာက ” ဒါက အံ့သြရမယ့် အရာမဟုတ်ပါဘူး။ကစားသမားတွေ အကြောင်းကို သိပါတယ်။ ဒီပြိုင်ဘက်အသင်းကလည်း အခြားသော ပြိုင်ဘက်အသင်းတွေလိုပါပဲ ။ ” ဟု ပြောကြားခဲ့ပါတယ်။ Source : metro

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မာဆယ္ဘို ဘီယဲလ္ဆာရဲ႕ လိဒ္ယူႏိုက္တက္ အသင္းဟာ အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္မွာ လိဂ္ ( ၂ ) ကလပ္ Crawley Town အသင္းကို ဒုတိယပိုင္းသြင္းဂိုးေတြနဲ႔ အရွက္တကြဲ အေရးနိမ့္ခဲ့ပါတယ္။ ပထမပိုင္းမွာ လိဒ္အသင္းက ေျခစြမ္းပိုင္း အသားစီးအေနအထားနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ Nick Tsaroulla , Ashley Nadesan ႏွင့္ Jordan Tunnicliffee တို႔က Crawley အသင္းအတြက္ သြင္းဂိုးေတြ ရယူေပးခဲ့ၾကၿပီး ( 3- 0 ) ရလာဒ္နဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၾကပါတယ္။ လိဂ္ ( ၂ ) အသင္းအေနနဲ႔ အက္ဖ္ေအဖလား စတုတၳအဆင့္ ၿပိဳင္ဘက္ကို လာမယ့္ တနလၤာေန႔ မဲခြဲပြဲအၿပီးမွာ သိရွိမွာျဖစ္ၿပီး လိဒ္အသင္းကေတာ့ လာမယ့္ အပတ္ ဘ႐ိုက္တန္အသင္းနဲ႔ ပြဲစဥ္မတိုင္မီ ယခုလို စိတ္ပ်က္စရာ ရလာဒ္တစ္ခု ႀကဳံေတြခဲ့တာ ျဖစ္ပါတယ္။

ပြဲစဥ္အၿပီး BBC Sport က ေမးျမန္းရာမွာ ဘီယဲလ္ဆာက ” ကြၽန္ေတာ္တို႔ တိုက္စစ္ဆင္တဲ့အခါ အသင္းကို ဟန္ခ်က္ညီေအာင္ မထိန္းထားႏိုင္ခဲ့ပါဘူး။ ေဘာလုံးကို အၾကာႀကီးကိုင္ၿပီး ကစားထားႏိုင္ခဲ့ေပမယ့္ ထိထိေရာက္ေရာက္ တိုက္စစ္ဆင္ႏိုင္ခဲ့ျခင္း မရွိပါဘူး။ ” လို႔ ေျပာၾကားခဲ့ပါတယ္။ ” ပထမပိုင္းမွာ ၿပိဳင္ဘက္အသင္းထက္ ပိုေကာင္းမြန္ခဲ့တယ္။ ဒါေပမယ့္ ထိေရာက္တဲ့ ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ႏိုင္ခဲ့ပါဘူး ။ ” ” ၿပီးေတာ့ ဒုတိယပိုင္းမွာ ၿပိဳင္ဘက္အသင္းက လိုခ်င္တဲ့ အေနအထားအတိုင္း ကစားခဲ့သလို ျဖစ္သြားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ သူတို႔ သြင္းယူခဲ့တဲ့ ဂိုးေတြေလာက္ ထိုက္တန္တဲ့ အခြင့္အေရးေတြ မဖန္တီးေပးႏိုင္ခဲ့ပါဘူး။ ” ယခု ပြဲစဥ္ ရလာဒ္က ကြၽန္ေတာ္တို႔ကို အရမ္းပဲ စိတ္ပ်က္ ဝမ္းနည္းေစပါတယ္။ ”

Crawley အေနနဲ႔ ထင္မွတ္မထားတဲ့ စြမ္းေဆာင္ရည္ေတြ ျပသခဲ့သလား ဆိုတဲ့ ေမးခြန္းအေပၚ ဘီယဲဆာက ” ဒါက အံ့ၾသရမယ့္ အရာမဟုတ္ပါဘူး။ကစားသမားေတြ အေၾကာင္းကို သိပါတယ္။ ဒီၿပိဳင္ဘက္အသင္းကလည္း အျခားေသာ ၿပိဳင္ဘက္အသင္းေတြလိုပါပဲ ။ ” ဟု ေျပာၾကားခဲ့ပါတယ္။ Source : metro